ငွက္ေပ်ာသီးက ၀ိတ္က်ေစတာလား? ၀ိတ္တက္ေစတာလား?

ဟုိလူက ငွက္ေပ်ာသီးက ၀ိတ္တက္တယ္ေျပာလိုက္၊ဒီလူကက်ေတာ့ ငွက္ေပ်ာသီးက ၀ိတ္က်တယ္ေျပာလိုက္နဲ႔ ေ၀ခြဲမရျဖစ္ေနတတ္ပါတယ္။ဒီေတာ့ ငွက္ေပ်ာသီးက ၀ိတ္တက္ေစတဲ႔အသီးအႏွံလား ၀ိတ္က်ေစတဲ႔အသီးအႏွံလား? ဆက္ျပီးဖတ္ၾကည့္လိုုက္ပါဦး

ငွက္ေပ်ာသီးစားလုိ႔ ၀ိတ္တက္တယ္၊၀ိတ္က်တယ္ျဖစ္လာတာဟာ သင္ငွက္ေပ်ာသီးဘယ္ေလာက္စားတယ္္ဆုိတဲ႔အေပၚမူတည္ပါတယ္တဲ႔။
အစာမရွိတဲ႔အခ်ိန္ ငွက္ေပ်ာသီးပဲသီးသန္႔စားရင္ ၀ိတ္က်ေစျပီး ထမင္းစားျပီးအခ်ိဳတည္းမယ္။တစ္ေန႔ကုိ ငွက္ေပ်ာသီး ေလးလံုးငါးလံုးစားမယ္ဆုိရင္ေတာ့ဒါက သင့္ကုိ၀ိတ္တက္ေစပါတယ္လုိ႔ေလ့လာေတြ႔ရွိရပါတယ္။ငွက္ေပ်ာသီးဟာ ေဟာ္မုန္းသံုးခုကုိုညီမ်ွေစတယ္လုိ႔သိရျပီး ခႏၶာကုိယ္ကုိအပူျငိမ္းေစပါတယ္တဲ႔။ငွက္ေပ်ာသီးဟာ ေသခ်ာစားတတ္ရင္ အ၀လြန္တာကုိကာကြယ္ႏုိင္ျပီး တစ္ခိ်န္တည္းမွာပဲ ခႏၶာကုိယ္ၾကြက္သားတည္ေဆာက္မႈကို ကူညီေပးပါတယ္။ျပီးေတာ့ ေသြးအားနည္းေရာဂါရွိတတ္သူေတြအတြက္ သင့္ေတာ္တဲ႔အသီးအႏွံတစ္ခုလည္းျဖစ္တယ္လုိ႔သိရပါတယ္။

ငွက္ေပ်ာသီးကုိ ၀ိတ္က်ေအာင္ဘယ္လုိစားရမလဲ?
ကဲ ငွက္ေပ်ာသီးစားျပီး၀ိတ္ခ်ခ်င္တယ္ဆုိတဲ႔သူေတြအတြက္…
ငွက္ေပ်ာသီးတစ္လံုးမွာ ကယ္လိုရီ ၁၀၈ ပါ၀င္ျပီး အဲ႔ဒါဟာ ကာဗြန္ဟုိက္ဒရိတ္ ၁၈ဂရမ္နဲ႔ညီမ်ွပါတယ္။ကာဗြန္ဟုိက္ဒရိတ္ဆုိတာ ခႏၶာကုိယ္အစိတ္အပုိင္းတည္ေဆာက္ဖြဲ႔စည္းဖုိ႔အတြက္မရွိမျဖစ္လုိအပ္တဲ႔အရာျဖစ္သလုိ ပုိလ်ွံတဲ႔အခါမွာေတာ့ ကုိယ္အေလးခ်ိန္တက္ေစတဲ႔အရာပါ။သင့္ကုိ၀ိတ္က်ေစတဲ႔ငွက္ေပ်ာသီးေတြကေတာ့ ဗီတာမင္ B6 နဲ႔ အမ်ွင္ဓာတ္ၾကြယ္၀တဲ႔ ငွက္ေပ်ာသီးပုပုေသးေသးေလးေတြ၊အနီေရာင္ငွက္ေပ်ာသီး၊ဖီးၾကမ္းငွက္ေပ်ာသီး၊သီးေမႊး၊ငွက္ေပ်ာသီးစိမ္းစတဲ႔ငွက္ေပ်ာသီးေတြပဲျဖစ္ပါတယ္။မနက္မုိးလင္း မနက္စာစားျပီးခ်ိန္ ငွက္ေပ်ာသီးတစ္လံုးစားေပးတာက ကုိယ္အေလးခ်ိန္ကုိသိသိသာသာေလ်ွာ့ခ်ေပးႏုိင္တယ္လုိ႔ေလ့လာေတြ႔ရွိထားရပါတယ္။

ငွက္ေပ်ာသီးစားျပီး၀ိတ္တက္ခ်င္တဲ႔သူေတြအတြက္…
ငွက္ေပ်ာသီးမွာ ကယ္လိုရီမ်ားမ်ားပါ၀င္သလုိ သဘာ၀အခိ်ဳဓာတ္လည္းပါ၀င္တာေၾကာင့္ ၀ိတ္တက္ခ်င္သူေတြစားမယ္ဆုိရင္ အစားစားျပီးခ်ိန္အခ်ိဳတည္းတဲ႔အေနနဲ႔စားေပးႏုိင္ပါတယ္။ဒါေပမဲ႔ ကြ်မ္းက်င္သူပညာရွင္ေတြကေတာ့ တစ္ေန႔ကုိ ငွက္ေပ်ာသီး ၅လုံးထက္ပုိမစားဖုိ႔အၾကံေပးထားပါတယ္။ပုိစားမယ္ဆုိရင္၀မ္းခ်ဳပ္တတ္တာ၊၀မ္းပံုမွန္မဟုတ္တာ စတဲ႔အေျခအေနေတြၾကံဳေတြ႔ရႏုိင္တယ္လုိ႔သိရပါတယ္။

Source:STYLECRAZE

Unicode

ဟိုလူက ငှက်ပျောသီးက ၀ိတ်တက်တယ်ပြောလိုက်၊ဒီလူကကျတော့ ငှက်ပျောသီးက ၀ိတ်ကျတယ်ပြောလိုက်နဲ့ ဝေခွဲမရဖြစ်နေတတ်ပါတယ်။ဒီတော့ ငှက်ပျောသီးက ၀ိတ်တက်စေတဲ့အသီးအနှံလား ၀ိတ်ကျစေတဲ့အသီးအနှံလား? ဆက်ပြီးဖတ်ကြည့်လိုုက်ပါဦး

ငှက်ပျောသီးစားလို့ ၀ိတ်တက်တယ်၊၀ိတ်ကျတယ်ဖြစ်လာတာဟာ သင်ငှက်ပျောသီးဘယ်လောက်စားတယ််ဆိုတဲ့အပေါ်မူတည်ပါတယ်တဲ့။
အစာမရှိတဲ့အချိန် ငှက်ပျောသီးပဲသီးသန့်စားရင် ၀ိတ်ကျစေပြီး ထမင်းစားပြီးအချိုတည်းမယ်။တစ်နေ့ကို ငှက်ပျောသီး လေးလုံးငါးလုံးစားမယ်ဆိုရင်တော့ဒါက သင့်ကို၀ိတ်တက်စေပါတယ်လို့လေ့လာတွေ့ရှိရပါတယ်။ငှက်ပျောသီးဟာ ဟော်မုန်းသုံးခုကိုုညီမျှစေတယ်လို့သိရပြီး ခန္ဓာကိုယ်ကိုအပူငြိမ်းစေပါတယ်တဲ့။ငှက်ပျောသီးဟာ သေချာစားတတ်ရင် အဝလွန်တာကိုကာကွယ်နိုင်ပြီး တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ကြွက်သားတည်ဆောက်မှုကို ကူညီပေးပါတယ်။ပြီးတော့ သွေးအားနည်းရောဂါရှိတတ်သူတွေအတွက် သင့်တော်တဲ့အသီးအနှံတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။

ငှက်ပျောသီးကို ၀ိတ်ကျအောင်ဘယ်လိုစားရမလဲ?
ကဲ ငှက်ပျောသီးစားပြီးဝိတ်ချချင်တယ်ဆိုတဲ့သူတွေအတွက်…
ငှက်ပျောသီးတစ်လုံးမှာ ကယ်လိုရီ ၁၀၈ ပါဝင်ပြီး အဲ့ဒါဟာ ကာဗွန်ဟိုက်ဒရိတ် ၁၈ဂရမ်နဲ့ညီမျှပါတယ်။ကာဗွန်ဟိုက်ဒရိတ်ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတည်ဆောက်ဖွဲ့စည်းဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်သလို ပိုလျှံတဲ့အခါမှာတော့ ကိုယ်အလေးချိန်တက်စေတဲ့အရာပါ။သင့်ကို၀ိတ်ကျစေတဲ့ငှက်ပျောသီးတွေကတော့ ဗီတာမင် B6 နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးပုပုသေးသေးလေးတွေ၊အနီရောင်ငှက်ပျောသီး၊ဖီးကြမ်းငှက်ပျောသီး၊သီးမွှေး၊ငှက်ပျောသီးစိမ်းစတဲ့ငှက်ပျောသီးတွေပဲဖြစ်ပါတယ်။မနက်မိုးလင်း မနက်စာစားပြီးချိန် ငှက်ပျောသီးတစ်လုံးစားပေးတာက ကိုယ်အလေးချိန်ကိုသိသိသာသာလျှော့ချပေးနိုင်တယ်လို့လေ့လာတွေ့ရှိထားရပါတယ်။

ငှက်ပျောသီးစားပြီးဝိတ်တက်ချင်တဲ့သူတွေအတွက်…
ငှက်ပျောသီးမှာ ကယ်လိုရီများများပါဝင်သလို သဘာဝအချိုဓာတ်လည်းပါဝင်တာကြောင့် ၀ိတ်တက်ချင်သူတွေစားမယ်ဆိုရင် အစားစားပြီးချိန်အချိုတည်းတဲ့အနေနဲ့စားပေးနိုင်ပါတယ်။ဒါပေမဲ့ ကျွမ်းကျင်သူပညာရှင်တွေကတော့ တစ်နေ့ကို ငှက်ပျောသီး ၅လုံးထက်ပိုမစားဖို့အကြံပေးထားပါတယ်။ပိုစားမယ်ဆိုရင်ဝမ်းချုပ်တတ်တာ၊ဝမ်းပုံမှန်မဟုတ်တာ စတဲ့အခြေအနေတွေကြုံတွေ့ရနိုင်တယ်လို့သိရပါတယ်။

Source:STYLECRAZE

526 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.