ခရမ်းချဉ်သီးဖျော်ရည်ဟာ ရင်သားကင်ဆာကို တားဆီးနိုင်

11.jpg

 

ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် ရင်သားကင်ဆာကို တားဆီးနိုင်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်သောက်ရင် ရင်သားကင်ဆာကို တွန်းလှန်နိုင်တဲ့ ဟော်မုန်း ပမာဏ တက်လာလို့ပါပဲ။

အသက် ၅၅နှစ်နဲ့အထက် အမျိုးသမီးအယောက် ၇၀ရဲ့ ဟော်မုန်းပမာဏကို သုတေသီတွေက တိုင်းတာခဲ့ပါတယ်။ ခရမ်းချဉ်သီး စားသုံးမှုပမာဏများတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ adiponectin ဟော်မုန်းပမာဏ ၉ရာခိုင်နှုန်းမြင့်တက်နေတာကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

“ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီး အခြေခံထုတ်လုပ်ထားတဲ့ စားသုံးကုန်တွေကို များများစားတာရဲ့ အကျိုးကျေးဇူးကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ အချိန်တို အတွင်းတောင် သိသာတယ်။” လို့ အမေရိကန် သုတေသီတွေက ပြောပါတယ်။

ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်သောက်ရင် လုံလောက်တဲ့ lycopene ပမာဏရရှိမှာဖြစ်ပြီး အဲ့ဒီ့ lycopene ဟာ ကျန်းမာရေးအကျိုးရလဒ်ကောင်း ဖြစ်ထွန်းစေပါတယ်။  Lycopene ဟာ ခရမ်းချဉ်သီးကို ရဲရဲနီစေပြီး ရင်သားကင်ဆာကိုလည်း တားဆီးပေးနိုင်တယ်လို့ ယုံကြည်ခံရပြီးဖြစ်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည် မကြိုက်တဲ့သူတွေအနေနဲ့ ခရမ်းချဉ်သီး စွပ်ပြုတ်၊ အီတလီခေါက်ဆွဲနဲ့ ခရမ်းချဉ်သီးအချဉ်ရည်၊ မှိုခရမ်းချဉ် အချဉ်ရည် တို့ကို စားသုံးနိုင်ပါတယ်။

Ref:dailymail

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.