ကိုယ်လုပ်ချင်တာ လုပ်လိုက်ရမှ ကျေနပ်တာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်အားလုံးကို လက်ခံတယ်လို့ဆိုတဲ့ ယုန်လေး

521900_557117187682532_215059611_n.jpg

ရက်ပ်ပါတစ်ယောက်အနေနဲ့ လူသိများသလို ခုဆိုရင် သရုပ်ဆောင်ဘက်မှာပါ တွေ့လာရတဲ့ ယုန်လေးနဲ့ တွေ့ဆုံခိုက် လူဆိုးကြီးများနဲ့ တေးစီးရီးအကြောင်းနဲ့ သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုတွေ အကြောင်း စတင်မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘‘အခုလတ်လလောမှာ ကိုခန့်၊ မကြီးစိုးတို့နဲ့အတူ ခရီးသွား မိသားစုဆိုတဲ့ကားလေးကို ရိုက်ထားတယ်။ ပြီးတော့ လူဆိုးကြီးများနေ့ကို ဗီစီဒီ ရိုက်နေတယ်။ အခွေအခြေအနေကတော့ ကောင်းပါတယ်။ အရင်ကတော့ စီဒီဆို သိပ်အားမပေးကြဘူး။ ဒါပေမဲ့ အခုတော့ သီချင်းတွေလဲ ဖွင့်သံကြားတယ်။ သီချင်းတောင်း တာတွေလဲကြားတယ်။ Facebook ထဲကို ကျွန်တော့်စာသားလေးတွေတက်လာတာ အွန်လိုင်းပေါ်မှာ တွေ့ရတယ်။ ရှေ့အခွေတွေတုန်းကတော့ လူငယ်တော်တော်ဆန်ထားတယ်။ အခုကတော့ လူငယ်ဆန်တာထက် presentationကို အဓိက ထားပြီး လူကြမ်းတွေနဲ့ လုပ်ဖို့စီစဉ်ထားတယ်။ လောလောဆယ်မှာ ၃ပုဒ်ပဲ ရိုက်ရသေးတယ်။ သရုပ်ဆောင်ကတော့ ထွေထွေထူးထူးမပါဘူး။ အဓိကက သီချင်းပေါ်မူတည်ပြီး ရိုက်မှာဆိုတော့ အသစ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိုယ့်သီချင်းနဲ့လိုက်မဲ့သူထည့်မယ်။ ဒါပေမဲ့ မြင့်မြတ်တော့ပါမယ်။ ကျန်တာက ကိုယ့်အဖွဲ့ထဲက သူတွေပါပဲ။ ဒါရိုက်တာက သီဟတင်သန်းပါမယ်။ ကိုလင်းပါမယ်။ ပွင့်သိင်္ဂီဇော်ပါမယ။် ပြီးရင်ဂျိုးပါမယ်’ ယုန်လေးက ပြောပါတယ်။

ဂီတနဲ့သရုပ်ဆောင်နှစ်ခုကြားက သူ့ရဲ့ရပ်တည်မှုကိုတော့ ‘ကျွန်တော်ကတော့ ပရော်ဖက်ရှင်နယ် မဟုတ်ပါဘူး။ ဇာတ်ကောင်းရင်ရိုက်မယ်ဆိုတဲ့ ခံယူချက်လဲမရှိဘူး။ ကျွန်တော်က အက်ရှင်ဝုန်းဒိုင်းကြမ်းကြမ်းတမ်းတမ်းတွေ လုပ်ချင်တယ်။ သူများမလုပ်ဖူးတဲ့ဟာတွေ လုပ်ချင်တယ်။ သမာရိုးကျ အချစ်ကားဆို ပိုက်ဆံကုန်သက်သာတယ်။ အက်ရှင်ကတော့ ပိုက်ဆံကုန်တယ်။ ကိုခန့်နဲ့ရိုက်တာကတော့ ညီအစ်ကိုလိုဖြစ်နေတာကတစ်ကြောင်း၊ ခင်တာကတစ်ကြောင်း၊ ပျော်တာကတစ်ကြောင်း ရိုက်ဖြစ်တာပါ။ ကျန်တာကတော့ ကြမ်းတာများပါတယ်’တဲ့။

ဇာတ်ကားတွေစရိုက်ဖြစ်ရတဲ့အကြောင်းကိုလဲ သူက ‘အဓိက က ကိုယ့်သမိုင်းကိုယ်ရေးကြသူများက စတာပေါ့။ ရက်ပါတွေနဲ့ရိုက်မယ်ဆိုတော့လေ။ အဲဒါကြောင့်ရိုက်ရင်းနဲ့ ပရိုဂျူဆာကနောက်တစ်ကား ထပ်ရိုက်မယ်ဆိုတာနဲ့ သူမသည် မျောက်တစ်ကောင်ဖြစ်သည်ဆိုပါစို့ကားရိုက်တယ်။ ပြီးတော့ ဘန်ကောက်သွားရင်းနဲ့ဟိနုးဝေယံနဲ့နောက်တစ်ကားဆက်ရိုက်တယ်။ အဲဒါနဲ့ပဲ ဆက်ရိုက်ဖြစ်သွားတာပါ’လို့ ပြောပါတယ်။

လူဆိုးကြီးများနေ့ စီဒီတုန်းက အပိုထည့်ပေးထားတဲ့ အမ်တီဗီတွေကို ကြမ်းတယ်လို့ ပရိသတ်ကဝေဖန်မှုနဲ့ပတ်သတ်ပြီးတော့လည်း သူက ‘ပရိသတ်ကို ဘာမှမပြောချင်တော့ပါဘူး။ ကိုယ်လုပ်ချင်တာကို လုပ်လိုက်ရမှ ကျေနပ်တဲ့သူဖြစ်တဲ့အတွက် အဲဒီအကျိုးဆက်က ကောင်းရင်လဲ ကျေနပ်သလို ဆိုးရင်လဲကျေနပ်တယ်။ အဲဒါကြောင့်လဲ အမှားတွေ တော်တော်များများ ဘ၀မှာကြုံတယ်။ အခုရိုက်မယ်ဆိုတဲ့ အမ်တီဗီမှာတော့ အဲလိုမျိုးတွေမပါတော့ပါဘူး။’ လို့ သူ က ဖွင့်ဟသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.