ယူတုိ႔အတြက္အေထာက္အကူျဖစ္ေစမယ့္ ႏုိင္ငံတကာက အလွအပေရးရာလ်ွိဳ႔၀ွက္ခ်က္ေလးေတြ…

မိန္းကေလးနဲ႔အလွအပဆုိတာ ကင္းကြာေနလုိ႔မရပါဘူး။ဘယ္လုိအရာေတြဟာ ကုိယ့္ကုိလွေစမလဲ ဘယ္လုိအရာေတြက ကုိယ့္အသားအရည္ကုိပ်က္စီးေစမလဲေလ့လာျပီး အျမဲတမ္းထိန္းသိမ္းေနရတာပါ။ဒီေတာ့ Trend ပ်ိဳေမတို႔အတြက္ ႏုိင္ငံတကာက က်င့္သံုးၾကတဲ႔အလွအပေရးရာလွ်ိဳ႔၀ွက္ခ်က္ေလးေတြကုိျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။

*ၾသစေတးလ်

ၾသစေတးလ်သူေတြရဲ ႔ေဗာက္ရွင္းနည္းေလးကေတာ့ သူတုိ႔ရဲ ႔ေခါင္းေလ်ွာ္ရည္ထဲကုိ tea tree oil အစက္အနည္းငယ္ထည့္လိုက္တာပါပဲတဲ႔။အဲ႔ဒါကေဗာက္ေတြကင္းစင္ေစတယ္လုိ႔သိရပါတယ္။

*အီဂ်စ္
အီဂ်စ္ေတြရဲ႔ ခႏၶာကုိယ္တစ္ခုလံုးအတြက္အလွအပထိန္းသိမ္းနည္းကေတာ့ ႏြားႏို႔ ၁လီတာ ဒါမွမဟုတ္ ၂လီတာနဲ႔ ပ်ားရည္ ၁၀၀ ဂရမ္ကုိေရာစပ္ကာေရစိမ္ခ်ိဳးတာပါတဲ႔။ေရခိ်ဳးျပီး မိနစ္ ၂၀ေလာက္ေနရင္ အသားအရည္က ပုိႏူးညံ႔ေခ်ာေမြ႔လာပါလိမ့္မယ္။

*ကုိလံဘီယာ

ကုိလံဘီယာသူေတြရဲ႔ အလွအပေရးရာလ်ွိဳ႔၀ွက္ခ်က္ကေတာ့ ေထာပတ္သီးပါပဲ။ေထာပတ္သီးကုိ မ်က္ႏွာ၊ဆံပင္နဲ႔ခႏၶာကုိယ္သံုးမ်ိဳးလံုးအတြက္သံုးၾကပါတယ္။ဆံသားေတြေတာက္ပျပီးႏူးည့ံေစဖုိ႔အတြက္ ေထာပတ္သီးနဲ႔ငွက္ေပ်ာသီးကုိၾကိတ္ေခ်ျပီး သံလြင္ဆီစားပြဲတင္ဇြန္းတစ္ဇြန္းေရာစပ္ပါ။ျပီးရင္ဆံသားအႏွံ႔လိမ္းက်ံျပီးနာရီ၀က္ထားပါ။အားလံုးျပီးရင္ ခါတုိင္းလိုပဲ ေခါင္းေလ်ွာ္လို႔ရပါျပီ။

*တရုတ္

တရုတ္လူမ်ိဳးေတြကေတာ့ အေရးအေၾကာင္းေတြကာကြယ္ျပီးအသားအရည္နုပ်ိဳေစဖုိ႔အတြက္ ဆန္ေဆးေရကိုသံုးပါတယ္တဲ႔။မိနစ္ ၂၀ေလာက္စိမ္ထားတဲ႔ဆန္ေဆးေရကုိေသခ်ာစင္ၾကယ္ေအာင္စစ္ျပီး မ်က္ႏွာသစ္ေပးရင္ အေရးအေၾကာင္းကင္းစင္ျပီး ေခြ်းေပါက္က်ဥ္းလို႔လွပတဲ႔အသားအရည္ကုိ ရရွိေစပါတယ္။

*အိႏၵိယ


အိႏၵိယလူမ်ိဳးေတြကေတာ့ ပံုထဲမွာျပထားတဲ႔ေလ့က်င့္ခန္းကုိ မနက္မုိးလင္းအိပ္ရာကႏုိးတဲ႔အခါျပဳလုပ္ေလ့ရွိပါတယ္။ဒါက ခႏၶာကုိယ္တြင္းကုိသန္႔စင္ေပးျပီးအားအင္ေတြရရွိေစပါတယ္တဲ႔။ခႏၶာကုိယ္ထဲမွာအဆိပ္အေတာက္ေတြကင္းစင္မွ အျပင္က အသားအရည္ကလည္းလွပမွာပါ။ဒီေလ့က်င့္ခန္းကုိ ၂ေက်ာ့ျပန္လုပ္ၾကတယ္လုိ႔သိရပါတယ္။

*အေမရိကန္

အေမရိကန္သူေတြကေတာ့ ေခြ်းေပါက္က်ဥ္းတဲ႔အသားအရည္ကုိရရွိေအာင္လိေမၼာ္ရည္ကုိသံုးပါတယ္။လိေမၼာ္ရည္နဲ႔ ေရကုိဆတူေရာစပ္ျပီး ဂြမ္းနဲ႔မ်က္ႏွာကုိလိမ္းေပးပါတယ္။၁၀မိနစ္ေလာက္ခဏေစာင့္ျပီးေရနဲ႔သန္႔စင္ေပးတယ္လုိ႔သိရပါတယ္။

*ေဘာ္ေဂးရီးယား
သူတုိ႔ရဲ႔ အလွအပေရးရာလ်ွိဳ႔၀ွက္ခ်က္ေလးကေတာ့ ႏွင္းဆီအဆီနဲ႔ႏွင္းဆီပြင့္ဖတ္ေလးေတြပါတဲ႔။ေန႔တုိင္းသူတုိ႔ရဲ႔မ်က္ႏွာကုိ ႏွင္းဆီရည္နဲ႔သစ္ေပးတယ္လုိ႔သိရပါတယ္။နွင္းဆီရည္က အသားအရည္ကုိစုိျပည္ေစျပီး ႏူးည့ံေခ်ာေမြ႔ေစပါတယ္။

*ဂရိ

ဂရိလူမ်ိဳးေတြကေတာ့ သံလြင္ဆီကုိအဓိကထားျပီးသံုးၾကပါတယ္။သံလြင္ဆီကုိ အစားအစာအတြက္သံုးၾကသလို အလွအပအတြက္လည္းသံုးၾကပါတယ္။သံလြင္ဆီစားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ဒိန္ခ်ဥ္ခြက္ေသးတစ္ခြက္ကုိေရာစပ္ျပီးဆံသားကုိလိမ္းက်ံေပးပါ။၅မိနစ္ေလာက္ထားျပီးေရနဲ႔သန္႔စင္ပါ။ခ်က္ခ်င္းကုိ ဆံသားႏူးညံ႔ေခ်ာေမြ႔သြားတာခံစားရပါလိမ့္မယ္။သူတုိ႔အတြက္ သံလြင္ဆီကမရွိမျဖစ္ပါပဲ။

Unicode

မိန်းကလေးနဲ့အလှအပဆိုတာ ကင်းကွာနေလို့မရပါဘူး။ဘယ်လိုအရာတွေဟာ ကိုယ့်ကိုလှစေမလဲ ဘယ်လိုအရာတွေက ကိုယ့်အသားအရည်ကိုပျက်စီးစေမလဲလေ့လာပြီး အမြဲတမ်းထိန်းသိမ်းနေရတာပါ။ဒီတော့ Trend ပျိုမေတို့အတွက် နိုင်ငံတကာက ကျင့်သုံးကြတဲ့အလှအပရေးရာလျှို့ဝှက်ချက်လေးတွေကိုပြန်ပြီးမျှဝေပေးချင်ပါတယ်။

*သြစတေးလျ

သြစတေးလျသူတွေရဲ ့ဗောက်ရှင်းနည်းလေးကတော့ သူတို့ရဲ ့ခေါင်းလျှော်ရည်ထဲကို tea tree oil အစက်အနည်းငယ်ထည့်လိုက်တာပါပဲတဲ့။အဲ့ဒါကဗောက်တွေကင်းစင်စေတယ်လို့သိရပါတယ်။

*အီဂျစ်
အီဂျစ်တွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက်အလှအပထိန်းသိမ်းနည်းကတော့ နွားနို့ ၁လီတာ ဒါမှမဟုတ် ၂လီတာနဲ့ ပျားရည် ၁၀၀ ဂရမ်ကိုရောစပ်ကာရေစိမ်ချိုးတာပါတဲ့။ရေချိုးပြီး မိနစ် ၂ဝလောက်နေရင် အသားအရည်က ပိုနူးညံ့ချောမွေ့လာပါလိမ့်မယ်။

*ကိုလံဘီယာ

ကိုလံဘီယာသူတွေရဲ့ အလှအပရေးရာလျှို့ဝှက်ချက်ကတော့ ထောပတ်သီးပါပဲ။ထောပတ်သီးကို မျက်နှာ၊ဆံပင်နဲ့ခန္ဓာကိုယ်သုံးမျိုးလုံးအတွက်သုံးကြပါတယ်။ဆံသားတွေတောက်ပပြီးနူးည့ံစေဖို့အတွက် ထောပတ်သီးနဲ့ငှက်ပျောသီးကိုကြိတ်ချေပြီး သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်းရောစပ်ပါ။ပြီးရင်ဆံသားအနှံ့လိမ်းကျံပြီးနာရီဝက်ထားပါ။အားလုံးပြီးရင် ခါတိုင်းလိုပဲ ခေါင်းလျှော်လို့ရပါပြီ။

*တရုတ်

တရုတ်လူမျိုးတွေကတော့ အရေးအကြောင်းတွေကာကွယ်ပြီးအသားအရည်နုပျိုစေဖို့အတွက် ဆန်ဆေးရေကိုသုံးပါတယ်တဲ့။မိနစ် ၂ဝလောက်စိမ်ထားတဲ့ဆန်ဆေးရေကိုသေချာစင်ကြယ်အောင်စစ်ပြီး မျက်နှာသစ်ပေးရင် အရေးအကြောင်းကင်းစင်ပြီး ချွေးပေါက်ကျဉ်းလို့လှပတဲ့အသားအရည်ကို ရရှိစေပါတယ်။

*အိန္ဒိယ
အိန္ဒိယလူမျိုးတွေကတော့ ပုံထဲမှာပြထားတဲ့လေ့ကျင့်ခန်းကို မနက်မိုးလင်းအိပ်ရာကနိုးတဲ့အခါပြုလုပ်လေ့ရှိပါတယ်။ဒါက ခန္ဓာကိုယ်တွင်းကိုသန့်စင်ပေးပြီးအားအင်တွေရရှိစေပါတယ်တဲ့။ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေကင်းစင်မှ အပြင်က အသားအရည်ကလည်းလှပမှာပါ။ဒီလေ့ကျင့်ခန်းကို ၂ကျော့ပြန်လုပ်ကြတယ်လို့သိရပါတယ်။

*အမေရိကန်
အမေရိကန်သူတွေကတော့ ချွေးပေါက်ကျဉ်းတဲ့အသားအရည်ကိုရရှိအောင်လိမ္မော်ရည်ကိုသုံးပါတယ်။လိမ္မော်ရည်နဲ့ ရေကိုဆတူရောစပ်ပြီး ဂွမ်းနဲ့မျက်နှာကိုလိမ်းပေးပါတယ်။၁ဝမိနစ်လောက်ခဏစောင့်ပြီးရေနဲ့သန့်စင်ပေးတယ်လို့သိရပါတယ်။

*ဘော်ဂေးရီးယား
သူတို့ရဲ့ အလှအပရေးရာလျှို့ဝှက်ချက်လေးကတော့ နှင်းဆီအဆီနဲ့နှင်းဆီပွင့်ဖတ်လေးတွေပါတဲ့။နေ့တိုင်းသူတို့ရဲ့မျက်နှာကို နှင်းဆီရည်နဲ့သစ်ပေးတယ်လို့သိရပါတယ်။နှင်းဆီရည်က အသားအရည်ကိုစိုပြည်စေပြီး နူးည့ံချောမွေ့စေပါတယ်။

*ဂရိ
ဂရိလူမျိုးတွေကတော့ သံလွင်ဆီကိုအဓိကထားပြီးသုံးကြပါတယ်။သံလွင်ဆီကို အစားအစာအတွက်သုံးကြသလို အလှအပအတွက်လည်းသုံးကြပါတယ်။သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ဒိန်ချဉ်ခွက်သေးတစ်ခွက်ကိုရောစပ်ပြီးဆံသားကိုလိမ်းကျံပေးပါ။၅မိနစ်လောက်ထားပြီးရေနဲ့သန့်စင်ပါ။ချက်ချင်းကို ဆံသားနူးညံ့ချောမွေ့သွားတာခံစားရပါလိမ့်မယ်။သူတို့အတွက် သံလွင်ဆီကမရှိမဖြစ်ပါပဲ။

142 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.