နာမည်ကျော်တွေ cover သီဆိုပြသွားတဲ့ ခရစ်စမတ် သီချင်းဟောင်းလေးတွေ

merry-christmas-2013-wallpaper.jpg

            အားလပ်ရက်တွေကတော့ စောင့်ကြိုနေပါပြီ။ ဒီ နာမည်ကျော်တွေကတော့ သူတို့အနှစ်သက်ဆုံး သီချင်းတွေကို cover ပြန်ဆိုပြီးတော့ အားလပ်ရက်ကို ရင်ခုန်စွာ ဖွင့်လှစ်လိုက်ပါပြီ။ Austin Mahone, Cody Simpson တို့ရဲ့ cover ပြန်ဆိုထားတဲ့ ခရစ်စမတ်သီချင်း ချိုချိုလေးတွေကို နားထောင်ပြီး သင့်ရဲ့ playlist ထဲမှာ ထည့်ထားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

(၁)     R5 ရဲ့ “Mickey’s Christmas Carol”

          R5 အဖွဲ့က သင်တို့ရဲ့ အကြိုက်ဆုံး ခရစ်စမတ် ကာတွန်းလေးဖြစ်မယ့် “Mickey’s Christmas Carol” သီချင်းကို သူတို့ရဲ့ ကိုယ်ပိုင် ဗားရှင်းဖြစ်တဲ့ “Christmas is Coming” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အားလပ်ရက်သီချင်းလေးတစ်ပုဒ်အဖြစ် ပြန်လည်ခံစားပေးထားပါတယ်။ သင့်ရဲ့ အားလပ်ရက်အတွက် အလွန်သင့်တော်တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်မှာပါ။

http://www.youtube.com/watch?feature=player_embedded&v=mHfxzZ9uv2A

(၂)     Cody Simpson ရဲ့ “Please Come Home for Christmas”

          Cody ရဲ့ ခရစ်စမတ်သီချင်းချိုလေးကတော့ ကြားရသူတိုင်းလုံးရဲ့ နှလုံးသားကို နွေးထွေးသွားစေနိုင်လောက်တဲ့ အံ့ဖွယ်သီချင်းတစ်ပုဒ်ပါပဲ။ အားလပ်ရက်အတွက် သူဘယ်လောက်ပျော်ကြောင်း တွစ်တာမှာ ရေးပြီးတဲ့နောက် ဒီသီချင်းလေးကို cover လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=xZMnj0AvFIA

(၃)     Austin Mahone ရဲ့ “Jingle Bells”

          ဗီဒီယိုအသစ်တစ်ခုအနေနဲ့ ထွက်ရှိခဲ့တာမဟုတ်ပါဘူး။ ဒီအဆိုတော်က ခရစ်စမတ် ဂန္တ၀င်တေးဖြစ်တဲ့ Jingle Bells ရဲ့ chorus အပိုဒ်ကို ဟော်တယ်ခန်းမတစ်လျှောက် လမ်းလျှောက်ရင်း ချစ်စရာကွက်ဆန်းလေးတွေနဲ့ သီဆိုသွားတဲ့အတွက် သူ့ရဲ့ပရိသတ်တွေက အံ့အားသင့် သဘောကျနေကြပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=9mhi9D4nl5c

Ref:seventeen

          

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.