အကဗီဒီယုိေလးနဲ႔ ပရိသတ္ေတြေၾကြေအာင္ဆြဲေဆာင္လိုက္ျပန္တဲ႔ မင္းသမီးေခ်ာ Park Min Young

မင္းသမီးေခ်ာ Park Min Young ရဲ႔ ေအဂ်င္စီကေန ေအာက္တိုဘာ ၃၁ရက္ေန႔က သူတုိ႔ရဲ ႔မင္းသမီး အကေလ့က်င့္ေနတဲ႔ဗီဒီယုိေလးကုိတင္ေပးခဲ႔ပါတယ္။

Park Min Young က Ariana Grande ရဲ ႔“God Is A Woman” ၊ Little Mix ရဲ ႔ “Touch” သီခ်င္းကုိ May J Lee နဲ႔တြဲဖက္ေလ့က်င့္ခဲ႔တာျဖစ္ပါတယ္။အဲ႔ဒီဗီဒီယုိေလးဟာ ၃၁ရက္ေန႔မွတင္ခဲ႔တာျဖစ္ျပီး ပရိသတ္ေတြက သူမ ကတာကုိသေဘာက်ေနၾကပါတယ္။တစ္ခ်ိဳ႔ကဆုိ
“What’s wrong with secretary Kim” ျပီးေတာ့ “What’s wrong with dancer Kim”ဆိုျပီးလာဦးမလားလုိ႔ ေကာမန္႔ေတြမွာေရးသားထားၾကပါတယ္။တစ္ခ်ိဳ႔ပရိသတ္ေတြကေတာ့ ဒါက သူမကတာကုိပထမဆံုးအၾကိမ္ေတြ႔ဖူးျခင္းပါ။အရမ္းမုိက္တယ္တုိ႔၊သူမ မလုပ္ႏုိင္တဲ႔အရာတစ္ခုခုမ်ားရွိေသးလား၊သူမက တကယ့္ကုိ Perfect Park Min Young ပါပဲတုိ႔ စသျဖင့္ ခ်ီးက်ဴးတဲ႔ေကာမန္႔ေတြလည္းအမ်ားၾကီးေတြ႔ရပါတယ္။

Park Min Young ဟာ ေအာက္တိုဘာ ၂၁ရက္ေန႔က “MY Day” (a.k.a Min Young Day) ဆုိျပီး ပထမဆံုးပရိသတ္ေတြ႔ဆံုပြဲက်င္းပခဲ႔ပါတယ္။အဲ႔ဒီပြဲဟာဆုိရင္ စကၠန္႔သံုးဆယ္အတြင္းမွာပဲ လက္မွတ္ေတြအကုန္ေရာင္းခ်ႏုိင္ခဲ႔တာပါတဲ႔။ပရိသတ္ေတြ႔ဆံုပြဲမွာ ပရိသတ္ေတြနဲ႔ဂိမ္းကစားတာ၊ကုိယ္တုိင္လုပ္ထားတဲ႔ကင္မ္ခ်ီလက္ေဆာင္ေပးတာ၊ IU ရဲ ႔“Friday” သီခ်င္းေလးနဲ႔ေဖ်ာ္ေျဖတာေတြလုပ္ခဲ႔တယ္လုိ႔သိရပါတယ္။ပရိသတ္ေတြကုိလည္း သူမကုိအျမဲအားေပးေနတဲ႔အတြက္
ေက်းဇူးတင္စကားေျပာခဲ႔ပါေသးတယ္။ပရိသတ္ေတြသေဘာက်ေနတ႔ဲ သူမရဲ ႔အကဗီဒီယုိေလးကုိလည္း ျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္။

https://www.youtube.com/watch?v=BJkIjlhr8kM

Unicode

မင်းသမီးချော Park Min Young ရဲ့ အေဂျင်စီကနေ အောက်တိုဘာ ၃၁ရက်နေ့က သူတို့ရဲ ့မင်းသမီး အကလေ့ကျင့်နေတဲ့ဗီဒီယိုလေးကိုတင်ပေးခဲ့ပါတယ်။

Park Min Young က Ariana Grande ရဲ ့“God Is A Woman” ၊ Little Mix ရဲ ့ “Touch” သီချင်းကို May J Lee နဲ့တွဲဖက်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုလေးဟာ ၃၁ရက်နေ့မှတင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက သူမ ကတာကိုသဘောကျနေကြပါတယ်။တစ်ချို့ကဆို
“What’s wrong with secretary Kim” ပြီးတော့ “What’s wrong with dancer Kim”ဆိုပြီးလာဦးမလားလို့ ကောမန့်တွေမှာရေးသားထားကြပါတယ်။တစ်ချို့ပရိသတ်တွေကတော့ ဒါက သူမကတာကိုပထမဆုံးအကြိမ်တွေ့ဖူးခြင်းပါ။အရမ်းမိုက်တယ်တို့၊သူမ မလုပ်နိုင်တဲ့အရာတစ်ခုခုများရှိသေးလား၊သူမက တကယ့်ကို Perfect Park Min Young ပါပဲတို့ စသဖြင့် ချီးကျူးတဲ့ကောမန့်တွေလည်းအများကြီးတွေ့ရပါတယ်။

Park Min Young ဟာ အောက်တိုဘာ ၂၁ရက်နေ့က “MY Day” (a.k.a Min Young Day) ဆိုပြီး ပထမဆုံးပရိသတ်တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲဟာဆိုရင် စက္ကန့်သုံးဆယ်အတွင်းမှာပဲ လက်မှတ်တွေအကုန်ရောင်းချနိုင်ခဲ့တာပါတဲ့။ပရိသတ်တွေ့ဆုံပွဲမှာ ပရိသတ်တွေနဲ့ဂိမ်းကစားတာ၊ကိုယ်တိုင်လုပ်ထားတဲ့ကင်မ်ချီလက်ဆောင်ပေးတာ၊ IU ရဲ ့“Friday” သီချင်းလေးနဲ့ဖျော်ဖြေတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ပရိသတ်တွေကိုလည်း သူမကိုအမြဲအားပေးနေတဲ့အတွက်
ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ပရိသတ်တွေသဘောကျနေတဲ့ သူမရဲ ့အကဗီဒီယိုလေးကိုလည်း ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.