မသောက်တတ်လည်း ဆေးဖြစ်ဝါးဖြစ်ဆောင်ထားသင့်တဲ့ Vodka
Unicode
Vodka ဟာသောက်ဖို့တစ်ခုတည်းရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်ဘူးလို့ဆိုရမှာပါပဲ။အရက်မသောက်တတ်ဘူးဆိုသူတွေကလည်း Vodka ကိုဒီလိုနေရာတွေမှာ ဆေးဖြစ်ဝါးဖြစ်သုံးဖို့ဆောင်ထားလေ့ရှိပါတယ်တဲ့။Vodka ကိုဘယ်နေရာတွေသုံးလို့ရလဲဆိုတာသိရင် သင်အံ့သြသွားမှာအသေအချာပါပဲ။
*Jellyfish ကိုက်ခံရရင် Vodka ကိုသုံးတယ်
Jellyfish ကိုက်တာက အန္တရာယ်မရှိပေမဲ့ အရမ်းနာကျင်ပါတယ်။အဲ့ဒါကြောင့် Jellyfish ကိုက်ခံရတဲ့အခါ အကိုက်ခံရတဲ့နေရာကို ဆားငန်ရေနဲ့အရင်ဆေး၊ပြီးရင် Vodka အနည်းငယ်လောင်းချပြီး နာကျင်မှုကိုလျှော့ချပေးလေ့ရှိပါတယ်။
*အင်းဆက်ပိုးကောင်တွေရန်က ကင်းဝေးစေတယ်
ခြင်၊ပျား၊ပိုးကောင်၊ပုရွက်ဆိတ်စတဲ့ဆင်းဆက်ပိုးတွေရန်က ကင်းဝေးချင်ရင် Vodka အနည်းငယ်ကို အရေပြားပေါ်မှာအနည်းငယ်ဖြန်းပက်ပေးရုံပါ။နံတယ်မကြိုက်ဘူးဆိုရင် ကိုယ်အကြိုက်ဆုံးဆီတစ်မျိုးမျိုးမှာ နည်းနည်းလောက်ထည့်ပြီးလိမ်းပေးလို့ရပါတယ်။ဒါပေမဲ့ Vodka က အနံ့အရသာ၊သကြားမပါဝင်တဲ့ရိုးရိုးဖြစ်ဖို့လိုပါတယ်။
*Poison ivy အရွက်ကြောင့်ယားယံနာကျင်မှုကို ပြေလျော့စေတယ်
ညဘက်တောထဲ လမ်းလျှောက်ထွက်ရင်း Poison ivy အရွက်ကြောင့် ယားယံနာကျင်မှုဖြစ်လာပြီဆိုရင် Vodka နည်းနည်းလောင်းပေးပါ။အယ်လ်ကိုဟောက ယားယံမှုဖြစ်စေတဲ့အဆီကိုဖယ်ရှားပေးပါတယ်။
*ပန်းတွေလတ်ဆတ်လန်းဆန်းစေတယ်
Vodka မှာ antibacterial ပါဝင်တာကြောင့် ပန်းတွေကြာကြာလန်းဆန်းနေစေချင်တယ်ဆိုရင် သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းရယ် Vodka အနညး်ငယ်ရယ်ကို ပန်းအိုးထဲထည့်ထားနိုင်ပါတယ်။ဘတ်တီးရီးယားတွေကိုသေစေ၊ဖယ်ရှားပေးတာကြောင့် ပန်းလေးတွေကြာကြာလန်းဆန်းနေပါလိမ့်မယ်။
*ကြက်သားကြွပ်ကြော်တဲ့အခါမှာလည်းသုံးလို့ရတယ်
ကြက်သားကို ပန်ကိတ်လုပ်တဲ့အခါမှာသုံးတဲ့ batter နဲ့ထည့်ကြော်စားချင်တဲ့အခါမှာလည်း Vodka ကိုသုံးပေးလို့ရပါတယ်။Batter အနှစ်ထဲကို vodka အနည်းငယ်ထည့်လိုက်ပြီး ပုံမှန်ချက်သလိုချက်ကြည့်ပါ။အရသာပိုရှိသွားတာကိုတွေ့ရပါလိမ့်မယ်။ချက်ပြုတ်ပြီးတဲ့အခါမှာ Vodka အနံ့နဲ့အရသာက ပျောက်သွားမှာဖြစ်လို့ ကလေးငယ်တွေစားတဲ့အခါမှာလည်း စိုးရိမ်စရာမရှိပါဘူး။
*ချွေးပေါက်ကျဉ်းစေတယ်
၀ိုးပေါ့…ချွေးပေါက်ကျယ်လို့စိတ်ညစ်နေတဲ့သူတွေ ဒီနည်းလေးကို စမ်းကြည့်သင့်တယ်နော်။Vodka တစ်မျိုးတည်းတော့မဟုတ်ပါဘူး။Vodka နဲ့ ရေဆတူ၊ဒါမှမဟုတ် Green tea ကိုရောစပ်ပါ။ပြီးရင် အဲ့ဒီထဲမှာပဲ rosemary နဲ့ jojoba အဆီ ၂စက်ထပ်ပြီးရောပါ။အဲ့ဒီအရည်ကို ဂွမ်းလေးနဲ့နှစ်ပြီးမျက်နှာမှာလိမ်းပေးနိုင်ပါတယ်။အလှအပရေးရာကျွမ်းကျင်သူတွေက ဒီနည်းလမ်းက ချွေးပေါက်တွေကိုသန့်စင်ပေးပြီးချွေးပေါက်ကျဉ်းစေတယ်လို့ပြောထားပါတယ်။ဒါပေမဲ့အသားအရည်ကိုခြောက်သွေ့စေတဲ့အတွက်သင့်ရဲ့အသားအရည်က ခြောက်သွေ့တဲ့အသားအရည် ဒါမှမဟုတ် ထိခိုက်လွယ်တဲ့အသားအရည်ဆိုရင်ဒီနည်းလမ်းကိုမသုံးသင့်ပါဘူး။
193 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.