ကြမ္းရြက္ရဲ ႔က်န္းမာေရးအက်ိဳးေက်းဇူးေတြက မထင္ထားေလာက္ေအာင္ပါပဲ…

Betel Leaf လုိ႔ေခၚၾကတဲ႔ ကြမ္းရြက္ဟာ ေဆးဖက္၀င္အရြက္ျဖစ္မွန္းသိေပမဲ႔ ဒီေလာက္ထိအက်ိဳးေက်းဇူးမ်ားမယ္လုိ႔မထင္ခဲ႔မိတာအမွန္ပါပဲ။မ်ားေသာအားျဖင့္ကြမ္းရြက္ကုိ မ်က္လံုးေညာင္းညာတဲ႔အခါကပ္အိပ္တယ္။မ်က္ရုိးကုိက္တဲ႔အခါကပ္အိပ္တယ္။အဲ႔ဒီအခါ အေတာ္ေလးသက္သာလာတာကုိသတိထားမိၾကမွာပါ။ဒီလုိသက္သာေစတဲ႔အျပင္ကြမ္းရြက္မွာ တစ္ျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြအမ်ားၾကီးရွိေနပါေသးတယ္။

*နာက်င္မႈသက္သာေစတယ္
ကြမ္းရြက္က Analgesic တစ္မ်ိဳးပါပဲ။ဓားရွရာေတြ၊ပြန္းပဲ႔ဒဏ္ရာေတြ၊ေရာင္ရမ္းတာေတြကုိ ကြမ္းရက္ေလးၾကိတ္ေခ်ျပီးအုပ္ေပးထားရံုနဲ႔ နာက်င္မႈကုိသက္သာေလ်ာ့ပါးေစပါတယ္။ခႏၶာကုိုယ္တြင္းကနာက်င္မႈေတြျဖစ္တဲ႔ အစာမေၾကတာ၊၀မ္းပံုမွန္မဟုတ္တာ၊၀မ္းခ်ဳပ္တာစတဲ႔ေ၀ဒနာကုိလည္း ကြမ္းရြက္ကုိေသခ်ာေဆးေၾကာျပီးေဖ်ာ္ရည္အျဖစ္ေသာက္သံုးေပးရင္ နာက်င္မႈသက္သာေစျပီး၀မ္းပံုမွန္ျဖစ္ေစပါတယ္။

*၀မ္းပံုမွန္ျဖစ္ေစတယ္
အထုိင္မ်ားတဲ႔သူေတြဟာ မၾကာခဏဆုိသလုိ ၀မ္းခ်ဳပ္တာ၊၀မ္းပံုမွန္မဟုတ္တာေတြရွိတတ္ပါတယ္။ကြမ္းရြက္မွာပါတဲ႔ antioxidant ေတြဟာ ခႏၶာကုိယ္ထဲကအဆိပ္အေတာက္္ေတြကိုဖယ္ရွားေပးျပီး ၀မ္းရဲ ႔PH level ကုိပံုမွန္ျဖစ္ေစပါတယ္။ကြမ္းရက္ကုိ ၀ါးစားတာျဖစ္ေစ တစ္ညလံုးေရစိမ္ျပီး မနက္ေသာက္ေပးတာျဖစ္ေစ လုပ္ေပးတဲ႔အခါ ၀မ္းသြားရလြယ္ကူျပီး ၀မ္းခ်ဳပ္တတ္တဲ႔ေ၀ဒနာကိုလည္း ေလ်ာ့ပါးလာေစပါတယ္။

*ခံတြင္းအတြက္ေကာင္းမြန္ေစတယ္
ကြမ္းရြက္ဟာ ခံတြင္းနံ႔ေကာင္းမြန္ေစသလုိ ခံတြင္းထဲက ဘတ္တီးရီးယားေတြ၊ပုိးမႊားေတြကုိ ေလ်ာ့ပါးေစပါတယ္။အဲ႔ဒါေၾကာင့္ခံတြင္းန့ံဆုိးထြက္တာကုိတားဆီးေပးႏုိင္ျပီး သြားဖံုးေတြ၊သြားေတြကုိ ပုိျပီးသန္မာခိုင္မာလာေစပါတယ္။ကြမ္းရြက္ကုိေရနဲ႔သန္႔သန္႔ေဆးျပီး ေရအနည္းငယ္နဲ႔ဆူေအာင္တည္ပါ။ျပီးရင္ အဲ႔ဒီအရည္နဲ႔ပလုတ္က်င္းတာ၊ခံတြင္းသန္႔ေဆးရည္အျဖစ္သံုးတာမ်ိဳးလုပ္ေပးႏုိင္ပါတယ္။

*ေခ်ာင္းဆုိးေပ်ာက္ကင္းေစတယ္
ကြမ္းရြက္ကေခ်ာင္းဆုိးေပ်ာက္ေစတယ္ဆုိတာေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ကြမ္းရြက္မွာ ဘတ္တီးရီးယားပုိးသတ္တဲ႔ဓာတ္ေတြပါ၀င္တာေၾကာင့္ေခ်ာင္းဆုိးတာကုိ အျမန္ဆံုးသက္သာေပ်ာက္ကင္းေစပါတယ္။ကြမ္းရည္အနည္းငယ္ကုိ ေလးညွင္းပြင့္အနည္းငယ္နဲ႔ေရာစပ္လုိ႔ အပူေပးျပီး တစ္ေန႔ကုိ သံုးၾကိမ္ေသာက္ေပးသင့္ပါတယ္။

*ေက်ာနာ၊ခါးနာနဲ႔ ၾကြက္သားေတာင့္တင္းတာကုိေျပေလ်ာ့ေစတယ္
ကြမ္းရြက္က အျမဲလိုလိုအိမ္မွာေဆာင္ထားသင့္တဲ႔ေဆး၀ါးတစ္လက္ပါပဲ။ေနာက္ေက်ာဘက္နာက်င္တာ၊ၾကြက္သားေတာင့္တင္းတာေတြကုိ ေျပေလ်ာ့ေစပါတယ္တဲ႔။ကြမ္းရြက္ဆီ ေက်ာကိုလိမ္းျပီးႏိွပ္နယ္ေပးတာက နာက်င္မႈကုိေလ်ွာ့ခ်ေပးပါတယ္။ၾကြက္သားေတြနာက်င္ေနတဲ႔အခါ ကြမ္းရြက္ဆီ
လိမ္းေပးျပီးႏွိပ္နယ္ေပးရင္ နာက်င္တာေတြ၊ေယာင္ယမ္းတာေတြကုိေပ်ာက္ကင္းေစပါတယ္။

*လန္းဆန္းတက္ၾကြေစတယ္
တစ္ခါတစ္ေလအလုပ္ပင္ပန္းတဲ႔အခါ စိတ္ကလည္းမတက္ၾကြေတာ့ပဲ ေလးလံထုိင္းမိႈင္းေနတတ္ပါတယ္။အဲ႔ဒီအခါ ကြမ္းရြက္ကအေထာက္အကူျဖစ္ေစပါတယ္။ကြမ္းရြက္အနည္းငယ္ကုိၾကိတ္ေခ်ျပီး စားပြဲတင္ဇြန္းတစ္ဇြန္းစာ နဲ႔ပ်ားရည္ဆတူကုိေရာစပ္ပါ။အဲ႔ဒါကုိ တစ္ေန႔ႏွစ္ၾကိမ္ ေရနဲ႔ေသာက္သံုးေပးႏုိင္ပါတယ္။ဒါက ခႏၶာကုိယ္တြင္းက ကုန္ဆံုးသြားတဲ႔အားအင္ေတြကုိျပန္လည္ျဖည့္တင္းေပးျပီးလန္းဆန္းတက္ၾကြလာေစပါတယ္။

*ေခါင္းကုိက္ေ၀ဒနာကိုသက္သာေစတယ္
ေခါင္းကုိက္ေ၀ဒနာဟာ လူတုိင္းလုိလုိၾကံဳေတြ႔ရတဲ႔ေ၀ဒနာတစ္ခုပါ။ဒီအတြက္ေဆးနည္းေကာင္းေလးကေတာ့ ကြမ္းရြက္ပါပဲ။ကြမ္းရြက္ကုိ နဖူးမွာကပ္ထားေပးရင္ ေခါင္းကုိက္ေ၀ဒနာကိုေပ်ာက္ကင္းေစပါတယ္တဲ႔။ဒါမွမဟုတ္ ကြမ္းရြက္ဆီအနည္းငယ္ကုိ ပြတ္လိမ္းေပးထားႏုိင္ပါတယ္။

*၀က္ျခံနဲ႔တစ္ျခားအေရျပားေရာဂါေတြကုိေလ်ာ့ပါးေစတယ္
ထူးထူးျခားျခားပါပဲ။ကြမ္းရြက္က ၀က္ျခံနဲ႔အေရျပားေရာဂါေတြကုိ ေပ်ာက္ကင္းေလ်ာ့ပါးေစပါတယ္တဲ႔။၀က္ျခံ၊အမည္းစက္၊ယားယံမႈ၊ခႏၶာကုိယ္အနံ႔ဆုိးထြက္တာေတြကုိ ကြမ္းရြက္က ေျဖရွင္းေပးႏိုင္ပါတယ္။ကြမ္းရြက္အနည္းငယ္ကုိၾကိတ္ေခ်ျပီးရလာတဲ႔အရည္နဲ႔ နႏြင္းမႈန္႔နည္းနည္းကုိေရာစပ္ျပီး ၀က္ျခံနဲ႔တစ္ျခားယားယံတဲ႔ေနရာေတြကုိလိမ္းေပးထားႏုိင္ပါတယ္။ဒါမွမဟုတ္ ကြမ္းရြက္ျပဳတ္ရည္ကုိ မ်က္ႏွာသစ္တာ၊အေရျပားေပၚလိမ္းတာေတြလည္းလုပ္ေပးႏုိင္ပါတယ္။တစ္ပတ္ကုိတစ္ခါ၊ႏွစ္ခါပံုမွန္လုပ္ေပးတဲ႔အခါ မ်က္ႏွာေပၚကအစက္အေျပာက္ေတြနဲ႔၀က္ျခံေတြကုိဖယ္ရွားေပးႏိုင္ပါတယ္။

Unicode

Betel Leaf လို့ခေါ်ကြတဲ့ ကွမ်းရွက်ဟာ ဆေးဖက်ဝင်အရွက်ဖြစ်မှန်းသိပေမဲ့ ဒီလောက်ထိအကျိုးကျေးဇူးများမယ်လို့မထင်ခဲ့မိတာအမှန်ပါပဲ။များသောအားဖြင့်ကွမ်းရွက်ကို မျက်လုံးညောင်းညာတဲ့အခါကပ်အိပ်တယ်။မျက်ရိုးကိုက်တဲ့အခါကပ်အိပ်တယ်။အဲ့ဒီအခါ အတော်လေးသက်သာလာတာကိုသတိထားမိကြမှာပါ။ဒီလိုသက်သာစေတဲ့အပြင်ကွမ်းရွက်မှာ တစ်ခြားကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိနေပါသေးတယ်။

*နာကျင်မှုသက်သာစေတယ်
ကွမ်းရွက်က Analgesic တစ်မျိုးပါပဲ။ဓားရှရာတွေ၊ပွန်းပဲ့ဒဏ်ရာတွေ၊ရောင်ရမ်းတာတွေကို ကွမ်းရက်လေးကြိတ်ချေပြီးအုပ်ပေးထားရုံနဲ့ နာကျင်မှုကိုသက်သာလျော့ပါးစေပါတယ်။ခန္ဓာကိုုယ်တွင်းကနာကျင်မှုတွေဖြစ်တဲ့ အစာမကြေတာ၊ဝမ်းပုံမှန်မဟုတ်တာ၊ဝမ်းချုပ်တာစတဲ့ဝေဒနာကိုလည်း ကွမ်းရွက်ကိုသေချာဆေးကြောပြီးဖျော်ရည်အဖြစ်သောက်သုံးပေးရင် နာကျင်မှုသက်သာစေပြီးဝမ်းပုံမှန်ဖြစ်စေပါတယ်။

*ဝမ်းပုံမှန်ဖြစ်စေတယ်
အထိုင်များတဲ့သူတွေဟာ မကြာခဏဆိုသလို ဝမ်းချုပ်တာ၊ဝမ်းပုံမှန်မဟုတ်တာတွေရှိတတ်ပါတယ်။ကွမ်းရွက်မှာပါတဲ့ antioxidant တွေဟာ ခန္ဓာကိုယ်ထဲကအဆိပ်အတောက််တွေကိုဖယ်ရှားပေးပြီး ဝမ်းရဲ ့PH level ကိုပုံမှန်ဖြစ်စေပါတယ်။ကွမ်းရက်ကို ၀ါးစားတာဖြစ်စေ တစ်ညလုံးရေစိမ်ပြီး မနက်သောက်ပေးတာဖြစ်စေ လုပ်ပေးတဲ့အခါ ဝမ်းသွားရလွယ်ကူပြီး ဝမ်းချုပ်တတ်တဲ့ဝေဒနာကိုလည်း လျော့ပါးလာစေပါတယ်။

*ခံတွင်းအတွက်ကောင်းမွန်စေတယ်
ကွမ်းရွက်ဟာ ခံတွင်းနံ့ကောင်းမွန်စေသလို ခံတွင်းထဲက ဘတ်တီးရီးယားတွေ၊ပိုးမွှားတွေကို လျော့ပါးစေပါတယ်။အဲ့ဒါကြောင့်ခံတွင်းန့ံဆိုးထွက်တာကိုတားဆီးပေးနိုင်ပြီး သွားဖုံးတွေ၊သွားတွေကို ပိုပြီးသန်မာခိုင်မာလာစေပါတယ်။ကွမ်းရွက်ကိုရေနဲ့သန့်သန့်ဆေးပြီး ရေအနည်းငယ်နဲ့ဆူအောင်တည်ပါ။ပြီးရင် အဲ့ဒီအရည်နဲ့ပလုတ်ကျင်းတာ၊ခံတွင်းသန့်ဆေးရည်အဖြစ်သုံးတာမျိုးလုပ်ပေးနိုင်ပါတယ်။

*ချောင်းဆိုးပျောက်ကင်းစေတယ်
ကွမ်းရွက်ကချောင်းဆိုးပျောက်စေတယ်ဆိုတာတော့ တော်တော်များများသိကြမှာပါ။ကွမ်းရွက်မှာ ဘတ်တီးရီးယားပိုးသတ်တဲ့ဓာတ်တွေပါဝင်တာကြောင့်ချောင်းဆိုးတာကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ကွမ်းရည်အနည်းငယ်ကို လေးညှင်းပွင့်အနည်းငယ်နဲ့ရောစပ်လို့ အပူပေးပြီး တစ်နေ့ကို သုံးကြိမ်သောက်ပေးသင့်ပါတယ်။

*ကျောနာ၊ခါးနာနဲ့ ကြွက်သားတောင့်တင်းတာကိုပြေလျော့စေတယ်
ကွမ်းရွက်က အမြဲလိုလိုအိမ်မှာဆောင်ထားသင့်တဲ့ဆေးဝါးတစ်လက်ပါပဲ။နောက်ကျောဘက်နာကျင်တာ၊ကြွက်သားတောင့်တင်းတာတွေကို ပြေလျော့စေပါတယ်တဲ့။ကွမ်းရွက်ဆီ ကျောကိုလိမ်းပြီးနှိပ်နယ်ပေးတာက နာကျင်မှုကိုလျှော့ချပေးပါတယ်။ကြွက်သားတွေနာကျင်နေတဲ့အခါ ကွမ်းရွက်ဆီ
လိမ်းပေးပြီးနှိပ်နယ်ပေးရင် နာကျင်တာတွေ၊ယောင်ယမ်းတာတွေကိုပျောက်ကင်းစေပါတယ်။

*လန်းဆန်းတက်ကြွစေတယ်
တစ်ခါတစ်လေအလုပ်ပင်ပန်းတဲ့အခါ စိတ်ကလည်းမတက်ကြွတော့ပဲ လေးလံထိုင်းမှိုင်းနေတတ်ပါတယ်။အဲ့ဒီအခါ ကွမ်းရွက်ကအထောက်အကူဖြစ်စေပါတယ်။ကွမ်းရွက်အနည်းငယ်ကိုကြိတ်ချေပြီး စားပွဲတင်ဇွန်းတစ်ဇွန်းစာ နဲ့ပျားရည်ဆတူကိုရောစပ်ပါ။အဲ့ဒါကို တစ်နေ့နှစ်ကြိမ် ရေနဲ့သောက်သုံးပေးနိုင်ပါတယ်။ဒါက ခန္ဓာကိုယ်တွင်းက ကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးပြီးလန်းဆန်းတက်ကြွလာစေပါတယ်။

*ခေါင်းကိုက်ဝေဒနာကိုသက်သာစေတယ်
ခေါင်းကိုက်ဝေဒနာဟာ လူတိုင်းလိုလိုကြုံတွေ့ရတဲ့ဝေဒနာတစ်ခုပါ။ဒီအတွက်ဆေးနည်းကောင်းလေးကတော့ ကွမ်းရွက်ပါပဲ။ကွမ်းရွက်ကို နဖူးမှာကပ်ထားပေးရင် ခေါင်းကိုက်ဝေဒနာကိုပျောက်ကင်းစေပါတယ်တဲ့။ဒါမှမဟုတ် ကွမ်းရွက်ဆီအနည်းငယ်ကို ပွတ်လိမ်းပေးထားနိုင်ပါတယ်။

*ဝက်ခြံနဲ့တစ်ခြားအရေပြားရောဂါတွေကိုလျော့ပါးစေတယ်
ထူးထူးခြားခြားပါပဲ။ကွမ်းရွက်က ဝက်ခြံနဲ့အရေပြားရောဂါတွေကို ပျောက်ကင်းလျော့ပါးစေပါတယ်တဲ့။ဝက်ခြံ၊အမည်းစက်၊ယားယံမှု၊ခန္ဓာကိုယ်အနံ့ဆိုးထွက်တာတွေကို ကွမ်းရွက်က ဖြေရှင်းပေးနိုင်ပါတယ်။ကွမ်းရွက်အနည်းငယ်ကိုကြိတ်ချေပြီးရလာတဲ့အရည်နဲ့ နနွင်းမှုန့်နည်းနည်းကိုရောစပ်ပြီး ဝက်ခြံနဲ့တစ်ခြားယားယံတဲ့နေရာတွေကိုလိမ်းပေးထားနိုင်ပါတယ်။ဒါမှမဟုတ် ကွမ်းရွက်ပြုတ်ရည်ကို မျက်နှာသစ်တာ၊အရေပြားပေါ်လိမ်းတာတွေလည်းလုပ်ပေးနိုင်ပါတယ်။တစ်ပတ်ကိုတစ်ခါ၊နှစ်ခါပုံမှန်လုပ်ပေးတဲ့အခါ မျက်နှာပေါ်ကအစက်အပြောက်တွေနဲ့ဝက်ခြံတွေကိုဖယ်ရှားပေးနိုင်ပါတယ်။

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.