ဒီအချက်တွေသင်ပိုင်ဆိုင်ထားရင် သင်ဟာ တကယ်ရင့်ကျက်သူဖြစ်ပြီ!
Unicode
အသက်တစ်နှစ်ပိုုကြီးလာတိုင်း တကယ်ရင့်ကျက်သွားတာမဟုတ်ပါဘူး။အသက်သာကြီးလာတယ် စိတ်က ကလေးဆန်နေတဲ့သူတွေရှိပါသေးတယ်။တစ်ချို့ကတော့အသက်ငယ်ပေမဲ့ စိတ်ကရင့်ကျက်ကြတယ်။ဒီလိုဆို တကယ်ရင့်ကျက်သူတစ်ယောက်ဖြစ်မှန်းဘယ်လိုသိနိုင်မလဲ?ဒီအချက်လေးတွေသင့်မှာရှိနေလား ကြည့်လိုက်ပါ။
*ကိုယ့်စိတ်အခြေအနေကိုယ်နားလည်တယ်
ကိုယ်ဘယ်လိုခံစားရတယ်။ကိုယ်ဘာကြောင့်ဒီလိုခံစားရတယ်။ကိုယ့်စိတ်အခြေအနေဟာ ဘယ်အဆင့်ထိလဲစတာတွေကိုသေချာနားလည်ထားပြီး ကိုယ့်စိတ်ကိုသေချာသိနေပြီလား?
*ကိုယ့်ခံစားချက်နဲ့ကိုယ်သက်တောင့်သက်သာရှိတယ်
တစ်ယောက်ယောက်ကိုအရမ်းကြီးချစ်မိသွားမှာစိုးလို့ထိန်းချုပ်ထားတာမျိုး၊စိတ်ကိုချုပ်တည်းထားတာမျိုးမရှိပဲ စိတ်ကို ပေါ့ပေါ့ပါးပါးပဲထားတယ်။အကောင်းပဲလာလာ အဆိုးပဲလာလာ စိတ်ကအလွယ်တကူလက်ခံနိုင်တယ်။အေးအေးဆေးဆေးပဲတုံ့ပြန်နိုင်တယ်။ခဏတာစိတ်ခံစားချက်လေးကို
လွှတ်မပေးလိုက်ပဲ ကောင်းကောင်းထိန်းထားနိုင်တယ်။ကိုယ့်စိတ်ကိုယ် ဖိအားမပေးဘူး။
*စိတ်ကို အလွယ်တကူမဖော်ပြတော့ဘူး
ကိုယ့်စိတ်ခံစားချက်က ကိုယ့်ကိုပြန်ထိန်းချုပ်သွားတာမျိုးအဖြစ်မခံတော့ဘူး။ကိုယ့်ရဲ့ စိတ်ကိုဖော်ပြနေတဲ့အပြုအမူတွေကို တော်ရုံမလုပ်ဖြစ်တော့ဘူး။ကိုယ့်မှာဖြစ်နေတဲ့လက်ရှိခံစားချက်တွေကို အပြင်ကိုမဖော်ပြပဲ အချိန်ခဏလေးပေးပြီး ဆုံးဖြတ်နိုင်စွမ်းရှိလာတယ်။ဘယ်အရာကိုစိတ်ကလက်ခံရမယ်။ဘယ်အရာကိုဖယ်ထုတ်ရမယ်ဆိုတာ စဉ်းစားတတ်လာတယ်။တစ်ခုခုဆို စိတ်လှုပ်ရှားဝုန်းဒိုင်းကြဲမယ့်အစား အဲ့ဒီခဏလေးပြီးသွားတဲ့အချိန်ကို စောင့်ပြီးရင်ဆိုင်တတ်လာတယ်။
*ကိုယ့်ခံစားချက်အတွက်သူများကိုအပြစ်မတင်တတ်တော့ဘူး
ကိုယ်စိတ်ချမ်းသာတာ၊ကိုယ်စိတ်ညစ်တာက ကိုယ်နဲ့ပဲဆိုင်ပါတယ်။တစ်ခြားသူကြောင့်မဟုတ်ပါဘူး။တစ်ခြားသူကြောင့်ကိုယ်စိတ်ချမ်းသာမှာကိုစောင့်မနေတတ်တော့ဘူး။ကိုယ်စိတ်ချမ်းသာဖို့အတွက် တစ်ခြားတစ်ယောက်မှာတာဝန်မရှိဘူးလို့သိလာတဲ့အချိန်က သင်ရင့်ကျက်လာတာပါပဲ။
*အပူအပင်မရှိအေးချမ်းလာတယ်
ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်အေးအေးဆေးဆေးဆုံးဖြတ်လာတတ်တယ်။စဉ်းစားတွေးခေါ်နိုင်စွမ်းရှိလာတယ်။စိတ်ခံစားချက်ဆိုတာ အလိုလိုက်စရာမလိုပဲ သေချာကိုင်တွယ်နိုင်ရင်ရတယ်ဆိုတာသိလာတယ်။သွေးအေးအေးနဲ့ အရာရာကို လက်ခံတတ်လာတယ်။အဲ့ဒါဆိုရင် စိတ်ကလည်းအလိုလိုအေးချမ်းလာပါတယ်။ဘဝကိုပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းတတ်လာတယ်။
သင်ရော စိတ်အေးချမ်းနေပြီလား?တစ်ခုခုကိုသွေးမပူပဲ အေးအေးဆေးဆေးရင်ဆိုင်တတ်နေပြီလား?ဒီအချက်တွေပါ ပိုင်ဆိုင်ထားရင်တော့ သင်ဟာရင့်ကျက်သူတစ်ယောက်ဖြစ်နေပါပြီ။
628 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.