ဖခင္မရွိတဲ႔သူတစ္ေယာက္ရဲ႕နက္နဲတဲ႔စိတ္ခံစားခ်က္ေတြကိုအခ်င္းခ်င္းသာနားလည္နုိင္တာပါ…

လူ႕အသက္တစ္ေခ်ာင္းဆုိတာဘယ္ေလာက္ထိေနမွရမယ္လုိ႕သတ္မွတ္ထားလို႕မရေတာ႔လည္းခက္သား။ လူတုိင္းလူတုိင္းရင္ထဲမွာကိုယ္ခ်စ္ရသူတစ္စံုတစ္ဦးေသဆံုးသြားတဲ႔အရာသခၤါရတရားကိုနားလည္ပင္မဲ႔လည္းရင္ထုမနာခံစားတတ္ျကပါတယ္။ အထူးသျဖင္႔ကိုယ္႔မိဘေတြေသဆံုးသြားတ႔ဲအခါေပါ႔…အိမ္ေထာင္ဦးစီးျဖစ္တဲ႔ဖခင္ေသဆံုးသြားတဲ႔သူေတြရဲ႕ရင္ထဲမွာ အခ်င္းခ်င္းသာနားလည္နုိင္တဲ႔ နာက်င္ခံစားမႈေတြရွိတတ္ျကပါတယ္။ မိသားစုရဲ႕အျကီးအကဲဖခင္ျကီးကြယ္လြန္သြားေတာ႔ ကိုယ္႔အတြက္အားကိုးမဲ႔သြားသလုိလုိ၊ အထီးက်န္သြားသလုိလုိ၊ မလံုျခံဳတဲ႔ဘ၀မွာေနေနရသလိုခံစားရတတ္ပါတယ္။ တစ္ျခားမိစံုဖစံုသူေတြေတြ႕ရင္လည္း မနာလိုတာမဟုတ္ပဲအားက်စိတ္နဲ႕မ်က္ရည္၀ဲမိျကပါေသးတယ္။ ဖခင္ျကီးရဲ႕တည္ျကည္တဲ႔စကားေတြ ေႏြးေထြးတဲ႔အျပံဳးေတြ၊ ေျပာခဲပင္မဲ႔တစ္ခါတစ္ရံေျပာတတ္တဲ႔ရယ္စရာေလးေတြ၊ မသိတာေတြကိုေအးေအးေဆးေဆးရွင္းျပေပးတဲ႔နႈတ္ခမ္းတစ္စံုေတြကို လြမ္းမိျကမွာပါ။ အေဖဆိုတာမ်ိဳးကမေျပာရင္သာေနမယ္သားသမီးကိုရင္ထဲမွာသိပ္ကိုတန္ဖိုးထားျပီးခ်စ္တတ္ျကတဲ႔အမ်ိဳးပါ။ သားေရ..လာကြာ အေဖ႔ကိုကူအံုး…သမီးေရ လမ္းသြားလမ္းလာဂရုစိုက္ေနာ္…အစရွိတဲ႔ဖခင္ရဲ႕သားသမီးေတြအေပး ဂရုစိုက္တာေတြ ျကင္ျကင္နာနာေျပာတာေလးေတြကလည္း သားသမီးတုိင္းရဲ႕ရင္ထဲထိအမွတ္ရေနေစတာမ်ိဳးပါ။ ဖခင္ျကီးမရွိတဲ႔မိသားစုမွာ ဘာေတြပဲဘယ္လုိျပည္႔စံုေနပါေစ တစ္ခါတစ္ရံေတာ႔ ကိုယ္႔အတြက္ေႏြးေထြးျပီးျကင္နာတတ္တဲ႔အားကိုးစရာဖခင္ျကီးရဲ႕အေငြ႕သက္ကို ဖေအမရွိေတာ႔တဲ႔သူတုိင္း လြမ္းေနမိမွပါ….မင္းကလည္းဘာေျကာင္႔အလကားအားငယ္ေနတာလဲ လူပဲေသခ်ိန္တန္ေသမွာေပါ႔ဆိုတာမ်ိဳး မေျပာမိပါေစနဲ႕…ဖခင္ဆိုတဲ႔မဟာတံတုိင္းျကီးကိုယ္႔ဘ၀ထဲကေပ်ာက္ဆံုးသြားတဲ႔ခံစားခ်က္ကို ဘ၀တူေတြအခ်င္းခ်င္းသာကိုယ္ခ်င္းစာနုိင္မွာပါ…

 

Unicode

လူ့အသက်တစ်ချောင်းဆိုတာဘယ်လောက်ထိနေမှရမယ်လို့သတ်မှတ်ထားလို့မရတော့လည်းခက်သား။ လူတိုင်းလူတိုင်းရင်ထဲမှာကိုယ်ချစ်ရသူတစ်စုံတစ်ဦးသေဆုံးသွားတဲ့အရာသင်္ခါရတရားကိုနားလည်ပင်မဲ့လည်းရင်ထုမနာခံစားတတ်ကြပါတယ်။ အထူးသဖြင့်ကိုယ့်မိဘတွေသေဆုံးသွားတဲ့အခါပေါ့…အိမ်ထောင်ဦးစီးဖြစ်တဲ့ဖခင်သေဆုံးသွားတဲ့သူတွေရဲ့ရင်ထဲမှာ အချင်းချင်းသာနားလည်နိုင်တဲ့ နာကျင်ခံစားမှုတွေရှိတတ်ကြပါတယ်။ မိသားစုရဲ့အကြီးအကဲဖခင်ကြီးကွယ်လွန်သွားတော့ ကိုယ့်အတွက်အားကိုးမဲ့သွားသလိုလို၊ အထီးကျန်သွားသလိုလို၊ မလုံခြုံတဲ့ဘဝမှာနေနေရသလိုခံစားရတတ်ပါတယ်။ တစ်ခြားမိစုံဖစုံသူတွေတွေ့ရင်လည်း မနာလိုတာမဟုတ်ပဲအားကျစိတ်နဲ့မျက်ရည်ဝဲမိကြပါသေးတယ်။ ဖခင်ကြီးရဲ့တည်ကြည်တဲ့စကားတွေ နွေးထွေးတဲ့အပြုံးတွေ၊ ပြောခဲပင်မဲ့တစ်ခါတစ်ရံပြောတတ်တဲ့ရယ်စရာလေးတွေ၊ မသိတာတွေကိုအေးအေးဆေးဆေးရှင်းပြပေးတဲ့နှုတ်ခမ်းတစ်စုံတွေကို လွမ်းမိကြမှာပါ။ အဖေဆိုတာမျိုးကမပြောရင်သာနေမယ်သားသမီးကိုရင်ထဲမှာသိပ်ကိုတန်ဖိုးထားပြီးချစ်တတ်ကြတဲ့အမျိုးပါ။ သားရေ..လာကွာ အဖေ့ကိုကူအုံး…သမီးရေ လမ်းသွားလမ်းလာဂရုစိုက်နော်…အစရှိတဲ့ဖခင်ရဲ့သားသမီးတွေအပေး ဂရုစိုက်တာတွေ ကြင်ကြင်နာနာပြောတာလေးတွေကလည်း သားသမီးတိုင်းရဲ့ရင်ထဲထိအမှတ်ရနေစေတာမျိုးပါ။ ဖခင်ကြီးမရှိတဲ့မိသားစုမှာ ဘာတွေပဲဘယ်လိုပြည့်စုံနေပါစေ တစ်ခါတစ်ရံတော့ ကိုယ့်အတွက်နွေးထွေးပြီးကြင်နာတတ်တဲ့အားကိုးစရာဖခင်ကြီးရဲ့အငွေ့သက်ကို ဖအေမရှိတော့တဲ့သူတိုင်း လွမ်းနေမိမှပါ….မင်းကလည်းဘာကြောင့်အလကားအားငယ်နေတာလဲ လူပဲသေချိန်တန်သေမှာပေါ့ဆိုတာမျိုး မပြောမိပါစေနဲ့…ဖခင်ဆိုတဲ့မဟာတံတိုင်းကြီးကိုယ့်ဘဝထဲကပျောက်ဆုံးသွားတဲ့ခံစားချက်ကို ဘဝတူတွေအချင်းချင်းသာကိုယ်ချင်းစာနိုင်မှာပါ…

76 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.