လူပေါင်းမှားလို့ အရှက်ကွဲခဲ့ရတဲ့ ပီတာခရော့ခ်ျကတော် အက်ဘီကလန်ဆီ

news_a1.jpg

 ဒီဇင်ဘာ(၂၆)ရက်နေ့မယ့် ကျရောက်မယ့် Boxing Day ၊  အကြို အားလုံးပျော်ရွှင်မြူးတူးကြခြင်း နည်းတူ စတုတ်စီးတီးတိုက်စစ်မှုးပီတာခရော့ခ်ျရဲ့ ဇနီးချောအက်ဘကီကလန်တစ်ယောက်လည်း လီဗာပူးလ်မြို့ က နာမည်ကျော်ဟီလ်တန်ဟိုတယ်ဆီကို အစ်ကိုဖြစ်သူရှောင်ကလန်ဆီနဲ့အတူရောက်လာခဲ့တယ်။ အဲ ဒီဟိုတယ်ဆီမှာ ပါတီပွဲလုပ်မယ့်နေရာရှိနေတဲ့အတွက် သူတို့တွေလာခဲ့ကြတာဖြစ်ပေမယ့် ဟိုတယ်က လပ်တံခါးပေါက်ဝလဲ ရောက်ရော တံခါးစောင့်ကနေ ၀င်ခွင့်မပေးခဲ့ပါဘူးတဲ့။ ဒါနဲ့ စိတ်ဆိုးမာန်ဆိုးဖြစ် သွားခဲ့ရတဲ့ အက်ဘီကလန်ဆီလဲ ရှက်ရှက်နဲ့ပဲ လှည့်ထွက်သွားခဲ့ပြီး စတီဗင်ဂျာရတ်ရဲ့ ဇနီး၊ သူမရဲ့ သူငယ်ချင်းအဲလက်စ်ကို စစ်ကူပြန်ခေါ်လာပါတယ်။

   အက်ဘီကလန်ဆီနဲ့ အဲလက်စ်ကာရင်တို့နှစ်ယောက်ပဲလဲ ၀င်ခွင့်တောင်းလိုက်ရာ တံခါးစောင့် ကကြည်ကြည်ဖြူဖြူပါပဲ။ နောက်ပိုင်းကြမှ ဟိုတယ်ပြောရေးဆိုခွင့်ရှိသူကနေ အက်ဘီကလန်ဆီတို့ကို ၀င်ခွင့်မပေးခဲ့ရခြင်းဟာ သူမနဲ့အတူ လိုက်ပါလာကြတဲ့ အမျိုးသားဆယ်ဦးလောက်က တော်တော်လေး ကို အမူးလွန်နေကြပုံရတာကြောင့် လုံခြုံရေးအရ ပိတ်ပင်ခဲ့ရတာဖြစ်ပါတယ်တဲ့လေ။ အက်ဘီကလန် ဆီ နောက်တစ်ခါ ပါတီသွားရင် အစ်ကိုကြီးကိုခေါ်ဖို့ စဉ်းစားရတော့မယ့် အနေအထားပါပဲ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.