လက်ဖ၀ါးကလက္ခဏာမှာ အညွှန့်ပါတယ်၊ ထီးရိုးပါတယ်ဆိုတာဘာလဲ…



Unicode

တစ်ချို့သူတွေကတော့သိပြီးသားဖြစ်မယ်ထင်ပါတယ်။ လက္ခဏာမှာ ထီးရိုးပါတယ် အညွှန့်ပါတယ်လို့ ပြောတတ်ကြပါတယ်။  လက္ခဏာဆိုတာလည်း တစ်ချို့သောသူတွေအတွက်ယုံတမ်းမဟုတ်တဲ့အယူအဆတစ်ခုပါပဲ။ ဆိုတော့ ရှေးလူကြီးတွေပြောစကားအရနဲ့ တတ်သိနားလည်သူတွေရဲ့ဟောပြောချက်အများစုအရာ ဒီလို လက္ခဏာမှာထီးရိုးပါတဲ့ သူ အညွှန့်ပါတဲ့သူက ဘာတွေများ ထူးခြားတဲ့သူဖြစ်နိုင်လဲ…ဘယ်လိုဇာတာရှင်မျိုးလဲပေါ့….

ဒီလိုလက္ခဏာပိုင်ရှင်တွေက သူများထက်ထူးမထူးရင်ရူးဆိုတဲ့ ဇာတာရှင်မျိုးပါ။ ဘယ်နေရာမှာမဆို ကိုယ်လုပ်ကိုင်တဲ့အရာတွေက စွမ်းစွမ်းတမံ အောင်မြင်နိုင်ပါတယ်။ ဘယ်သွားသွားလည်းလူချစ်လူခင်ပေါများသလို လူအများစု လူထုရဲ့ခေါင်ဆောင်(သို့)လူ့သားအကျိုးအများဆုံးဆောင်ရွက်နိုင်သူမျိုးတွေပါ။ ထူးခြားပြီးထွန်းတောက်လွန်းတာမျိုး ဖြစ်ရင်ဖြစ်မဖြစ်ရင် ရှုံးနိမ့်မှုအကြီးကျယ်ခံစားရတတ်သူတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ ရှေးလူကြီးတွေပြောစကားပေါ့နော်။ ဒီလိုဇာတာရှင်မျိုးတွေကသူများထက်ပိုပြီးဘုရား တရားမြဲရပါတယ်။ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ်ကိုယ်ကိုးကွယ်တဲ့ဘာသာအပေါ် ယုံကြည်ကိုးစားမှုအားအလွန်ကောင်းမွန်သင့်ပါတယ်။ ဒီလို ဘုရားတရားမြဲလေ ဒီလူတွေကအထွတ်အထိပ်ကိုရောက်လေပဲလို့ပြောစမှတ်ပြုကြပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.