စိတ်ဓာတ်မပြည့်ဝတဲ့မိန်းကလေးမျိုးကို ကိုယ့်ဘ၀ထဲဆွဲမသွင်းမိပါစေနဲ့…
(၂) နေရာမထားပဲ ကိုယ့်လက်တွဲဖော်ကိုအော်ငေါက်ပြောဆိုတဲ့မိန်းကလေး
(၅) အရှက်နည်းတဲ့မိန်းမ
Unicode
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို တစ်ယောက်နဲ့တစ်ယောက်ကတော့အကျင့်စရိုက်ချင်းတော့ဘယ်တူကြမလဲပေါ့နော်…လောကကြီးမှာလူကောင်းတွေရှိနေသလို လုံးဝဆန့်ကျင်ဖက်လူတွေလည်းရှိနေတတ်ပါတယ်။ မိန်းကလေးမို့နူးညံ့လို့ လှပလို့လည်း အတွင်းစိတ်ညံ့ဖျင်းတဲ့မိန်းမဖြစ်နေတာမျိုးတွေရှိပါတယ်။ ဘဝလက်တွဲဖော်ကိုရွေးချယ်တဲ့အခါ အပေါ်ယံအလှတွေ အပေါ်ယံဂုဏ်တွေနဲ့လိုက်ပြီးရွေးချယ်လိုက်ရင်တော့ သင့်ဘဝကြီးတစ်သတ်လုံးရှင်လျက်နဲ့သေနေတော့မှာပါ။ ဆိုတော့ ဘယ်လိုမိန်းကလေးမျိုးတွေက စိတ်ဓာတ်ရေးရာပိုင်းအရညံ့ဖျင်းတတ်တဲ့သူမျိုးတွေလဲ…
(၁) ကိုယ့်အတွက်ကိုယ်ပဲဦးစားပေးတတ်တဲ့မိန်းကလေး
ကိုယ့်လက်တွဲဖော်အမျိုးသားကို မကြည့်ပေးတတ်ပဲကိုယ်သာဖို့ကိုယ်ကောင်းဖို့နဲ့ကိုယ်လှနေဖို့ပဲဦးစားပေးတတ်တဲ့မိန်းကလေးမျိုးဟာလက်တွဲဖော်တစ်ယောက်အနေနဲ့စိတ်ဓာတ်မပြည့်ဝတဲ့မိန်းမမျိုးပါ။ ဒီလိုလူမျိုးကိုရွေးချယ်မိရင်တော့သင်နောင်တရနိုင်ပါတယ်။
(၂) နေရာမထားပဲ ကိုယ့်လက်တွဲဖော်ကိုအော်ငေါက််ပြောဆိုတဲ့မိန်းကလေး
နေရာမထားပဲ ကိုယ့်လက်တွဲဖော်ယောကျ်ားလေးကို အော်ငေါက်ပြောဆိုတတ်တဲ့အမူကျင့်ကိုဘယ်လိုအခြေနေမျိုးမှာပဲဖြစ်ဖြစ်မလုပ်သင့်ပါဘူး။ ဒီလိုနေရာမရှောင်ပြောဆိုတတ်တဲ့မိန်းကလေးဟာ ကိုယ့်အတ္တဇောပဲကိုယ်ကြည့်ပြီး တစ်ဖက်လူအတွက်ထည့်မတွက်တဲ့သူမျိုးပါ။
(၃) လောဘကြီးလွန်းတဲ့မိန်းမ
လောဘကြီးလွန်းတဲ့မိန်းမတွေကဘဝမှာကြောက်စရာအကောင်းဆုံးမိန်းမတွေပါ။ မိန်းမတွေလောဘကြီးလာပြီဆိုရင် ယောက်ျားတွေထက်ဆိုးပါတယ်။ လောဘရဲ့သားကောင်ဖြစ်သွားတဲ့ မိန်းမတွေကကြောက်စရာအကောင်းဆုံးဖြစ်တတ်တာမလို့ ဒီလိုမိန်းကလေးမျိုးကိုဘဝလက်တွဲဖော်အဖြစ်လုံးဝကိုအရွေးချယ်သင့်ပါဘူး။
(၄) တဏှာကြီးလွန်းတဲ့အမျိုးသမီး
တဏှာရာဂကြီးမားလွန်းတဲ့မိန်းမတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာရော လူကိုယ်တိုင်ပါစိတ်ပျက်စရာကောင်းလွန်းလှပါတယ်။ တော်ရုံသဘာဝကြောင့်ဖြစ်လာတဲ့တဏှာစိတ်ကိုကျော်လွန်ပြီး ဆန္ဒကို သိက္ခဏာနဲ့ မထိန်းတတ်တဲ့ မိန်းကလေးမျိုးဟာလက်တွဲဖော်ကောင်းမဖြစ်နိုင်ပါဘူး။
(၅) အရှက်နည်းတဲ့မိန်းမ
မိန်းကလေးတစ်ယောက်ကသွက်တာနဲ့အရှက်နည်းတာကွာပါတယ်။ ခေတ်မှီတာနဲ့ sexy လုပ်တာကလည်းအကွာကြီးပါ။ အရှက်နည်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်မိရင်ခဏသာသာယာရင်သာယာနိုင်မယ် တစ်ဘဝလုံးအတွက်တော့ ရင်ပူစိတ်ရှုပ်စရာတွေကြီးဖြစ်နေမှာပါ။
559 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.