လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ နောက်မှာတော့ Nike လမ်းလျှောက်ဖိနပ်ဖြစ်တဲ့ Air Yeezy 2 ‘Red October’ ကို ဒီဇင်ဘာလ ၂၇ရက်နေ့မှာ ဖြန့်ချိပါတော့မယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖြန့်ချိမယ်လို့ အားကစားအ၀တ်အစား လက်လီအရောင်းကုမ္ပဏီ Foot Locker ရဲ့ ၀ဘ်ဆိုဒ်မှာတင်ထားခဲ့ပြီး High Snobiety အွန်လိုင်းမဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ ဘာ့ကြောင့်ရယ်တော့ မသိဘူး၊ Foot Locker က ဖျက်လိုက်တယ်။ အဲ့ဒီ့နောက် Twitter မှာတင်ခဲ့ပြန်တယ်။
မူရင်း Air Yeezy 2ဖိနပ်တွေကို ၂၀၁၂ခုနှစ်မှာ လက်လီဈေး ကန်ဒေါ်လာ(၂၄၅)နဲ့ ဖြန့်ချိခဲ့ပါတယ်။ Air Yeezy 2 ‘Red October’ ကိုတော့ ဘယ်လောက်နဲ့ ရောင်းချပေးမယ်ဆိုတာကို မသိရသေးပါဘူး။
Ref:theboombox
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။