Pre-Order နဲ့တင် အရောင်းရဆုံးစံချိန်ချိုးသွားပြန်တဲ့ EXO





Unicode

Fan တွေအတွက်တော့ နောက်ထပ်ဂုဏ်ယူစရာသတင်းတစ်ခုပါပဲ။

SM Entertainment ရဲ့အဆိုအရ နိုဝင်ဘာလ ၂ရက်နေ့မှာထွက်ရှိလာမယ့် EXO ရဲ ့အယ်လ်ဘမ် “DON’T MESS UP MY TEMPO”ဟာ အခွေမထွက်ရသေးခင်မှာပဲ ကြိုမှာထားကြလို့ အချပ်ရေ 1,104,617 တောင် ရောင်းကုန်သွားပြီလို့သိရပါတယ်။

ပထမဆုံးထွက်ရှိတဲ့အယ်လ်ဘမ်ကစလို့  EXO ဟာ အမြဲတမ်း အချပ်ရေ ၁သန်းကျော်ရောင်းချနိုင်ခဲ့တာပါ။အခုလည်း နိုဝင်ဘာလ ၂ရက်မှထွက်မယ့် အယ်လ်ဘမ်ဟာ pre-order နဲ့တင် အချပ်ရေ ၁သန်းကျော်နေလို့ “Quadruple Million Seller” ဆိုတဲ့ဂုဏ်ပုဒ်တောင်ရရှိတော့မယ်လို့သိရပါတယ်။

နိုင်ငံတကာပရိသတ်တွေကလည်း ဒီသတင်းနဲ့ပတ်သက်ပြီးအရမ်းကိုဂုဏ်ယူနေကြပါတယ်။တွစ်တာတွေ၊အင်စတာဂရမ်တွေမှာ သူတို့ EXO ကို ချီးမွမ်းထားကြတာအများကြီးပါ။ကဲ ဒီက EXO fan လေးတွေရော မပျော်ကြဘူးလား ?

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.