ကိုယ်သွားစားတဲ့စားသောက်ဆိုင်ကအစားစာတွေက Ready Madeတွသုံးထားတာလား…🙄🙄🙄

အိမ်မှာ ချက်မစားချင်တဲ့နေ့အစားသောက်ကောင်းလေးတွေသွားစားကြမယ်ဆိုပြီး စဉ်းစားထားတဲ့နေ့ကြမှ ဆိုင်ကအစားစာတွေဟာ အသင့်စားစားသောက်ကုန်တွေနဲ့ချက်ထားလို့ စားလို့လည်းမကောင်းပိုက်ဆံလည်းကုန်ြ့ပီး စိတ်ညစ်ညစ်နဲ့အိမ်ပြန်လာဖူးလား။

1. မြန်ဆန်လွန်းနေတယ်

မြန်ဆန်လွန်းနေတယ်ကိုယ်မှာတဲ့အစားသောက်ဟာ မှာတဲ့အချိန်ကစပြီး ကျက်သင့်တဲ့အချိန်ထက် ပိုပြီးစောပြီးနေတာမျိုး ဆိုရင် ဒါအသင့်စားတွေသုံးထားသလားဆိုတာ သံသယ၀င်စရာတစ်ခုပါပဲ။ လက်ဝင်ပြီးလုပ်ရကြာတဲ့အစားစာတစ်ခုခုမှာတဲ့အချိန်မှာ လိုအပ်တဲ့အချိန်ထက်စောပြီးနေရင် ဒါသာမန်မဟုတ်ပါဘူး။

2. Menu လေးကိုလေ့လာကြည့်

Menu လေးကိုလေ့လာကြည့်        မစားခင်မှာmenu ကိုကြည့်တဲ့အချိန် ရနိုင်တဲ့အစားစာတွေဟာ သိပ်သိပ်သည်းသည်း စည်းစနစ်ကျကျ မဟုတ်ပဲ အမယ်တွေများပြီး ဗြဲလရမ်းနိုင်နေရင် သတိထားပါ။ အရမ်းများတဲ့အမယ်တွေရှိတဲ့ဆိုင်ဟာ စားဖိုမှူးကိုယ်တိုင် ချက်ပြုတ်မှုအားမရှိပဲ အသင့်စားအသုံးပြုမှုများနိုင်ပါတယ်။

3. အကြော်တွေများနေမယ်

အကြော်တွေများနေမယ် Menuထဲမှာပါတဲ့ အစားစာတော်တော်များများ ဟာ အကြော်တွေများနေတက်ပါတယ်။ ဥပမာ-Menu ထဲပါသမျှ အသား တွေ ပင်လယ်စားတွေဟာ အကြော်ကြီးပဲဆိုရင် သိပ် ပုံမှန်မဟုတ်တော့ပါဘူး။ အသင့်စားအရသာကို ဖုံးအောင် ဆီတွေနဲ့ကြော်ပြီးရောင်းတာမျိုးဖြစ်နိုင်ပါတယ်။ အာ့လိုအကြော်တွေရဲ့အရသာကလည်း နူးညံ့ကြွပ်ယွမှုမရှိပဲ မာဂလောက်ကြီးဖြစ်နေပါလိမ့်မယ်။

4. အစားထိုးခြင်းသိပ်မရှိဘူး

အစားထိုးခြင်းသိပ်မရှိဘူး

5. ရေခဲနံ့

ရေခဲနံ့  အသင့်စားအစားစာတွေကို ကိုယ်စားနေရတယ်ဆိုတာ အစားစာရဲ့ရေခဲနံ့ကပြောပြနေမှာပါ။ အမွေးကြိုင်တွေထည့်လို့မသိသာရင်တောင်စားရင်းနဲ့ အရသာမှာပေါ်လာပါလိမ့်မယ်။

တစ်ချို့ဆိုင်တွေမှာ စားဖိုမှူးတွေ ဆိုင်လုပ်သားတွေက သက်သာအောင်တစ်ကြောင်း ၊ ဆိုင်ရှင်တွေက ငွေခြွေတာတာတစ်ကြောင်းနဲ့ Readymade အသင့်စား အစားစာတွေကိုသုံးပြီးရောင်းတက်ကြတယ်။ ဒါဆို ကိုယ်သွားစားတဲ့ဆိုင်မှာရောင်းတဲ့အစားစာတွေဟာ အသင့်စား တွေသုံးထားတာလား လက်ဆတ်မှုရောရှိရဲ့လားဆိုတာ သိနိုင်စေမဲ့အချက်အနည်းငယ်ကိုဖော်ပြလိုက်ပါတယ်…

80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.