Black Knight ဇာတ္လမ္းတြဲရုိက္ကူးခဲ႔တဲ႔ Slovenia ႏုိင္ငံရဲ ႔ထူးျခားခ်က္ေလးေတြ…

Black Knight ဇာတ္လမ္းတြဲထဲမွာ တစ္စိတ္တစ္ပုိင္းအေနနဲ႔ပါ၀င္ခဲ႔တဲ႔ Slovenia ႏုိင္ငံေလးကုိမွတ္မိၾကေသးလား?ဥေရာပႏုိင္ငံတစ္ႏုိင္ငံျဖစ္တဲ႔ Slovenia ႏုိင္ငံဟာ ရုပ္ရွင္ထဲမွာခဏေလးပါတာေတာင္ လွပလြန္းလု႔ိ အဲဒ့ီေနရာေလးကုိ ခရီးထြက္ခ်င္စိတ္ေပါက္သူေတြရွိၾကမွာပါ။ဒါေၾကာင့္ ခရီးမထြက္ျဖစ္ေသးရင္ေတာင္ စိတ္အဆာေျပေလးအျဖစ္ Slovenia ႏုိင္ငံရဲ ႔ထူးးျခားခ်က္ေလးေတြ၊စိတ္၀င္စားစရာအခ်က္ေလးေတြကုိမ်ွေ၀ေပးလိုက္ပါတယ္။

*ဥေရာပရဲ႔အလွဆံုးဆုိတဲ႔ လိုဏ္ဂူေတြ အဲ႔ဒီမွာေတ႔ြရလိမ့္မယ္

Slovenia ႏုိင္ငံမွာ လုိဏ္ဂူေပါင္း ၁၀၀၀၀ ေက်ာ္ေတာင္ရွိပါတယ္။အေက်ာ္ၾကားဆံုးကေတာ့ Postojna ဆုိတဲ႔လိုဏ္ဂူပါ။ဥေရာပခရီးသြားေတြတအံ႔တၾသလာေရာက္ၾကည့္ရႈရတဲ႔လိုဏ္ဂူလည္းျဖစ္ပါတယ္။

*၀ုိင္ဟာ ေန႔စဥ္မရွိမျဖစ္လိုအပ္ခ်က္
Slovenia ႏုိင္ငံသားေတြဟာ၀ုိင္လည္းထုတ္လုုပ္ၾကသလုိ ေန႔တုိင္းလည္းပံုမွန္အနည္းအက်ဥ္းေသာက္ေလ့ရွိၾကပါတယ္။အဲ႔ဒီကုိသြားျဖစ္ရင္ေတာ့၀ုိင္ေလးျမည္းစမ္းၾကည့္ခဲ႔ဖုိ႔ မေမ့နဲ႔ေနာ္

*Slovenia ေတြဟာ စြန္႔စားလိုစိတ္ရွိသူေတြျဖစ္တယ္

Mt Everest ေတာင္ေပၚမွာ ပထမဆံုးလက္ထပ္ခဲ႔တဲ႔စံုတြဲဟာ Slovenia ႏုိင္ငံကပါတဲ႔။

*ကမာၻအၾကီးဆံုးစကိတ္ကြင္းျပင္က်ယ္ဟာ Slovenia မွာရွိတယ္
Slovenia ေရာက္ရင္ ပ်င္းခ်ိန္ေတာင္ရွိမွာမဟုတ္ပါဘူး။စကိတ္စီးရတာၾကိဳက္တဲ႔သူေတြအတြက္ ဒီခရီးက အေတာ္ေလးေပ်ာ္စရာေကာင္းမွာပါ။

*Slovenia မွာ ၀က္၀ံညိဳ အေကာင္ ၄၀၀ေက်ာ္ရွိပါတယ္တဲ႔

Slovenia ႏုိင္ငံရဲ ႔၆၀ရာခိုင္နႈန္းေလာက္ဟာ သစ္ပင္ပန္းပင္ေတြနဲ႔စိမ္းလန္းတဲ႔ေတာေတာင္ျဖစ္တာေၾကာင့္ ၀က္၀ံညိဳေတြအေနနဲ႔လည္းေဘးအႏၱရာယ္ကင္းရွင္းစြာေနထုိင္လုိ႔ရပါတယ္။၀က္၀ံေလးေတြခ်စ္တတ္ရင္ သြားၾကည့္ဖုိ႔လည္းမေမ့နဲ႔ေနာ္

*ခ်စ္စရာေကာင္းတဲ႔လက္ထပ္ပြဲရုိးရာဓေလ့ေလးေတြရွိတယ္

Slovenia ႏိုင္ငံကခ်စ္သူစံုတြဲေတြ Bled Island မွာရွိတဲ႔ ဘုရားေက်ာင္းမွာလက္ထပ္ၾကတဲ႔အခါ သတုိ႔သားက သတုိ႔သမီးကုိ ေျခလွမ္း ၉၉ လွမ္းစာခ်ီရပါတယ္တဲ႔။

*အသက္အၾကီးဆံုးႏြယ္ပင္ဟာ Slovenia မွာရွိတယ္

သက္တမ္း ၄၀၀ ရွိတဲ႔ကမာၻ႔အသက္အၾကီးဆံုးႏြယ္ပင္ဟာ Slovenia နုိင္ငံ Maribor ျမိဳ႔မွာရွိပါတယ္။တကယ့္အလွအပအေမြအႏွစ္ေတြစုပံုေနတဲ႔ႏုိင္ငံေလးလုိ႔ပဲေျပာရမွာပါပဲ။

*Slovenia လူမ်ိဳးေတြဟာ တစ္ေယာက္တစ္မ်ိဳးစီေခ်ာၾကပါတယ္တဲ႔
Slovenia ႏုိင္ငံသူ၊ႏုိင္ငံသားေတြဟာဆုိရင္ ရုပ္အရမ္းဆုိးေနတဲ႔သူေတြမရွိပဲ တစ္ေယာက္တစ္မ်ိဳးစီၾကည့္ေကာင္းေနတာပါပဲတဲ႔။

*ရုပ္ရွင္ဖန္တီးသူေတြဟာဆုိရင္လည္း ဒီႏုိင္ငံေလးကုိသေဘာက်ၾကတယ္

Narnia ဇာတ္ကားေလးေတြဟာ Slovenia ႏုိင္ငံေလးမွာရိုက္ကူးထားတယ္ဆုိတာ မသိေသးဘူးမဟုတ္လား။Black Knight ဇာတ္လမ္းတြဲထဲမွာဆုိရင္လည္းSlovenia ႏုိင္ငံေလးဟာ လွပျပီးခရီးသြားေတြကုိဆြဲေဆာင္ႏုိင္တဲ႔ဇာတ္၀င္ခန္းအျဖစ္ပါ၀င္ထားတာပါ။

*Slovenia ဟာ နဂါးေတြရဲ ႔က်က္စားရာနယ္ေျမလည္းျဖစ္တယ္
Slovenia ႏုိင္ငံရဲ ႔ျမိဳ႔ေတာ္ Ljubljana ရဲ ႔သေကၤတဟာ နဂါးပံုရိပ္လုိ႔လည္းေျပာလုိ႔ရပါတယ္။Ljubljana ျမိဳ႔ေတာ္မွာရွိတဲ႔ Dragon Bridge မွာဆုိ နဂါးအၾကီးေလးေကာင္၊အစိမ္းေရာင္နဂါးအေသးေလး ၁၆ေကာင္ေတာင္ဖန္တီးထုလုပ္ထားပါတယ္။

*Slovenia ႏုိင္ငံမွာ နန္းေတာ္ပံုစံအေဆာက္အဦးေပါင္း ၅၀၀ ေက်ာ္ေတာင္ရွိပါတယ္
Slovenia မွာ လွပျပီးခမ္းနားတဲ႔နန္းေတာ္ပံုစံအေဆာက္အဦး ၅၀၀ ေက်ာ္ေတာင္ရွိပါတယ္တဲ႔။ဒီလုိနန္းေတာ္အေဆာက္အဦးေတြကုိ ျပတုိက္၊စားေသာက္ဆုိင္၊ျပခန္း၊ဟုိတယ္ေတြအျဖစ္အသြင္ေျပာင္းကာထိန္းသိမ္းထားတာျဖစ္စပါတယ္။နာမည္အၾကီးဆံုးနန္းေတာ္ကေတာ့ ဂူထဲမွာေဆာက္လုပ္ထားတဲ႔ Predjama နန္းေတာ္ပါပဲ။Black Knight ထဲမွာပါတဲ႔ နန္းေတာ္အေဆာက္အဦးဟာ Predjama ပဲျဖစ္ပါတယ္။

ဒါေတြကေတာ့ Slovenia ႏုိင္ငံရဲ႔ စိတ္၀င္စားစရာေကာင္းျပီးလည္ပတ္ခ်င္စရာေကာင္းတဲ႔အေၾကာင္းရင္းေလးေတြပဲျဖစ္ပါတယ္။သြားလည္ျဖစ္တဲ႔အခါ ဓာတ္ပံုလွလွေလးေတြရုိက္ခဲ႔ဖုိ႔လည္း မေမ့နဲ႔ေနာ္

Unicode

Black Knight ဇာတ်လမ်းတွဲထဲမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ခဲ့တဲ့ Slovenia နိုင်ငံလေးကိုမှတ်မိကြသေးလား?ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Slovenia နိုင်ငံဟာ ရုပ်ရှင်ထဲမှာခဏလေးပါတာတောင် လှပလွန်းလို့ အဲဒီ့နေရာလေးကို ခရီးထွက်ချင်စိတ်ပေါက်သူတွေရှိကြမှာပါ။ဒါကြောင့် ခရီးမထွက်ဖြစ်သေးရင်တောင် စိတ်အဆာပြေလေးအဖြစ် Slovenia နိုင်ငံရဲ ့ထူးးခြားချက်လေးတွေ၊စိတ်ဝင်စားစရာအချက်လေးတွေကိုမျှဝေပေးလိုက်ပါတယ်။

*ဥရောပရဲ့အလှဆုံးဆိုတဲ့ လိုဏ်ဂူတွေ အဲ့ဒီမှာတွေ့ရလိမ့်မယ်
Slovenia နိုင်ငံမှာ လိုဏ်ဂူပေါင်း ၁၀၀၀၀ ကျော်တောင်ရှိပါတယ်။အကျော်ကြားဆုံးကတော့ Postojna ဆိုတဲ့လိုဏ်ဂူပါ။ဥရောပခရီးသွားတွေတအံ့တသြလာရောက်ကြည့်ရှုရတဲ့လိုဏ်ဂူလည်းဖြစ်ပါတယ်။

*ဝိုင်ဟာ နေ့စဉ်မရှိမဖြစ်လိုအပ်ချက်
Slovenia နိုင်ငံသားတွေဟာဝိုင်လည်းထုတ်လုုပ်ကြသလို နေ့တိုင်းလည်းပုံမှန်အနည်းအကျဉ်းသောက်လေ့ရှိကြပါတယ်။အဲ့ဒီကိုသွားဖြစ်ရင်တော့ဝိုင်လေးမြည်းစမ်းကြည့်ခဲ့ဖို့ မမေ့နဲ့နော်

*Slovenia တွေဟာ စွန့်စားလိုစိတ်ရှိသူတွေဖြစ်တယ်
Mt Everest တောင်ပေါ်မှာ ပထမဆုံးလက်ထပ်ခဲ့တဲ့စုံတွဲဟာ Slovenia နိုင်ငံကပါတဲ့။

*ကမ္ဘာအကြီးဆုံးစကိတ်ကွင်းပြင်ကျယ်ဟာ Slovenia မှာရှိတယ်
Slovenia ရောက်ရင် ပျင်းချိန်တောင်ရှိမှာမဟုတ်ပါဘူး။စကိတ်စီးရတာကြိုက်တဲ့သူတွေအတွက် ဒီခရီးက အတော်လေးပျော်စရာကောင်းမှာပါ။

*Slovenia မှာ ဝက်ဝံညို အကောင် ၄ဝဝကျော်ရှိပါတယ်တဲ့
Slovenia နိုင်ငံရဲ ့၆ဝရာခိုင်နှုန်းလောက်ဟာ သစ်ပင်ပန်းပင်တွေနဲ့စိမ်းလန်းတဲ့တောတောင်ဖြစ်တာကြောင့် ဝက်ဝံညိုတွေအနေနဲ့လည်းဘေးအန္တရာယ်ကင်းရှင်းစွာနေထိုင်လို့ရပါတယ်။ဝက်ဝံလေးတွေချစ်တတ်ရင် သွားကြည့်ဖို့လည်းမမေ့နဲ့နော်

*ချစ်စရာကောင်းတဲ့လက်ထပ်ပွဲရိုးရာဓလေ့လေးတွေရှိတယ်
Slovenia နိုင်ငံကချစ်သူစုံတွဲတွေ Bled Island မှာရှိတဲ့ ဘုရားကျောင်းမှာလက်ထပ်ကြတဲ့အခါ သတို့သားက သတို့သမီးကို ခြေလှမ်း ၉၉ လှမ်းစာချီရပါတယ်တဲ့။

*အသက်အကြီးဆုံးနွယ်ပင်ဟာ Slovenia မှာရှိတယ်
သက်တမ်း ၄၀၀ ရှိတဲ့ကမ္ဘာ့အသက်အကြီးဆုံးနွယ်ပင်ဟာ Slovenia နိုင်ငံ Maribor မြို့မှာရှိပါတယ်။တကယ့်အလှအပအမွေအနှစ်တွေစုပုံနေတဲ့နိုင်ငံလေးလို့ပဲပြောရမှာပါပဲ။

*Slovenia လူမျိုးတွေဟာ တစ်ယောက်တစ်မျိုးစီချောကြပါတယ်တဲ့
Slovenia နိုင်ငံသူ၊နိုင်ငံသားတွေဟာဆိုရင် ရုပ်အရမ်းဆိုးနေတဲ့သူတွေမရှိပဲ တစ်ယောက်တစ်မျိုးစီကြည့်ကောင်းနေတာပါပဲတဲ့။

*ရုပ်ရှင်ဖန်တီးသူတွေဟာဆိုရင်လည်း ဒီနိုင်ငံလေးကိုသဘောကျကြတယ်
Narnia ဇာတ်ကားလေးတွေဟာ Slovenia နိုင်ငံလေးမှာရိုက်ကူးထားတယ်ဆိုတာ မသိသေးဘူးမဟုတ်လား။Black Knight ဇာတ်လမ်းတွဲထဲမှာဆိုရင်လည်းSlovenia နိုင်ငံလေးဟာ လှပပြီးခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ဇာတ်ဝင်ခန်းအဖြစ်ပါဝင်ထားတာပါ။

*Slovenia ဟာ နဂါးတွေရဲ ့ကျက်စားရာနယ်မြေလည်းဖြစ်တယ်
Slovenia နိုင်ငံရဲ ့မြို့တော် Ljubljana ရဲ ့သင်္ကေတဟာ နဂါးပုံရိပ်လို့လည်းပြောလို့ရပါတယ်။Ljubljana မြို့တော်မှာရှိတဲ့ Dragon Bridge မှာဆို နဂါးအကြီးလေးကောင်၊အစိမ်းရောင်နဂါးအသေးလေး ၁၆ကောင်တောင်ဖန်တီးထုလုပ်ထားပါတယ်။

*Slovenia နိုင်ငံမှာ နန်းတော်ပုံစံအဆောက်အဦးပေါင်း ၅၀၀ ကျော်တောင်ရှိပါတယ်
Slovenia မှာ လှပပြီးခမ်းနားတဲ့နန်းတော်ပုံစံအဆောက်အဦး ၅၀၀ ကျော်တောင်ရှိပါတယ်တဲ့။ဒီလိုနန်းတော်အဆောက်အဦးတွေကို ပြတိုက်၊စားသောက်ဆိုင်၊ပြခန်း၊ဟိုတယ်တွေအဖြစ်အသွင်ပြောင်းကာထိန်းသိမ်းထားတာဖြစ်စပါတယ်။နာမည်အကြီးဆုံးနန်းတော်ကတော့ ဂူထဲမှာဆောက်လုပ်ထားတဲ့ Predjama နန်းတော်ပါပဲ။Black Knight ထဲမှာပါတဲ့ နန်းတော်အဆောက်အဦးဟာ Predjama ပဲဖြစ်ပါတယ်။

ဒါတွေကတော့ Slovenia နိုင်ငံရဲ့ စိတ်ဝင်စားစရာကောင်းပြီးလည်ပတ်ချင်စရာကောင်းတဲ့အကြောင်းရင်းလေးတွေပဲဖြစ်ပါတယ်။သွားလည်ဖြစ်တဲ့အခါ ဓာတ်ပုံလှလှလေးတွေရိုက်ခဲ့ဖို့လည်း မမေ့နဲ့နော်

181 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.