အင်တာနက်ဆိုတာကြီးပေါ်မလာခင်ကလူတွေဘာများလုပ်ကြသလဲ…

အင်တာနက်တွေ၊ facebook ဆိုတာတွေ အခြားအခြားသော social မီဒီယာတွေ မထွန်းကားချိန်က လူတွေဘယ်အရာတွေအတွက်ဘာတွေကြိုးပမ်းခဲ့ရမလဲ၊ ဘယ်လိုနည်းလမ်းတွေကို သုံးခဲ့ကြမလဲ၊ဘယ်ဆို ဆက်နွယ်မှုတွေ လုပ်ခဲ့ကြသလဲဆိုတာ မမေ့သင့်ပဲ ရှိနေသင့်တဲ့ အရာပါ။ အင်တာနက်တွေ ဆိုရှယ်မီဒီယာတွေပေါ်ြ

1. စွယ်စုံကြမ်းတွေပြုစုရတယ်

စွယ်စုံကြမ်းတွေပြုစုရတယ်တစ်စုံတစ်ခုကို မှတ်ထားပြီးပြန်လည် ကြည့်ဖို့ ပြန်ပြီးအသုံးပြုဖို့ အခုခေတ်လို ဖုန်းထဲက Noteတွေ သိမ်းထားစရာ Memory disk တွေ ဘာတွေညာတွေ မဖြစ်ထွန်းသေးတော့တစ်ခုခုကို သိရှိသွားပြီးလေ့လာမှတ်သားတော့မယ်ဆိုရင် စာအုပ်ထဲမှာရေးမှတ်ပြီး ကြမ်းတွေပြုစုကြပါတယ်။ ဒီလိုကြမ်းတွေပြုစုပေးတဲ့ကျေးဇူးတွေကြောင့်လည်း ခုလိုခေတ်မှာ နည်းပညာတွေထွန်းကားလာပြီးအောင်မြင်နေတယ်ဆိုလည်းမမှားပါဘူး။

2. ဆက်သွယ်ဖို့အတွက်ရေးမှတ်ကြတယ်

 ဆက်သွယ်ဖို့အတွက်ရေးမှတ်ကြတယ်  တစ်ယောက်ယောက်စီကို ဆက်သွယ်ဖို့အတွက် စာအုပ်ထဲကနေ နံပါတ်ကိုရှာ ပြီးတော့ ဆက် ၊ အဲ ပြီးတဲ့အခါ သွားလေရာဒီဖုန်းစာအုပ်ကိုသယ်ပြီး နေရာအစုံကို သွားခဲ့ကြရတာပါ။ ကိုယ်တွေအခုခေတ်လို လိုင်းပေါ်တက်လိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့မလွယ်ကူပါဘူး။

3. မြေပုံတွေဆွဲပြီးအသုံးပြုရတယ်

 မြေပုံတွေဆွဲပြီးအသုံးပြုရတယ် အခုခေတ်လို GPS Applicationတွေ မပေါ်သေးတော့ တစ်နေရာရာကိုသွားချင်ရင် အဲ့နေရာအတွက်ဆွဲထားတဲ့မြေပုံကို ရှာပြီး ဘယ်ကဘယ်သွားရင်ဘယ်ရောက်မယ်ဆိုပြီး မြေပုံစာရွက်တကားကားကိုင်ကာ ကမ္ဘာ အနှံ့ ပတ်ခဲ့ကြဖူးပါတယ်။

4. အခွေချပ်တွေ က နေရာယူထားတယ်

 အခွေချပ်တွေ က နေရာယူထားတယ် ဖုန်းထဲမှာ ကြိုက်တဲ့သီချင်းကို Download ဆွဲပြီး နားထောင် ရမဲ့ခေတ်မဟုတ်တာကြောင့် CD ချပ်တွေဝယ်ပြီး နားထောင်ရကာ အိမ်တစ်အိမ်ရဲ့ TVစင်နားမှာ CD ချပ်တွေကို မြင်ရပါလိမ့်မယ်။

5. စာတကယ်ဖတ်ရမဲ့နေရာက စာကြည့်တိုက်လို့ပဲခံယူထားကြတယ်

 စာတကယ်ဖတ်ရမဲ့နေရာက စာကြည့်တိုက်လို့ပဲခံယူထားကြတယ် စာအုပ်ကောင်းကောင်းတွေ ဖတ်ချင်ရင် စာကြည့်တိုက်မှာပဲသွားပြီး ဖတ်တက်ကြတယ်။ အခုခေတ်လိုကြိက်တဲ့စာအုပ် down ပြီးဖတ်လို့ရတဲ့ခေတ် မဟုတ်ဘူးလေ။

6. စာတိုင်းကိုလက်နဲ့ရေးတယ်

စာတိုင်းကိုလက်နဲ့ရေးတယ်  အခုလို အင်တာနက်တွေ မီဒီယာတွေ အပေါ်သေးခင်မှာ ဘယ်အရာကို မဆို လက်နဲ့ရေးတာများတယ်။ ရုံစာလည်းလက်ရေးပဲ ကျောင်းစာလည်း လက်ရေးပဲ သဘောတူညီချက်စာချုပ်တွေရေးသားလည်းလက်ရေးပဲ အများဆုံး အသုံးပြုကြတယ်။ နောက်ပိုင်းမှသာ လက်နှိပ်စက်လိုဟာမျိုးပေါ်လာပြီး လက်ရေးနဲ့သုံးတဲ့ အကျင့်နည်းနည်းလျော့ကျသွားတာဖြစ်တယ်။

7. နေ့စဉ်သတင်းစာဖတ်တယ်

 နေ့စဉ်သတင်းစာဖတ်တယ်အင်တာနက်ပေါ် ကသတင်းတွေကို ကိုယ်တွေနေ့စဉ်တက်တက်ကြည့်သလိုပဲ ဒါတွေမပေါ်ခင်က နေ့စဉ်သတင်းဆိုတာမျိုးတွေကို သိချင်ရင် တစ်နေ့တစ်ကြိမ်တော့ အနည်းဆုံးသတင်းစာဖတ်ရပါတယ်။

8. အပြင်မှာကစားကြတယ်

 အပြင်မှာကစားကြတယ်အင်တာနက်ဂိမ်းတွေ Facebook တွေInstagram တွေ မပေါ်ခင်ဆိုတော့ ကလေးပဲဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ်သူတို့ရဲ့ ပျော်ရွှင် အနားယူမှုကိ အပြင်လောကမှာပို အသုံးချတက်ကြတယ်။

9. မျက်နှာချင်းဆိုင်စကားပြောဖြစ်ကြတယ်

မျက်နှာချင်းဆိုင်စကားပြောဖြစ်ကြတယ်

အင်တာနက်တွေ မထွန်းကားချိန်မှာလူတွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ်စကားပြောတဲ့ အခါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြောတက်တဲ့ အကျင့်ပိုရှိကြတယ်။ နောက်ပိုင်းနည်းပညာတွေထွန်းကားလာချိန်မှာ တိုးတက်လာတဲ့နည်းပညာနဲ့ခေတ်ရေစီးကြောင်းပေါ်လိုက်ပြီး လူတွေဟာ အိမ်က မိသားစုအချင်းချင်းတောင် မျက်နှာစုံညီ စကားပြောဖို့မေ့နေတက်ကြပြီး နည်းပညာရဲ့လွမ်းမိုးခြင်းကိုခံနေရပါတယ်။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.