အစ္မျဖစ္သူအတြက္ G-Dragon ရဲ ႔ထူးထူးျခားျခားလက္ေဆာင္

နာမည္ေက်ာ္အဆုိေတာ္တစ္ေယာက္ျဖစ္တဲ႔ G-Dragon ရဲ ႔အစ္မျဖစ္သူအေပၚထားတဲ႔ အခ်စ္ကုိ ပရိသတ္ေတြက အံ႔ၾသေနၾကပါတယ္။ႏႈတ္ကေန ခ်စ္တယ္ဆုိတာကုိေျပာေနစရာမလိုပဲ သက္ေသျပလိုက္သလိုပါပဲ။

ႏို၀င္ဘာ ၁ရက္ေန႔က Soompi မီဒီယာကေန ေမာင္ႏွမႏွစ္ေယာက္ရဲ႔အခ်စ္ကုိေဖာ္ျပလာခဲ႔ပါတယ္။G-Dragon ဟာ အခုလက္ရွိ စစ္မႈထမ္းေဆာင္ေနတာျဖစ္ျပီး သူ႔ရဲ႔အစ္မျဖစ္သူ လာေတြ႔တဲ႔အခ်ိန္မွာ လက္ေဆာင္ေလးတစ္ခုေပးခဲ႔ပါတယ္တဲ႔။

သူ႔ရဲ႔အစ္မ Kwon Dami ဟာ အင္စတာဂရမ္မွာ “You’re more than qualified to be loved. So sweet @xxxibgdrgn” ဆုိျပီး ေရးထားပါတယ္။သူ႔ေမာင္ေလးဟာ အခ်စ္ခံရဖုိ႔ လိုအပ္တဲ႔အရည္အခ်င္းေတြထက္ေတာင္ပုိျပီးသာလြန္ေနပါတယ္ေပါ့။လက္ေဆာင္ေလးကေတာ့ တန္ဖုိးၾကီးမဟုတ္ပါဘူး။ေဆာင္းဦးရာသီမွာေၾကြတတ္တဲ႔ သစ္ရြက္ေလးပါ။အဲ႔ဒီလုိသစ္ရြက္ေလးေတြဟာ စက္တင္ဘာလနဲ႔ႏုိ၀င္ဘာလၾကား က်ေရာက္တဲ႔ေဆာင္းဦးရာသီ ၾကားကာလေလးမွာ ေၾကြတတ္ျပီး နဂိုမူလအစိမ္းေရာင္ကေန ေဆာင္းရာသီ၀င္စရက္ေတြမွာဆုိ အနီ၊အ၀ါ၊ခရမ္း၊အမည္း၊လိေမၼာ္၊ပန္းေရာင္၊အျပာေရာင္၊အညိဳေရာင္စသျဖင့္ အေရာင္အမ်ိဳးမ်ိဳးေျပာင္းသြားတတ္ပါတယ္။

အင္စတာဂရမ္စတုိရီမွာလည္း “ဘယ္လိုေတာင္ခ်စ္တတ္တဲ႔အမ်ိဳးသားလဲ…ခ်စ္ဖုိ႔ေကာင္းလိုက္တာ။ကြ်န္မေမာင္မဟုတ္ပဲ ဒီလုိခ်စ္ခင္ႏွစ္လိုဖြယ္ေကာင္းတဲ႔အမ်ိဳးသားမ်ိဳး တစ္ျခားဘယ္သူမ်ားရွိပါဦးမလဲ? သူကြ်န္မကုိ ေပးဖုိ႔လက္ေဆာင္ရွိတယ္လုိ႔ေျပာျပီး လက္ထဲကုိ ဒီသစ္ရြက္ေလးထည့္ေပးခဲ႔တာ။အရမ္းခ်စ္ဖုိ႔ေကာင္းတာပဲ”ဆုိျပီးေရးသားခဲ့ပါတယ္။

ေဆာင္းဦးရာသီသေကၤတထူးျခားတဲ႔သစ္ရြက္ေၾကြေလးကုိ အစ္မျဖစ္သူအတြက္လက္ေဆာင္ဆုိျပီး
သိမ္းဆည္းထားျပီး ေပးခဲ႔တာေလးက တန္ဖုိးၾကီးပစၥည္းထက္ေတာင္ပုိျပီး မွတ္မွတ္ရရျဖစ္ပါေသးတယ္။ပရိသတ္ေတြက “ခ်စ္ဖုိ႔ေကာင္းလိုက္တဲ႔ေမာင္” “ရုိမန္တစ္ဆန္တဲ႔ေကာင္ေလးပဲ” “ကမာၻေပၚမွာ ခ်စ္ဖို႔အေကာင္းဆံုးအမ်ိဳးသား။ဒီလုိေမာင္ေလးမ်ိဳး ပုိင္ဆုိင္ထားတာမင္းအရမ္းကံေကာင္းတယ္။ငါတုိ႔ သူ႔ကုိအရမ္းလြမ္းေနတာ။မင္းလည္း သူ႔ကုိလြမ္းေနမယ္ဆုိတာေသခ်ာပါတယ္” စသျဖင့္ ေကာမန္႔ေတြမ်ိဳးစံုေရးသားကာ ေမာင္ႏွမႏွစ္ေယာက္ကုိခ်စ္ခင္ေၾကာင္းေဖာ္ျပထားၾကပါတယ္။

Unicode

နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ G-Dragon ရဲ ့အစ်မဖြစ်သူအပေါ်ထားတဲ့ အချစ်ကို ပရိသတ်တွေက အံ့သြနေကြပါတယ်။နှုတ်ကနေ ချစ်တယ်ဆိုတာကိုပြောနေစရာမလိုပဲ သက်သေပြလိုက်သလိုပါပဲ။

နိုဝင်ဘာ ၁ရက်နေ့က Soompi မီဒီယာကနေ မောင်နှမနှစ်ယောက်ရဲ့အချစ်ကိုဖော်ပြလာခဲ့ပါတယ်။G-Dragon ဟာ အခုလက်ရှိ စစ်မှုထမ်းဆောင်နေတာဖြစ်ပြီး သူ့ရဲ့အစ်မဖြစ်သူ လာတွေ့တဲ့အချိန်မှာ လက်ဆောင်လေးတစ်ခုပေးခဲ့ပါတယ်တဲ့။

သူ့ရဲ့အစ်မ Kwon Dami ဟာ အင်စတာဂရမ်မှာ “You’re more than qualified to be loved. So sweet @xxxibgdrgn” ဆိုပြီး ရေးထားပါတယ်။သူ့မောင်လေးဟာ အချစ်ခံရဖို့ လိုအပ်တဲ့အရည်အချင်းတွေထက်တောင်ပိုပြီးသာလွန်နေပါတယ်ပေါ့။လက်ဆောင်လေးကတော့ တန်ဖိုးကြီးမဟုတ်ပါဘူး။ဆောင်းဦးရာသီမှာကြွေတတ်တဲ့ သစ်ရွက်လေးပါ။အဲ့ဒီလိုသစ်ရွက်လေးတွေဟာ စက်တင်ဘာလနဲ့နိုဝင်ဘာလကြား ကျရောက်တဲ့ဆောင်းဦးရာသီ ကြားကာလလေးမှာ ကြွေတတ်ပြီး နဂိုမူလအစိမ်းရောင်ကနေ ဆောင်းရာသီဝင်စရက်တွေမှာဆို အနီ၊အဝါ၊ခရမ်း၊အမည်း၊လိမ္မော်၊ပန်းရောင်၊အပြာရောင်၊အညိုရောင်စသဖြင့် အရောင်အမျိုးမျိုးပြောင်းသွားတတ်ပါတယ်။

အင်စတာဂရမ်စတိုရီမှာလည်း “ဘယ်လိုတောင်ချစ်တတ်တဲ့အမျိုးသားလဲ…ချစ်ဖို့ကောင်းလိုက်တာ။ကျွန်မမောင်မဟုတ်ပဲ ဒီလိုချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့အမျိုးသားမျိုး တစ်ခြားဘယ်သူများရှိပါဦးမလဲ? သူကျွန်မကို ပေးဖို့လက်ဆောင်ရှိတယ်လို့ပြောပြီး လက်ထဲကို ဒီသစ်ရွက်လေးထည့်ပေးခဲ့တာ။အရမ်းချစ်ဖို့ကောင်းတာပဲ”ဆိုပြီးရေးသားခဲ့ပါတယ်။

ဆောင်းဦးရာသီသင်္ကေတထူးခြားတဲ့သစ်ရွက်ကြွေလေးကို အစ်မဖြစ်သူအတွက်လက်ဆောင်ဆိုပြီး
သိမ်းဆည်းထားပြီး ပေးခဲ့တာလေးက တန်ဖိုးကြီးပစ္စည်းထက်တောင်ပိုပြီး မှတ်မှတ်ရရဖြစ်ပါသေးတယ်။ပရိသတ်တွေက “ချစ်ဖို့ကောင်းလိုက်တဲ့မောင်” “ရိုမန်တစ်ဆန်တဲ့ကောင်လေးပဲ” “ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးအမျိုးသား။ဒီလိုမောင်လေးမျိုး ပိုင်ဆိုင်ထားတာမင်းအရမ်းကံကောင်းတယ်။ငါတို့ သူ့ကိုအရမ်းလွမ်းနေတာ။မင်းလည်း သူ့ကိုလွမ်းနေမယ်ဆိုတာသေချာပါတယ်” စသဖြင့် ကောမန့်တွေမျိုးစုံရေးသားကာ မောင်နှမနှစ်ယောက်ကိုချစ်ခင်ကြောင်းဖော်ပြထားကြပါတယ်။

787 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.