ရုပ္ရည္ေခ်ာေမာတာထက္ အေျမာ္အျမင္ရွိတဲ႔မိန္းကေလးမ်ိဳးကုိပုိသေဘာက်တယ္ဆုိတဲ႔ Seo In Guk

Shopping King Louie ဇာတ္လမ္းတြဲနဲ႔ပရိသတ္အားေပးမႈအခိုင္အမာရလာတဲ႔ မင္းသားေခ်ာ Seo In Guk ဟာ အခုလက္ရွိမွာလည္း The Smile Has Left Your Eyes ဇာတ္လမ္းတြဲနဲ႔ မိန္းကေလးပရိသတ္ေတြရဲ ႔အထူးအားေပးမႈကုိရရွိေနပါတယ္။ဒါေၾကာင့္ သူ႔ရဲ႔ဘ၀အေၾကာင္းနဲ႔ပတ္သက္လို႔ ပရိသတ္ေတြမသိေသးတဲ႔အေၾကာင္းအရာေလးေတြကုိျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။

*Seo In Guk ဟာ ေငြေၾကးခ်ိဳ႔တဲ႔တဲ႔ကေလးအျဖစ္ၾကီးျပင္းလာရတာျဖစ္ပါတယ္။ငယ္ငယ္တုန္းကသူ႔ရဲ႔မိဘေတြဟာ စီးပြားေရးခ်ိဳ႔တဲ႔ခဲ႔လို႔ သူ႔ရဲ ႔ငယ္ဘ၀က အဆင္မေျပစြာၾကီးျပင္းလာခဲ႔ရသူပါ။ဒါေပမဲ႔ အခုေတာ့ သူဟာ ေအာင္ျမင္တဲ႔မင္းသားတစ္လက္ျဖစ္ေနပါျပီ။

*Seo In Guk ဟာ Bulimia ဆုိတဲ႔ ေ၀ဒနာကုိ ခဏတာခံစားခဲ႔ရဖူးပါတယ္။Bullimia က အစားအေသာက္နဲ႔ပတ္သက္ျပီးထိန္းခ်ဳပ္ရခက္ခဲတဲ႔ေ၀ဒနာတစ္မ်ိဳးပါ။

*သူ႔ရဲ ႔အႏုပညာလႈပ္ရွားမႈအစက အဆုိေတာ္အေနနဲ႔ပါ။သရုပ္ေဆာင္ေလာကထဲကုိ ၂၀၁၂ တုန္းကမွ၀င္ေရာက္ခဲ႔တာျဖစ္ျပီး ပထမဆံုးပါ၀င္ခဲ႔တဲ႔ဇာတ္ကားက Love Rain ဇာတ္ကားျဖစ္ပါတယ္။

*Seo In Guk နဲ႔ပတ္သက္ျပီး သူဟာ Gay ဆုိတဲ႔ေကာလဟာလေတြထြက္ရွိခဲ႔ပါတယ္။ဒါေပမဲ႔ သူက Gay မဟုတ္ဘူးဆုိတဲ႔အေၾကာင္း၊မိန္းကေလးေတြကုိသေဘာက်တယ္ဆုိတဲ့အေၾကာင္း၊သူ႔ရဲ႔ဇာတ္ေကာင္တစ္ခုေၾကာင့္ အခုလို Gay လုိ႔ေကာလဟာလထြက္ရွိလာခဲ႔တာျဖစ္ေၾကာင္းျပန္လည္ရွင္းျပထားပါတယ္။(ပုလင္းကြဲမရွပါဘူးေနာ္)

*Seo In Guk က သူရုိက္ခဲ႔တဲ႔ဇာတ္ကားေတြထဲမွာ Reply 1997 က အေကာင္းဆံုးလုိ႔ထင္ပါတယ္တဲ႔။သူအေကာင္းဆံုးလုပ္ျပႏုိင္ထားတယ္ေပါ့။

*Seo In Guk ဟာ သူ႔ရဲ႔ေမြးရပ္ေျမ Ulsan မွာေကာ္ဖီဆုိင္ဖြင့္ထားတယ္လုိ႔သိရပါတယ္။

*Girls Generation အဖြဲ႔၀င္ Sunny နဲ႔ တဲြေနတယ္လုိ႔ေကာလဟာလသတင္းထြက္ရွိခဲ႔ေပမဲ႔ ႏွစ္ေယာက္လံုးက သူတုိ႔ဟာသူငယ္ခ်င္းေတြပဲလုိ႔ ေျဖရွင္းထားပါတယ္။

*သူသေဘာက်တဲ႔မိန္းကေလးပံုစံကေတာ့ သူဟာ ရုပ္ရည္သြင္ျပင္ေတြကုိသိပ္ျပီးအသားေပးမၾကိဳက္ပါဘူး။ျပီးေတာ့ ထက္ျမက္ျပီးစမတ္က်လွပတဲ႔မိန္းကေလးတစ္ေယာက္ထက္ အေျမာ္အျမင္ရွိျပီး စဥ္းစားခ်င့္ခ်ိန္ႏိုင္စြမ္းရွိတဲ႔မိန္းကေလးမ်ိဳးကုိပုိုျပီးေရြးခ်ယ္ခ်င္ပါတယ္လုိ႔ေျပာျပခဲ႔ဖူးပါတယ္။

နမူနာအေနနဲ႔ သူဟာ Yoona လုိမိန္းကေလးမ်ိဳးကုိေရြးခ်ယ္ခ်င္ပါတယ္တဲ႔။သူတုိ႔ႏွစ္ေယာက္က Love Rain ဇာတ္ကားမွာအတူရုိက္ကူးဖူးပါတယ္။Seo In Guk က “ကြ်န္ေတာ္သူမနဲ႔စကားေျပာျဖစ္တဲ႔အခ်ိန္မွာ သူမဟာ ရင္းႏွီးခင္မင္လြယ္ျပီးသေဘာေကာင္းတဲ႔သူတစ္ေယာက္မွန္းသိခဲ႔ပါတယ္။သူမက အရမ္းလွပါတယ္။ဒါေပမဲ႔ သူမရဲ ႔အက်င့္စရုိက္၊အျပဳအမူေတြက ပုိျပီးအံ႔ၾသစရာေကာင္းေလာက္ေအာင္လွပါတယ္။ျပီးေတာ့ သူမက ရယ္စရာေတြလည္းေျပာတတ္ပါေသးတယ္”လုိ႔
ေျပာျပခဲ႔ပါတယ္။

*သူ႔ရဲ ႔ေမြးေန႔ကေတာ့ ေအာက္တိုဘာ ၂၃ရက္၊၁၉၈၇ ခုႏွစ္ျဖစ္ျပီး ျပီးခဲ့တဲ႔လက အသက္ ၃၁ႏွစ္ျပည့္သြားခဲ႔ပါျပီ။အခုလက္ရွိမွာေတာ့ ခ်စ္သူမရွိေသးပါဘူး။

အခုလတ္တေလာမွာေတာ့ Seo In Guk ဟာ မင္းသမီး Jung So Min နဲ႔တြဲဖက္ျပီး The Smile has left your eyes ဇာတ္လမ္းတြဲရိုက္ကူးေနျပီးျပသေနဆဲျဖစ္ပါတယ္။

Unicode

Shopping King Louie ဇာတ်လမ်းတွဲနဲ့ပရိသတ်အားပေးမှုအခိုင်အမာရလာတဲ့ မင်းသားချော Seo In Guk ဟာ အခုလက်ရှိမှာလည်း The Smile Has Left Your Eyes ဇာတ်လမ်းတွဲနဲ့ မိန်းကလေးပရိသတ်တွေရဲ ့အထူးအားပေးမှုကိုရရှိနေပါတယ်။ဒါကြောင့် သူ့ရဲ့ဘဝအကြောင်းနဲ့ပတ်သက်လို့ ပရိသတ်တွေမသိသေးတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးမျှဝေပေးချင်ပါတယ်။

*Seo In Guk ဟာ ငွေကြေးချို့တဲ့တဲ့ကလေးအဖြစ်ကြီးပြင်းလာရတာဖြစ်ပါတယ်။ငယ်ငယ်တုန်းကသူ့ရဲ့မိဘတွေဟာ စီးပွားရေးချို့တဲ့ခဲ့လို့ သူ့ရဲ ့ငယ်ဘဝက အဆင်မပြေစွာကြီးပြင်းလာခဲ့ရသူပါ။ဒါပေမဲ့ အခုတော့ သူဟာ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်နေပါပြီ။

*Seo In Guk ဟာ Bulimia ဆိုတဲ့ ဝေဒနာကို ခဏတာခံစားခဲ့ရဖူးပါတယ်။Bullimia က အစားအသောက်နဲ့ပတ်သက်ပြီးထိန်းချုပ်ရခက်ခဲတဲ့ဝေဒနာတစ်မျိုးပါ။

*သူ့ရဲ ့အနုပညာလှုပ်ရှားမှုအစက အဆိုတော်အနေနဲ့ပါ။သရုပ်ဆောင်လောကထဲကို ၂၀၁၂ တုန်းကမှဝင်ရောက်ခဲ့တာဖြစ်ပြီး ပထမဆုံးပါဝင်ခဲ့တဲ့ဇာတ်ကားက Love Rain ဇာတ်ကားဖြစ်ပါတယ်။

*Seo In Guk နဲ့ပတ်သက်ပြီး သူဟာ Gay ဆိုတဲ့ကောလဟာလတွေထွက်ရှိခဲ့ပါတယ်။ဒါပေမဲ့ သူက Gay မဟုတ်ဘူးဆိုတဲ့အကြောင်း၊မိန်းကလေးတွေကိုသဘောကျတယ်ဆိုတဲ့အကြောင်း၊သူ့ရဲ့ဇာတ်ကောင်တစ်ခုကြောင့် အခုလို Gay လို့ကောလဟာလထွက်ရှိလာခဲ့တာဖြစ်ကြောင်းပြန်လည်ရှင်းပြထားပါတယ်။(ပုလင်းကွဲမရှပါဘူးနော်)

*Seo In Guk က သူရိုက်ခဲ့တဲ့ဇာတ်ကားတွေထဲမှာ Reply 1997 က အကောင်းဆုံးလို့ထင်ပါတယ်တဲ့။သူအကောင်းဆုံးလုပ်ပြနိုင်ထားတယ်ပေါ့။

*Seo In Guk ဟာ သူ့ရဲ့မွေးရပ်မြေ Ulsan မှာကော်ဖီဆိုင်ဖွင့်ထားတယ်လို့သိရပါတယ်။

*Girls Generation အဖွဲ့ဝင် Sunny နဲ့ တွဲနေတယ်လို့ကောလဟာလသတင်းထွက်ရှိခဲ့ပေမဲ့ နှစ်ယောက်လုံးက သူတို့ဟာသူငယ်ချင်းတွေပဲလို့ ဖြေရှင်းထားပါတယ်။

*သူသဘောကျတဲ့မိန်းကလေးပုံစံကတော့ သူဟာ ရုပ်ရည်သွင်ပြင်တွေကိုသိပ်ပြီးအသားပေးမကြိုက်ပါဘူး။ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ထက် အမြော်အမြင်ရှိပြီး စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့မိန်းကလေးမျိုးကိုပိုုပြီးရွေးချယ်ချင်ပါတယ်လို့ပြောပြခဲ့ဖူးပါတယ်။

နမူနာအနေနဲ့ သူဟာ Yoona လိုမိန်းကလေးမျိုးကိုရွေးချယ်ချင်ပါတယ်တဲ့။သူတို့နှစ်ယောက်က Love Rain ဇာတ်ကားမှာအတူရိုက်ကူးဖူးပါတယ်။Seo In Guk က “ကျွန်တော်သူမနဲ့စကားပြောဖြစ်တဲ့အချိန်မှာ သူမဟာ ရင်းနှီးခင်မင်လွယ်ပြီးသဘောကောင်းတဲ့သူတစ်ယောက်မှန်းသိခဲ့ပါတယ်။သူမက အရမ်းလှပါတယ်။ဒါပေမဲ့ သူမရဲ ့အကျင့်စရိုက်၊အပြုအမူတွေက ပိုပြီးအံ့သြစရာကောင်းလောက်အောင်လှပါတယ်။ပြီးတော့ သူမက ရယ်စရာတွေလည်းပြောတတ်ပါသေးတယ်”လို့ပြောပြခဲ့ပါတယ်။

*သူ့ရဲ ့မွေးနေ့ကတော့ အောက်တိုဘာ ၂၃ရက်၊၁၉၈၇ ခုနှစ်ဖြစ်ပြီး ပြီးခဲ့တဲ့လက အသက် ၃၁နှစ်ပြည့်သွားခဲ့ပါပြီ။အခုလက်ရှိမှာတော့ ချစ်သူမရှိသေးပါဘူး။

အခုလတ်တလောမှာတော့ Seo In Guk ဟာ မင်းသမီး Jung So Min နဲ့တွဲဖက်ပြီး The Smile has left your eyes ဇာတ်လမ်းတွဲရိုက်ကူးနေပြီးပြသနေဆဲဖြစ်ပါတယ်။

359 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.