အခ်စ္ဦးကုိျပန္သတိရသြားေစမွာေသခ်ာတဲ႔ “On Your Wedding Day”

လူတုိင္းရဲ ႔ဘ၀မွာအခ်စ္ဦးဆုိတာရွိခဲ႔ဖူးမွာပါပဲ။တုိက္ဆုိင္မႈရွိတုိင္းသတိရတယ္ဆုိသလုိ ဒီဇာတ္ကားေလးၾကည့္ျပီးတဲ႔အခါ ယူတုိ႔ရဲ ႔အခ်စ္ဦးကုိ ျပန္ျပီးသတိရသြားမယ္ဆုိတာေသခ်ာပါတယ္။

ဒါရုိက္တာ Lee Seok Geun ရုိက္ကူးထားတဲ႔ On Your Wedding Day က ၂၀၁၈ ၊ၾသဂုတ္လမွထြက္ရွိလာတဲ႔ အခ်စ္ဟာသဇာတ္ကားေလးပါ။ပါ၀င္ထားတဲ႔အႏုပညာရွင္ေတြကေတာ့ ပရိသတ္ေတြခ်စ္ၾကတဲ႔မင္းသမီးေခ်ာေလး Park Bo Young နဲ႔ မင္းသားေခ်ာ Kim Young Kwang ပဲျဖစ္ပါတယ္။ထြက္ရွိျပီးတာမၾကာဘူးဆုိေပမဲ႔ ဒီကားေလးက လူငယ္ပရိသတ္ေတြၾကားထဲမွာေရပန္းစားလုိ႔ Trend ပရိသတ္ၾကီးအတြက္ ဇာတ္ကားေကာင္းေလးၾကည့္ေစခ်င္လို႔ညႊန္းေပးတာပါ။

ဇာတ္လမ္းပံုစံေလးက ဆယ္ေက်ာ္သက္အရြယ္မွာစတင္ခဲ႔တဲ႔အခ်စ္နဲ႔သူငယ္ခ်င္းသံေယာဇဥ္ဟာ လူၾကီးျဖစ္လာတဲ႔အခ်ိန္ထိရစ္ပတ္ေႏွာင္ဖြဲ႔ေနတုန္းပဲဆုိတာကုိ အဓိကေဖာ္ျပထားတာျဖစ္ပါတယ္။အထက္္တန္းေက်ာင္းကစေတြ႔ခဲ႔တဲ႔အခ်စ္ဦးဆီက လက္ထပ္မဂၤလာဖိတ္စာရခဲ႔တာကေန ဇာတ္လမ္းေလး ကုိစတင္ထားပါတယ္။ဖိတ္စာရျပီးတဲ႔ေနာက္ ဆယ္ေက်ာ္သက္အရြယ္ကအေၾကာင္းကုိျပန္လည္ရိုက္ကူးေဖာ္ျပထားျပီး တစ္ေယာက္နဲ႔တစ္ေယာက္လြဲေခ်ာ္မႈေလးေတြ၊ေ၀းကြာမႈေတြရွိေပမဲ႔ အခ်စ္ဦးဆုိတဲ့သံေယာဇဥ္ဟာ ဘယ္ေလာက္ထိနက္ရိႈင္းတယ္ဆုိတာကုိ ဒီဇာတ္ကားေလးမွာ
ခံစားၾကည့္ျမင္ရမွာပါ။

ဒီဇာတ္ကားေလးမွာေတာ့ မင္းသမီး Park Bo Young ဟာ Hwan Seung Hee ဆုိတဲ႔ ျမင္ျမင္ခ်င္းအခ်စ္ဆုိတာကုိယံုၾကည္တဲ႔မိန္းကေလးတစ္ေယာက္အျဖစ္သရုပ္ေဆာင္ထားပါတယ္။Kim Young Kwang ကေတာ့ ျမင္ျမင္ခ်င္းခ်စ္မိတဲ႔မိန္းကေလးကုိ သူ႔ဘ၀ရဲ ႔ကံၾကမၼာလို႔ယံုၾကည္ျပီးအရူးအမူးစြဲလန္းတဲ႔ေက်ာင္းသားေလး Hwang Woo Yeon အျဖစ္သရုပ္ေဆာင္ထားပါတယ္။ကုိရီးယားဇာတ္ကားေကာင္းၾကိဳက္တဲ႔ပရိသတ္ေတြအတြက္ ဒီဇာတ္ကားေလးကတမူထူးျခားခံစားရတဲ႔ဇာတ္ကားေလးျဖစ္မွာပါ။Trailer ေလးလည္းေဖာ္ျပေပးလုိက္တယ္ေနာ္

https://www.youtube.com/watch?v=C0h005G8pq8

Unicode

လူတိုင်းရဲ ့ဘဝမှာအချစ်ဦးဆိုတာရှိခဲ့ဖူးမှာပါပဲ။တိုက်ဆိုင်မှုရှိတိုင်းသတိရတယ်ဆိုသလို ဒီဇာတ်ကားလေးကြည့်ပြီးတဲ့အခါ ယူတို့ရဲ ့အချစ်ဦးကို ပြန်ပြီးသတိရသွားမယ်ဆိုတာသေချာပါတယ်။

ဒါရိုက်တာ Lee Seok Geun ရိုက်ကူးထားတဲ့ On Your Wedding Day က ၂၀၁၈ ၊သြဂုတ်လမှထွက်ရှိလာတဲ့ အချစ်ဟာသဇာတ်ကားလေးပါ။ပါဝင်ထားတဲ့အနုပညာရှင်တွေကတော့ ပရိသတ်တွေချစ်ကြတဲ့မင်းသမီးချောလေး Park Bo Young နဲ့ မင်းသားချော Kim Young Kwang ပဲဖြစ်ပါတယ်။ထွက်ရှိပြီးတာမကြာဘူးဆိုပေမဲ့ ဒီကားလေးက လူငယ်ပရိသတ်တွေကြားထဲမှာရေပန်းစားလို့ Trend ပရိသတ်ကြီးအတွက် ဇာတ်ကားကောင်းလေးကြည့်စေချင်လို့ညွှန်းပေးတာပါ။

ဇာတ်လမ်းပုံစံလေးက ဆယ်ကျော်သက်အရွယ်မှာစတင်ခဲ့တဲ့အချစ်နဲ့သူငယ်ချင်းသံယောဇဉ်ဟာ လူကြီးဖြစ်လာတဲ့အချိန်ထိရစ်ပတ်နှောင်ဖွဲ့နေတုန်းပဲဆိုတာကို အဓိကဖော်ပြထားတာဖြစ်ပါတယ်။အထက််တန်းကျောင်းကစတွေ့ခဲ့တဲ့အချစ်ဦးဆီက လက်ထပ်မင်္ဂလာဖိတ်စာရခဲ့တာကနေ ဇာတ်လမ်းလေး ကိုစတင်ထားပါတယ်။ဖိတ်စာရပြီးတဲ့နောက် ဆယ်ကျော်သက်အရွယ်ကအကြောင်းကိုပြန်လည်ရိုက်ကူးဖော်ပြထားပြီး တစ်ယောက်နဲ့တစ်ယောက်လွဲချော်မှုလေးတွေ၊ဝေးကွာမှုတွေရှိပေမဲ့ အချစ်ဦးဆိုတဲ့သံယောဇဉ်ဟာ ဘယ်လောက်ထိနက်ရှိုင်းတယ်ဆိုတာကို ဒီဇာတ်ကားလေးမှာ
ခံစားကြည့်မြင်ရမှာပါ။

ဒီဇာတ်ကားလေးမှာတော့ မင်းသမီး Park Bo Young ဟာ Hwan Seung Hee ဆိုတဲ့ မြင်မြင်ချင်းအချစ်ဆိုတာကိုယုံကြည်တဲ့မိန်းကလေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။Kim Young Kwang ကတော့ မြင်မြင်ချင်းချစ်မိတဲ့မိန်းကလေးကို သူ့ဘဝရဲ ့ကံကြမ္မာလို့ယုံကြည်ပြီးအရူးအမူးစွဲလန်းတဲ့ကျောင်းသားလေး Hwang Woo Yeon အဖြစ်သရုပ်ဆောင်ထားပါတယ်။ကိုရီးယားဇာတ်ကားကောင်းကြိုက်တဲ့ပရိသတ်တွေအတွက် ဒီဇာတ်ကားလေးကတမူထူးခြားခံစားရတဲ့ဇာတ်ကားလေးဖြစ်မှာပါ။Trailer လေးလည်းဖော်ပြပေးလိုက်တယ်နော်

104 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.