မိန္းကေလးေတြက ဘာလုိ႔ ေယာက်္ားေလးေတြထက္ အိပ္ခ်ိန္ပုိလိုအပ္ရတာလဲ?

မိန္းကေလးေတြက ေယာက်္ားေလးေတြထက္ပုိျပီးအိပ္ခိ်န္လိုအပ္တယ္ဆုိတဲ႔စကားကုိသင္ၾကားဖူးၾကမွာပါ။ဒါေပမဲ႔ ဘာလို႔လိုအပ္ရတာလဲဆုိတာေတာ့ သိသူရွားပါတယ္။ဒါေၾကာင့္ က်န္းမာေရးဗဟုသုတအေနနဲ႔ မိန္းကေလးေတြဟာ ေယာက်ာ္းေလးေတြထက္ အိပ္ခိ်န္ပိုျပီးလိုအပ္ရတဲ႔အေၾကာင္းကုိျပန္ျပီးမ်ွေ၀ေပးသြားပါမယ္။

National Sleep Foundation ရဲ႔အဆုိအရ အသက္ ၂၆ႏွစ္ကေန အသက္ ၆၄ ႏွစ္အထိလူေတြဟာ တစ္ေန႔ကုိအိပ္ခိ်န္ ၇နာရီကေန ၉နာရီၾကားရွိဖုိ႔လိုအပ္ျပီး အသက္ ၆၄ ႏွစ္ေက်ာ္အသက္အရြယ္ၾကီးသူေတြကေတာ့ တစ္ေန႔ကုိ အိပ္ခ်ိန္ ၇နာရီကေန ၈နာရီထိလိုအပ္ပါတယ္။ဆယ္ေက်ာ္သက္ေတြဟာဆုိရင္္ အိပ္ခ်ိန္ ၉နာရီကေန ၁၀နာရီထိလိုအပ္ေၾကာင္းေတြ႔ရွိရပါတယ္။ဒါ့အျပင္ ေယာက်္ားေလးနဲ႔မိန္းကေလးၾကားက အိပ္ခိ်န္ကလည္းကြာျခားပါတယ္။

မိန္းကေလးေတြက ေယာက်္ားေလးေတြထက္ မိနစ္ ၂၀စာေလာက္အိပ္ခ်ိန္ပိုလုိအပ္ပါတယ္။ဘာလို႔လဲဆုိေတာ့ မိန္းကေလးေတြဟာ…

*ဦးေႏွာက္ကုိမ်ားမ်ားအသံုးျပဳရတယ္
ေလ့လာခ်က္ေတြအရ အမ်ိဳးသမီးေတြဟာ ဦးေႏွာက္စြမး္ရည္ကုိအသံုးခ်တာမ်ားသလို အလုပ္ႏွစ္ခုသံုးခုတစ္ျပိဳင္နက္တည္းလုပ္ေဆာင္ၾကတာေတြမ်ားပါတယ္။ဒါေၾကာင့္ ကုန္ဆံုးသြားတဲ႔စြမ္းအင္ေတြကုိ လုိအပ္တာထက္ မိနစ္အနည္းငယ္ေလာက္ပုိျပီးအိပ္စက္ကာ ျပန္လည္ျဖည့္တင္းေပးရမွာပါ။

*အိပ္စက္ခ်ိန္နည္းပါးတယ္
ေလ့လာခ်က္ေတြအရ အမ်ိဳးသမီးေတြဟာ ေတာ္ရံုနဲ႔အိပ္မေပ်ာ္တတ္ၾကလို႔ ေယာက်္ားေလးေတြအိပ္စက္ေနခိ်န္မွာ မိန္းကေလးေတြကမအိပ္ႏုိင္ေသးပါဘူး။အမ်ိဳးသမီး ၆၃ရာခုိင္ႏႈန္းဟာ အပတ္တုိင္းအိပ္မေပ်ာ္တဲ႔ေ၀ဒနာကုိ တစ္ၾကိမ္မကခံစားရေၾကာင္းေတြ႔ရွိခဲ႔ရပါေသးတယ္။ဒါေၾကာင့္ မိန္းကေလးေတြက ေယာက်္ားေလးေတြထက္ပုိျပီးအိပ္ခ်ိန္လိုအပ္ၾကတာပါ။

*ကုိယ္၀န္ေဆာင္ရတယ္
အမ်ိဳးသမီးေတြကိုယ္၀န္ေဆာင္ခ်ိန္မွာေဟာ္မုန္းအေျပာင္းအလဲေတြ၊စိတ္ခံစားခ်က္အေျပာင္းအလဲေတြအမ်ားၾကီးျဖစ္တတ္ပါတယ္။အဲ႔ဒါဟာ အိပ္စက္ခ်ိန္ကုိ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။သက္ေတာင့္သက္သာမျဖစ္တဲ႔အျပင္ ေျခေထာက္ေဖာေရာင္ေတြ၊မၾကာခဏဆီးသြားတတ္တာေတြေၾကာင့္ပံုမွန္အိပ္စက္ခ်ိန္တူရင္ေတာင္ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ပုိုျပီးအိပ္စက္ခ်ိန္လိုအပ္ပါတယ္။မိနစ္အနည္းငယ္စာေလာက္ပုိအိပ္ေပးမွလိုအပ္တဲ႔အားအင္ေတြရရွိေစတာပါ။

*ဓမၼတာခံစားရတယ္
မိန္းကေလးေတြဓမၼတာလာခိ်န္မွာ စိတ္အေျပာင္းအလဲမ်ိဳးစံုျဖစ္သလုိ ခါးေအာက္ပုိင္းတစ္၀ုိက္နာက်င္မႈခံစားရျခင္းေၾကာင့္အျပည့္အ၀အိပ္စက္အနားမယူႏုိင္ၾကပါဘူး။ညဘက္ဆုိလည္း ေတာ္ရံုနဲ႔အိပ္မေပ်ာ္တတ္ပဲ အိပ္မေပ်ာ္တဲ႔ေ၀ဒနာကုိခံစားရပါတယ္။မၾကာခဏလည္းတေရးႏုိးတတ္လုိ႔
အဲ႔ဒီအခ်ိန္ကာလေတြမွာသူတုိ႔ရဲ႔အိပ္စက္ခ်ိန္က ပံုမွန္မရွိပါဘူး။ဒါေၾကာင့္ မိန္းကေလးေတြက ေယာက်ာ္းေလးေတြထက္ပုိျပီးအိပ္ေပးဖို႔လိုပါတယ္။

*Restless Leg Syndrome ခံစားရတယ္
ညေနပုိင္းနဲ႔ညဘက္ေတြမွာ ေျခေထာက္မွာအေကာင္ကုိက္ေနသလုိယားယံမႈခံစားရတယ္။ေျခေထာက္ကုိလိုသလို ခ်က္ခ်င္းမေရြ႔လ်ားနုိင္ဘူး။ဆူးနဲ႔ထုိးေနသလုိနာက်င္မႈခံစားရတယ္စတဲ႔လကၡဏာေတြက Restless Leg Syndrome ေ၀ဒနာပါ။ေလ့လာေတြ႔ရွိခ်က္ေတြအရ ဒီေ၀ဒနာကုိ အမ်ိဳးသမီးေတြကပိုျပီးခံစားၾကံဳေတြ႔ရေလ့ရွိေၾကာင္းသိရပါတယ္။

*Secondary insomnia ခံစားရတယ္
အမ်ိဳးသမီးေတြဟာ စိတ္ဖိစီးမႈ၊စိတ္ဓာတ္က်ဆင္းမႈေတြပုိုျပီးခံစားၾကံဳေတြ႔ရတဲ႔အတြက္ အိပ္စက္ဖုိ႔ခက္ခဲတဲ႔ေ၀ဒနာကုိပါတြဲဖက္ခံစားရပါတယ္။ဒါေၾကာင့္အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္အိပ္စက္ခ်ိန္နည္းပါးပါတယ္။အမိ်ဳးသမီးေတြက စိတ္ပင္ပန္းမႈကုိပုိျပီးခံစားရတဲ႔အတြက္ အမ်ိဳးသားေတြထက္ မိနစ္ ၂၀စာေလာက္ပုိျပီးအိပ္စက္ေပးသင့္ပါတယ္။

အမ်ိဳးသမီးေတြဟာ အိပ္ခ်ိန္ပုိျပီးလိုအပ္တဲ႔အျပင္ အိပ္ေရးမ၀တဲ႔အခါမွာလည္း အမ်ိဳးသားေတြထက္ပိုျပီးဆုိးက်ိဳးမ်ားပါတယ္။လံုလံုေလာက္ေလာက္မအိပ္စက္ရတဲ႔အခါ စိတ္ပုိင္းဆုိင္ရာေ၀ဒနာေတြ၊ဆီးခ်ိဳေရာဂါနဲ႔ ႏွလံုးနဲ႔သက္ဆုိင္တဲ႔ေရာဂါေတြ အျဖစ္မ်ားလာပါတယ္။ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႔ အိပ္စက္ခ်ိန္လံုလံုေလာက္ေလာက္ရရွိဖုိ႔ စိတ္ဖိစီးေတြတတ္နုိင္သေလာက္ေလ်ွာ့ကာ ေစာေစာအိပ္စက္တာမ်ိဳး၊ေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ့္အစားအစာ၊ေလ့က်င့္ခန္းမ်ိဳးလုပ္ေပးပါလို႔ အၾကံျပဳတုိက္တြန္းလိုက္ပါတယ္။

Unicode

မိန်းကလေးတွေက ဘာလို့ယောကျ်ားလေးတွေထက် အိပ်ချိန်ပိုလိုအပ်ရတာလဲ?

မိန်းကလေးတွေက ယောကျ်ားလေးတွေထက်ပိုပြီးအိပ်ချိန်လိုအပ်တယ်ဆိုတဲ့စကားကိုသင်ကြားဖူးကြမှာပါ။ဒါပေမဲ့ ဘာလို့လိုအပ်ရတာလဲဆိုတာတော့ သိသူရှားပါတယ်။ဒါကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အိပ်ချိန်ပိုပြီးလိုအပ်ရတဲ့အကြောင်းကိုပြန်ပြီးမျှဝေပေးသွားပါမယ်။

National Sleep Foundation ရဲ့အဆိုအရ အသက် ၂၆နှစ်ကနေ အသက် ၆၄ နှစ်အထိလူတွေဟာ တစ်နေ့ကိုအိပ်ချိန် ရနာရီကနေ ၉နာရီကြားရှိဖို့လိုအပ်ပြီး အသက် ၆၄ နှစ်ကျော်အသက်အရွယ်ကြီးသူတွေကတော့ တစ်နေ့ကို အိပ်ချိန် ရနာရီကနေ ၈နာရီထိလိုအပ်ပါတယ်။ဆယ်ကျော်သက်တွေဟာဆိုရင်် အိပ်ချိန် ၉နာရီကနေ ၁ဝနာရီထိလိုအပ်ကြောင်းတွေ့ရှိရပါတယ်။ဒါ့အပြင် ယောကျ်ားလေးနဲ့မိန်းကလေးကြားက အိပ်ချိန်ကလည်းကွာခြားပါတယ်။

မိန်းကလေးတွေက ယောကျ်ားလေးတွေထက် မိနစ် ၂ဝစာလောက်အိပ်ချိန်ပိုလိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ မိန်းကလေးတွေဟာ…

*ဦးနှောက်ကိုများများအသုံးပြုရတယ်
လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ ဦးနှောက်စွမး်ရည်ကိုအသုံးချတာများသလို အလုပ်နှစ်ခုသုံးခုတစ်ပြိုင်နက်တည်းလုပ်ဆောင်ကြတာတွေများပါတယ်။ဒါကြောင့် ကုန်ဆုံးသွားတဲ့စွမ်းအင်တွေကို လိုအပ်တာထက် မိနစ်အနည်းငယ်လောက်ပိုပြီးအိပ်စက်ကာ ပြန်လည်ဖြည့်တင်းပေးရမှာပါ။

*အိပ်စက်ချိန်နည်းပါးတယ်
လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ တော်ရုံနဲ့အိပ်မပျော်တတ်ကြလို့ ယောကျ်ားလေးတွေအိပ်စက်နေချိန်မှာ မိန်းကလေးတွေကမအိပ်နိုင်သေးပါဘူး။အမျိုးသမီး ၆၃ရာခိုင်နှုန်းဟာ အပတ်တိုင်းအိပ်မပျော်တဲ့ဝေဒနာကို တစ်ကြိမ်မကခံစားရကြောင်းတွေ့ရှိခဲ့ရပါသေးတယ်။ဒါကြောင့် မိန်းကလေးတွေက ယောကျ်ားလေးတွေထက်ပိုပြီးအိပ်ချိန်လိုအပ်ကြတာပါ။

*ကိုယ်ဝန်ဆောင်ရတယ်
အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းအပြောင်းအလဲတွေ၊စိတ်ခံစားချက်အပြောင်းအလဲတွေအများကြီးဖြစ်တတ်ပါတယ်။အဲ့ဒါဟာ အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။သက်တောင့်သက်သာမဖြစ်တဲ့အပြင် ခြေထောက်ဖောရောင်တွေ၊မကြာခဏဆီးသွားတတ်တာတွေကြောင့်ပုံမှန်အိပ်စက်ချိန်တူရင်တောင် အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုုပြီးအိပ်စက်ချိန်လိုအပ်ပါတယ်။မိနစ်အနည်းငယ်စာလောက်ပိုအိပ်ပေးမှလိုအပ်တဲ့အားအင်တွေရရှိစေတာပါ။

*ဓမ္မတာခံစားရတယ်
မိန်းကလေးတွေဓမ္မတာလာချိန်မှာ စိတ်အပြောင်းအလဲမျိုးစုံဖြစ်သလို ခါးအောက်ပိုင်းတစ်ဝိုက်နာကျင်မှုခံစားရခြင်းကြောင့်အပြည့်အဝအိပ်စက်အနားမယူနိုင်ကြပါဘူး။ညဘက်ဆိုလည်း တော်ရုံနဲ့အိပ်မပျော်တတ်ပဲ အိပ်မပျော်တဲ့ဝေဒနာကိုခံစားရပါတယ်။မကြာခဏလည်းတရေးနိုးတတ်လို့
အဲ့ဒီအချိန်ကာလတွေမှာသူတို့ရဲ့အိပ်စက်ချိန်က ပုံမှန်မရှိပါဘူး။ဒါကြောင့် မိန်းကလေးတွေက ယောကျာ်းလေးတွေထက်ပိုပြီးအိပ်ပေးဖို့လိုပါတယ်။

*Restless Leg Syndrome ခံစားရတယ်
ညနေပိုင်းနဲ့ညဘက်တွေမှာ ခြေထောက်မှာအကောင်ကိုက်နေသလိုယားယံမှုခံစားရတယ်။ခြေထောက်ကိုလိုသလို ချက်ချင်းမရွေ့လျားနိုင်ဘူး။ဆူးနဲ့ထိုးနေသလိုနာကျင်မှုခံစားရတယ်စတဲ့လက္ခဏာတွေက Restless Leg Syndrome ဝေဒနာပါ။လေ့လာတွေ့ရှိချက်တွေအရ ဒီဝေဒနာကို အမျိုးသမီးတွေကပိုပြီးခံစားကြုံတွေ့ရလေ့ရှိကြောင်းသိရပါတယ်။

*Secondary insomnia ခံစားရတယ်
အမျိုးသမီးတွေဟာ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျဆင်းမှုတွေပိုုပြီးခံစားကြုံတွေ့ရတဲ့အတွက် အိပ်စက်ဖို့ခက်ခဲတဲ့ဝေဒနာကိုပါတွဲဖက်ခံစားရပါတယ်။ဒါကြောင့်အမျိုးသမီးတွေဟာ အမျိုးသားတွေထက်အိပ်စက်ချိန်နည်းပါးပါတယ်။အမျိုးသမီးတွေက စိတ်ပင်ပန်းမှုကိုပိုပြီးခံစားရတဲ့အတွက် အမျိုးသားတွေထက် မိနစ် ၂ဝစာလောက်ပိုပြီးအိပ်စက်ပေးသင့်ပါတယ်။

အမျိုးသမီးတွေဟာ အိပ်ချိန်ပိုပြီးလိုအပ်တဲ့အပြင် အိပ်ရေးမဝတဲ့အခါမှာလည်း အမျိုးသားတွေထက်ပိုပြီးဆိုးကျိုးများပါတယ်။လုံလုံလောက်လောက်မအိပ်စက်ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ၊ဆီးချိုရောဂါနဲ့ နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေ အဖြစ်များလာပါတယ်။ဒါကြောင့် မိန်းကလေးတွေအနေနဲ့ အိပ်စက်ချိန်လုံလုံလောက်လောက်ရရှိဖို့ စိတ်ဖိစီးတွေတတ်နိုင်သလောက်လျှော့ကာ စောစောအိပ်စက်တာမျိုး၊ကောင်းကောင်းအိပ်ပျော်စေမယ့်အစားအစာ၊လေ့ကျင့်ခန်းမျိုးလုပ်ပေးပါလို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

214 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.