ဇာတ်လမ်းတွဲသစ်မိတ်ဆက်ပွဲမှာ ပရိသတ်တွေကိုထပ်ပြီးတောင်းပန်စကားဆိုခဲ့တဲ့ မင်းသမီး Yoon Eun Hye





Source:Soompi

Unicode

အနုပညာလှုပ်ရှားမှုတွေကိုကျယ်ကျယ်ပြန့်ပြန့်ပြန်လည်လုပ်ကိုင်လာပြီဖြစ်တဲ့မင်းသမီးချော Yoon Eun Hye ဟာ အောက်တိုဘာ ၃၁ရက်နေ့က သူမရဲ့ဇာတ်လမ်းတွဲသစ်မိတ်ဆက်ပွဲမှာပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့တယ်လို့သိရပါတယ်။

တောင်းပန်စကားဆိုရတဲ့အကြောင်းကတော့ ၂၀၁၅ တုန်းက Yoon Eun Hye ဟာ Chinese TV fashion program တစ်ခုမှာ ဒီဇိုင်နာနဲ့ဖန်တီးပြီးချုပ်လုပ်ထားတဲ့သူမရဲ့ ဝတ်စုံအတွက် “Goddess’ Fashion” ဆုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့သိပ်မကြာခင်မှာပဲ သူမရဲ ့ဝတ်စုံဟာ ကိုရီးယားဒီဇိုင်နာ Yoon Choon Ho ရဲ ့ဝတ်စုံနဲ့ဆင်တူယိုးမှားဖြစ်နေတယ်။ဒီဇိုင်းကိုကူးယူတယ်ဆိုကာ စွပ်စွဲခံခဲ့ရပါတယ်။အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့အရင်ကလည်း တောင်းပန်ခဲ့ဖူးတယ်လို့သိရပါတယ်။

အောက်တိုဘာ ၃၁ရက်နေ့ကတော့ Yoon Eun Hye ဟာ “အရင်ကလည်း တောင်းပန်စကားဆိုခဲ့ပေမဲ့ ကျွန်မကိုစိတ်ပျက်ခဲ့တဲ့ပရိသတ်တွေအတွက် ဒီနေရာကနေ ထပ်ပြီးတောင်းပန်ချင်ပါတယ်။အချိန်အကြာကြီးနေမှ ဇာတ်လမ်းတွဲပြန်ရိုက်တာဖြစ်လို့စိတ်လည်းအရမ်းလှုပ်ရှားနေပါတယ်။ကျွန်မကြောင့် တစ်ခြားသူတွေအဆင်မပြေဖြစ်မှာလည်းအရမ်းစိုးရိမ်ပါတယ်။ဒါကြောင့် ရုပ်ရှင်ရိုက်နေစဉ်မှာ ကျွန်မအကောင်းဆုံးကြိုးစားခဲ့ပါတယ်။ကျေးဇူးတင်စရာကောင်းစွာပဲ တစ်ခြားသူတွေရဲ ့ကူညီမှုတွေအများကြီးရခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲရိုက်နေစဉ်တစ်လျှောက်လုံး ကျွန်မစိတ်လှုပ်ရှားရင်တုန်ခဲ့တာပါ”လို့ပြောရင်း သူမကိုစိတ်ပျက်စေခဲ့မိတဲ့အတွက် ပရိသတ်တွေကိုတောင်းပန်စကားဆိုခဲ့တာပဲဖြစ်ပါတယ်။

Yoon Eun Hye ဟာ နာမည်ကျော် Web novel ဖြစ်တဲ့ “Love Alert” အချစ်ဟာသဇာတ်လမ်းတွဲကို မင်းသား Chun Jung Myung ၊Han Go Eun ၊ Joo Woo Jae ၊ Block B’s P.O ၊ Lee Hye Ran တို့နဲ့တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။ဒါရိုက်တာက Jo Chang Wan ဖြစ်ပြီး
အချစ်ရေးမှာမစွံတဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးနဲ့ မိန်းကလေးတွေကြားရေပန်းစားပေမဲ့ ချစ်သူထားဖို့စိတ်မဝင်စားတဲ့ နာမည်ကျော်ဆရာဝန်တို့ကြားက အကြောင်းကို ဟာသလေးနှောပြီးရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းတွဲရဲ့အကြိုပြသပွဲကိုအောက်တိုဘာ ၃၁ရက်နေ့က ပြသခဲ့တာဖြစ်ပါတယ်။

Source:Soompi

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.