မိန်းကလေးတိုင်းသိထားသင့်တဲ့သားအိမ်နဲ့ပတ်သတ်တဲ့ရောဂါတစ်ချို့အကြောင်း
(၂) သားအိမ်ဇကာပေါက်
(၃) သားအိမ်သားထူတာ
Unicode
အခုခေတ်မှာ မိန်းကလေးတော်တော်များများဟာ သားအိမ်ရောဂါ တွေကို တော်တော်များများခံစားလာကြရပါတယ်။ အပျိုမှ အအိုမှရယ်ထက် ပျိုပျိုအိုအို အရွယ်ရောက်ပြီဆိုတာနဲ့ မိန်းကလေးတစ်ယောက်အတွက်အရေးပါတဲ့သားအိမ်ကိုကျန်းမာရေးစစ်ဆေးမှုတွေ မကြာခဏပြုလုပ်ပေးဖို့တော့လိုပါလိမ့်မယ်။ သားအိမ်မှာဖြစ်တဲ့တစ်ချို့ရောဂါတွေက မိန်းကလေးတစ်ယောက်အတွက်လိင်ကိစ္စနဲ့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်သလို တစ်ချို့သောရောဂါတွေကတော့ အဲ့လောက်ထိစိုးရိမ်စရာမလိုပဲ ဆေးသောက်ဆေးကုရုံနဲ့သက်သာနိုင်တာမလို့သားအိမ်ရောဂါတိုင်းကိုလည်းသေစေနိုင်တယ်လို့ထင်စရာမလိုပါဘူး။ ဆိုတော့ သားအိမ်နဲ့ပတ်သတ်ရင်ဘယ်လိုရောဂါတွေအဖြစ်များတတ်သလဲ…ဘာရောဂါတွေကဘယ်လိုလက္ခဏာတွေရှိလည်းဆိုတာနဲ့စိုးရိမ်စရာမျိုးဟုတ်မဟုတ်ဆိုတာသိရှိစေနိင်ဖို့လေ့လာသိရှိထားသမျှတစ်ချို့ကိုပြန်လည်ဝေမျျပေးချင်ပါတယ်…
ဘယ်လိုရောဂါတွေအများဆုံးဖြစ်တတ်သလဲ
(၁) သားအိမ်ခေါင်းကင်ဆာရောဂါ
သားအိမ်ခေါင်းကင်ဆာကတော့ သားအိမ်နဲ့ပတ်သတ်လို့အမျိုးသမီးတော်တော်များများဖြစ်နေကြတဲ့ရောဂါတစ်ခုပါပဲ။ သားအိမ်ခေါင်းကင်ဆာလည်းကင်ဆာထဲကကင်ဆာတစ်ခုမလို့အလွန်ကြောက်ဖို့ကောင်းတယ်လို့ပြောရမှာပါပဲ။ ခါးအောက်ပိုင်းတွေလေးလံမယ်၊ သွေးဆင်းတာတွေမမှန်တာမျိုး၊ သွေးမတရားဆင်းတာမျိုး ၊ ၀ိတ်မချပဲ ကိုယ်အလေးချိန်က ယူပစ်သလိုကျသွားတာမျိုးနဲ့ဆံပင်ကျွတ်တာမျိုးတွေဟာ သားအိမ်ခေါင်းကင်ဆာဖြစ်နေနိုင်တဲ့လက္ခဏာတွေပါ။ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ သွားရောက်စစ်ဆေးဖို့တော့လိုအပ်ပါတယ်။ အထူးသဖြင့်ကတော့အသက်၃ဝကျော်နောက်ပိုင်း အမျိုးသမီးတွေအဖြစ်များလေ့ရှိပါတယ်။
(၂) သားအိမ်ဇကာပေါက်
သားအိမ်မှာ ဇကာပေါက်ဖြစ်တာမျိုးလည်းရှိကြပါတယ်။ ဒါကတော့အသည်းမှာဇကာပေါက်ဖြစ်တာမျိုးနဲ့တူပြီး သားအိမ်ဇကာပေါက်ဖြစ်တယ်ဆိုတာ ဘယ်ကဘယ်လိုစဖြစ်လဲသေချာတော့မသိပင်မဲ့ အချိန်မှီကုသရင်တော့ အဆင်ပြေနိုင်ပါတယ်။
(၃) သားအိမ်သားထူတာ
သားအိမ်သားနံရံထူခြင်းဟာ သိပ်ပြဿနာရှိတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ဓမ္မတာလာတဲ့အခါ သူများထက်ပိုနာကျင်မယ်၊ လိင်ဆက်ဆံတဲ့အခါ သွေးထွက်တတ်တယ် ဒါမျိုးတွေက သားအိမ်သားနံရံပုံမှန်ထက်ပိုထူလို့ဖြစ်ရတဲ့လက္ခဏာတွေပါပဲ။
(၄) သားအိမ်မှာအလုံးတွေ့တာ
ကင်ဆာလိုမျိုးလည်းမဟုတ်ပဲ သားအိမ်မှာ အလုံးတွေ့တာမျိုးတွေလည်းရှိတတ်ပါတယ်။ ဒီလိုအလုံးရှိနေရင်ကလေးယူဖို့ခက်ခဲတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်အလုံးတည်မှန်းသိတဲ့အချိန်မှာခွဲစိတ်ကုသပြီးထုတ်ပစ်လိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။
ဒီရောဂါတွေကသားအိမ်ခေါင်းနဲ့ပတ်သတ်ပြီးအဖြစ်များတဲ့ရောဂါတွေပါ ။ ဘယ်ရောဂါမဆို အနာနဲ့ဆေးအချိန်မှီထိတွေ့ရင်တော့ အိုကေစိုပြေနိုင်တာမလို့ကိုယ်ခံစားနေရတယ်လို့သိလျှင်သိချင်း အချိန်မှီစမ်းသပ်ကုသဖို့တော့လိုအပ်ပါတယ်။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.