သလဲသီးေၾကာင့္ ရႏုိင္တဲ႔ဒီဆုိးက်ိဳးေတြကုိလည္း သိထားဖုိ႔လုိ…

ဘယ္အရာမဆုိ ေကာင္းက်ိဳးဆုိးက်ိဳးကတြဲဖက္ေနတာဆုိေတာ့ ဒီသလဲသီးမွာလည္းေကာင္းတဲ႔အခ်က္ေတြရွိသလုိ ဆုိးက်ိဳးေလးအနည္းငယ္လည္းရွိေနပါတယ္။ေကာင္းတဲ႔အခ်က္ေတြကေတာ့ ေတာ္ေတာ္မ်ားမ်ားသိျပီးေလာက္ျပီျဖစ္မွာပါ။ဒါေၾကာင့္ ဆုိးက်ိဳးျဖစ္ေစႏုိင္တဲ႔အခ်က္ေလးေတြကုိ က်န္းမာေရးဗဟုသုတအေနနဲ႔ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

*Allergic ျဖစ္ေစတယ္
သလဲသီးရဲ ႔ေဘးထြက္ဆုိးက်ိဳးတစ္ခုကေတာ့ Allergic ျဖစ္တာပါပဲ။သလဲသီးစားျပီး Allergic ျဖစ္ျပီဆုိရင္ ဘယ္လုိသိနုိင္မလဲဆုိေတာ့ခႏၶာကုိယ္ယားယံမႈ၊အေရျပားေရာင္ရမ္းမႈ၊လည္ေခ်ာင္းယားယံမႈ၊၀မ္းဗုိက္နာက်င္မႈ၊အသက္ရႈရခက္ခဲလာမႈ၊အဖုအပိန္႔ထလာမႈစတဲ႔လကၡဏာေတြကေနသိႏုိင္ပါတယ္။ဒီလုိလကၡဏာေတြျဖစ္လာျပီဆုိရင္ သလဲသီးကုိဆက္ျပီးမစားသင့္ေတာ့ပါဘူး။ကိုယ္၀န္ေဆာင္ခ်ိန္နဲ႔ ရင္ေသြးငယ္ႏုိ႔တိုက္ေကြ်းေနခ်ိန္မွာလည္းသလဲသီးစားတာမ်ိဳးေရွာင္သင့္ပါတယ္။မတည့္တဲ႔သူေတြဆုိရင္ ဆုိးဆုိး၀ါး၀ါးဓာတ္မတည့္မႈေတြျဖစ္လာႏုိင္ပါတယ္။

*ေသြးဖိအားက်ဆင္းေစတယ္
ေလ့လာခ်က္ေတြအရ သလဲသီးဟာ ေသြးဖိအားကုိက်ဆင္းေစပါတယ္။ဒါက လူအမ်ားစုအတြက္ေကာငး္တယ္ဆုိေပမဲ႔ ေသြးဖိအားနည္းတဲ႔လူေတြ၊ေသြးဖိအားပံုမွန္ျဖစ္ေအာင္၊မ်ားေအာင္ေဆးပညာနဲ႔ကုသေနတဲ႔သူေတြကေတာ့ သလဲသီးကုိေ၀းေ၀းေရွာင္သင့္ပါတယ္။

*အစာေခ်စနစ္ကုိအေႏွာင့္အယွက္ျဖစ္ေစတယ္
သလဲသီးဟာ အရသာရွိတဲ႔အတြက္လူအမ်ားစုႏွစ္သက္ၾကတဲ့အသီးတစ္မ်ိဳးလည္းျဖစ္ပါတယ္။ဒါေပမဲ႔ ၾကိဳက္တယ္ဆုိျပီးအမ်ားၾကီးမစားသင့္ပါဘူး။သလဲသီးကုိ အျမဲလိုလိုစားျဖစ္ေနတဲ႔အခါ ေအာ့အန္ခ်င္စိတ္ျဖစ္လာတာမ်ိဳး၊၀မ္းခ်ဳပ္တာမ်ိဳး၊ေလထုိးေလေအာင့္ျဖစ္တာမ်ိဳး၊အူလမ္းေၾကာင္းမွာတစ္ခုခု
ပိတ္ဆုိ႔ေနသလိုခံစားရတာမ်ိဳးျဖစ္လာတတ္ပါတယ္။ဒါေၾကာင့္ အမ်ားၾကီးမစားသင့္ပါဘူး။

*သံဓာတ္မ်ားျပားလာေစတယ္
သလဲသီးကုိၾကိဳက္တယ္ဆုိျပီး အျမဲစားျဖစ္တဲ႔အခါ သံဓာတ္မ်ားျပားလာပါတယ္။သံဓာတ္ဟာ ခႏၶာကိုယ္အတြက္လိုအပ္တဲ႔ဓာတ္တစ္ခုပါ။ဒါေပမဲ႔လည္းအရမ္းမ်ားလာတဲ႔အခါ ခႏၶာကုိယ္ကုိအေႏွာင့္အယွက္ျဖစ္လာေစပါတယ္။ေမာပန္းႏြမ္းနယ္လာတာ၊အသားအရည္ျဖဴေဖ်ာ့လာတာ၊အသက္ရႈရတာခက္ခဲလာတာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။ဒါ့အျပင္ သံဓာတ္မ်ားျပားျခင္းဟာ ၀မ္းဗိုက္နာက်င္ေစတယ္။ေအာ့အန္ခ်င္စိတ္ျဖစ္ေစတယ္။အသည္းကုိပ်က္စီးေစတယ္။အတြင္းအဂၤါအစိတ္အပိုင္းေတြမွာေသြးယုိစိမ့္ျခင္းေတြျဖစ္လာေစပါတယ္။

*ကုိယ္အေလးခ်ိန္တက္ေစတယ္
သလဲသီးပံုမွန္စားတာဟာ ကုိယ္အေလးခ်ိန္တက္ဖုိ႔ အခြင့္အလမ္းလည္းမ်ားပါတယ္တဲ႔။သလဲသီးမွာပါ၀င္တဲ႔ အမ်ွင္ဓာတ္ေၾကာင့္ ဆာေလာင္တဲ႔ခံႏုိင္ရည္ကုိထိန္းသိမ္းေပးထားျပီး ထပ္ခါထပ္ခါစားခ်င္စိတ္ကုိေလ်ွာ့ခ်ေပးနုိင္ပါတယ္။ဒါေပမဲ႔ အလြန္အကြ်ံစားတဲ႔အခါမွာေတာ့ အ၀လြန္ျခင္းကုိျဖစ္ေပၚလာေစပါတယ္။သလဲသီးတစ္လံုးမွာ ၈၃ကယ္လိုရီပါ၀င္ပါတယ္။ဒါေၾကာင့္ နည္းနည္းစားရင္ က်န္းမာေရးအတြက္သင့္ေတာ္ျပီး မ်ားမ်ားစားျဖစ္တဲ႔အခါ ကယ္လိုရီမ်ားျပားလာျပီးကုိယ္အေလးခ်ိန္တိုးလာေစတာပဲျဖစ္ပါတယ္။

ဒါေၾကာင့္သလဲသီးကုိစားမယ္ဆိုရင္ ဒီလုိအခ်က္ေလးေတြကုိေတာ့သတိထားသင့္ပါတယ္။တန္ေဆးလြန္ေဘးဆုိသလို ကုိယ့္က်န္းမာေရးအတြက္ေသခ်ာခ်င့္ခ်ိန္စားသင့္ပါတယ္။

Unicode

ဘယ်အရာမဆို ကောင်းကျိုးဆိုးကျိုးကတွဲဖက်နေတာဆိုတော့ ဒီသလဲသီးမှာလည်းကောင်းတဲ့အချက်တွေရှိသလို ဆိုးကျိုးလေးအနည်းငယ်လည်းရှိနေပါတယ်။ကောင်းတဲ့အချက်တွေကတော့ တော်တော်များများသိပြီးလောက်ပြီဖြစ်မှာပါ။ဒါကြောင့် ဆိုးကျိုးဖြစ်စေနိုင်တဲ့အချက်လေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*Allergic ဖြစ်စေတယ်
သလဲသီးရဲ ့ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ Allergic ဖြစ်တာပါပဲ။သလဲသီးစားပြီး Allergic ဖြစ်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲဆိုတော့ခန္ဓာကိုယ်ယားယံမှု၊အရေပြားရောင်ရမ်းမှု၊လည်ချောင်းယားယံမှု၊ဝမ်းဗိုက်နာကျင်မှု၊အသက်ရှုရခက်ခဲလာမှု၊အဖုအပိန့်ထလာမှုစတဲ့လက္ခဏာတွေကနေသိနိုင်ပါတယ်။ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင် သလဲသီးကိုဆက်ပြီးမစားသင့်တော့ပါဘူး။ကိုယ်ဝန်ဆောင်ချိန်နဲ့ ရင်သွေးငယ်နို့တိုက်ကျွေးနေချိန်မှာလည်းသလဲသီးစားတာမျိုးရှောင်သင့်ပါတယ်။မတည့်တဲ့သူတွေဆိုရင် ဆိုးဆိုးဝါးဝါးဓာတ်မတည့်မှုတွေဖြစ်လာနိုင်ပါတယ်။

*သွေးဖိအားကျဆင်းစေတယ်
လေ့လာချက်တွေအရ သလဲသီးဟာ သွေးဖိအားကိုကျဆင်းစေပါတယ်။ဒါက လူအများစုအတွက်ကောငး်တယ်ဆိုပေမဲ့ သွေးဖိအားနည်းတဲ့လူတွေ၊သွေးဖိအားပုံမှန်ဖြစ်အောင်၊များအောင်ဆေးပညာနဲ့ကုသနေတဲ့သူတွေကတော့ သလဲသီးကိုဝေးဝေးရှောင်သင့်ပါတယ်။

*အစာချေစနစ်ကိုအနှောင့်အယှက်ဖြစ်စေတယ်
သလဲသီးဟာ အရသာရှိတဲ့အတွက်လူအများစုနှစ်သက်ကြတဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ဒါပေမဲ့ ကြိုက်တယ်ဆိုပြီးအများကြီးမစားသင့်ပါဘူး။သလဲသီးကို အမြဲလိုလိုစားဖြစ်နေတဲ့အခါ အော့အန်ချင်စိတ်ဖြစ်လာတာမျိုး၊ဝမ်းချုပ်တာမျိုး၊လေထိုးလေအောင့်ဖြစ်တာမျိုး၊အူလမ်းကြောင်းမှာတစ်ခုခု
ပိတ်ဆို့နေသလိုခံစားရတာမျိုးဖြစ်လာတတ်ပါတယ်။ဒါကြောင့် အများကြီးမစားသင့်ပါဘူး။

*သံဓာတ်များပြားလာစေတယ်
သလဲသီးကိုကြိုက်တယ်ဆိုပြီး အမြဲစားဖြစ်တဲ့အခါ သံဓာတ်များပြားလာပါတယ်။သံဓာတ်ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်တစ်ခုပါ။ဒါပေမဲ့လည်းအရမ်းများလာတဲ့အခါ ခန္ဓာကိုယ်ကိုအနှောင့်အယှက်ဖြစ်လာစေပါတယ်။မောပန်းနွမ်းနယ်လာတာ၊အသားအရည်ဖြူဖျော့လာတာ၊အသက်ရှုရတာခက်ခဲလာတာမျိုးတွေဖြစ်လာတတ်ပါတယ်။ဒါ့အပြင် သံဓာတ်များပြားခြင်းဟာ ဝမ်းဗိုက်နာကျင်စေတယ်။အော့အန်ချင်စိတ်ဖြစ်စေတယ်။အသည်းကိုပျက်စီးစေတယ်။အတွင်းအင်္ဂါအစိတ်အပိုင်းတွေမှာသွေးယိုစိမ့်ခြင်းတွေဖြစ်လာစေပါတယ်။

*ကိုယ်အလေးချိန်တက်စေတယ်
သလဲသီးပုံမှန်စားတာဟာ ကိုယ်အလေးချိန်တက်ဖို့ အခွင့်အလမ်းလည်းများပါတယ်တဲ့။သလဲသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် ဆာလောင်တဲ့ခံနိုင်ရည်ကိုထိန်းသိမ်းပေးထားပြီး ထပ်ခါထပ်ခါစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။ဒါပေမဲ့ အလွန်အကျွံစားတဲ့အခါမှာတော့ အဝလွန်ခြင်းကိုဖြစ်ပေါ်လာစေပါတယ်။သလဲသီးတစ်လုံးမှာ ၈၃ကယ်လိုရီပါဝင်ပါတယ်။ဒါကြောင့် နည်းနည်းစားရင် ကျန်းမာရေးအတွက်သင့်တော်ပြီး များများစားဖြစ်တဲ့အခါ ကယ်လိုရီများပြားလာပြီးကိုယ်အလေးချိန်တိုးလာစေတာပဲဖြစ်ပါတယ်။

ဒါကြောင့်သလဲသီးကိုစားမယ်ဆိုရင် ဒီလိုအချက်လေးတွေကိုတော့သတိထားသင့်ပါတယ်။တန်ဆေးလွန်ဘေးဆိုသလို ကိုယ့်ကျန်းမာရေးအတွက်သေချာချင့်ချိန်စားသင့်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.