ဒီ၃ခ်က္ကုိမလိုက္နာႏုိင္ရင္ ေပ်ာ္ရႊင္ခုိင္ျမဲတဲ႔အခ်စ္ေရးမ်ိဳး ဘယ္ေတာ့မွမရႏုိင္…

Relationship ဆုိတာခိုင္မာေအာင္တည္ေဆာက္ဖုိ႔ခက္ခဲတဲ႔အရာပါ။ဒီလုိခက္ခဲရတဲ႔ၾကားထဲ ဒီအခ်က္သံုးခ်က္ကုိမလိုက္နာဘူး၊ဒီအခ်က္သံုးခ်က္မရွိဘူးဆုိရင္ တစ္ေယာက္နဲ႔တစ္ေယာက္ဘယ္ေလာက္ခ်စ္ပါတယ္ေျပာေျပာ သင္တုိ႔ရဲ႔အခ်စ္ေရးက ေရရွည္တည္ျမဲတဲ႔အခ်စ္ေရးမ်ိဳးလံုး၀ျဖစ္လာမွာမဟုတ္ပါဘူး။ဘယ္လိုအခ်က္ေတြလဲ?

*** မ်ွေ၀ခံစားျခင္း
*ငါမွန္တယ္လုိ႔သက္ေသမျပခင္ တစ္ေယာက္နဲ႔တစ္ေယာက္အျမင္ေတြကုိဖလွယ္ပါ။နားလည္ဖုိ႔ၾကိဳးစားပါ။စိတ္ရွည္သည္းခံျပီးနားေထာင္ပါ။
*ေလာကၾကီးမွာမသိေသးတာေတြအမ်ားၾကီးရွိပါတယ္။တစ္ခုခုမသိလုိ႔ အျပစ္တင္ေနမယ့္အစား တစ္ေယာက္နဲ႔တစ္ေယာက္ ဗဟုသုတေတြကုိ Sharing လုပ္ပါ
*ကုိယ့္လြတ္လပ္ခြင့္ကုိတန္ဖုိးထားပါ။လြတ္လပ္ခြင့္ေပးထားတယ္ဆုိျပီး နားလည္မႈကုိ အလြဲသံုးစားမလုပ္ပါနဲ႔
*စိန္ေခၚမႈေတြကုိအတူတူရင္ဆုိင္ပါ။က်န္းမာေရးနဲ႔ပတ္သက္တာျဖစ္ေစ၊အလုပ္အကုိင္နဲ႔ပတ္သက္တာျဖစ္ေစ၊ခရီးထြက္တာျဖစ္ေစ စိန္ေခၚမႈေတြလုပ္ပါ။အတူတူရင္ဆုိင္ပါ။
မ်ွေ၀ခံစားျခင္းဆုိတာ ဒါေတြပါပဲ

*** ၾကိဳးစားမႈကိုအသိအမွတ္ျပဳခ်ီးက်ဴးျခင္း
စံုတြဲေတြၾကားမွာ တစ္ေယာက္ကုိတစ္ေယာက္ခ်ိီးက်ဴးတာ၊တစ္ဖက္လူရဲ႔ၾကိဳးစားမႈကုိအသိအမွတ္ျပဳတာကလည္း အေရးၾကီးပါတယ္။သူက ကုိယ့္ထက္သာရင္သာမယ္။ဒါကုိ မနာလုိ၀န္တိုမျဖစ္ပဲ ခ်ီးက်ဴးစကားဆုိပါ။ေမာင္တစ္ထမ္းမယ္တစ္ရြက္ဆုိသလို သူေရွ႔ကေခါင္းေဆာင္သြားေနခ်ိန္မွာ ကုိယ္ကေနာက္ကေန လိုက္ႏုိင္ဖုိ႔လည္းလိုအပ္ပါတယ္။ကုိယ္က ဘယ္ေလာက္ပဲေသေလာက္ေအာင္ၾကိဳးစားထားပါေစ အသိအမွတ္ျပဳတဲ႔သူမရိွဘူးဆုိရင္ စိတ္ဓာတ္က်သြားပါလိမ့္မယ္။ဒါေၾကာင့္ ကုိယ့္ခ်စ္သူရဲ႔အရည္အခ်င္းနဲ႔ၾကိဳးစားမႈကုိအသိအမွတ္ျပဳဖုိ႔မေမ့ပါန႔ဲ

***ေလးစားမႈရွိျခင္း

ခ်စ္သူစံုတြဲေတြတစ္ေယာက္ကုိတစ္ေယာက္ေလးစားမႈရွိဖုိ႔လိုတယ္ဆုိတဲ႔စာသားကုိ ေတာ္ေတာ္မ်ားမ်ားဖတ္မိ၊သိမိၾကမွာပါ။ဒါကလည္း အခ်စ္ေရးတစ္ခုမွာမရွိမျဖစ္လိုအပ္တဲ႔အခ်က္တစ္ခုပါပဲ။ခ်စ္သူျဖစ္လာျပီဆုိကတည္းက သူ႔ဘက္က အက်ိဳးသင့္အေၾကာင္းသင့္ေျပာတာကုိလက္ခံရမယ္။နားေထာင္ရမယ္။ဒီလုိပဲ ကုိယ္က သူနဲ႔အရင္းႏွီးဆံုးသူစိမ္းျဖစ္တဲ႔အတြက္သူမျဖစ္သင့္တာမျဖစ္ရေအာင္၊မလုပ္သင့္တာမလုပ္ရေအာင္ကုိယ့္မွာေျပာပုိင္ခြင့္ဆုိတာရွိပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္ေျပာတာကုိ နားမေထာင္ဘူး၊လက္မခံဘူး။ကုိယ္လုပ္ခ်င္ရာလုပ္မယ္ဆုိရင္ ဒီအခ်စ္ေရးက ဘယ္လိုမွေရရွည္အဆင္ေျပမွာမဟုတ္ပါဘူး။တစ္ေယာက္ကုိတစ္ေယာက္ေလးစားမႈရွိတာဟာ အေျခခံအုတ္ျမစ္တစ္ခုခ်သလုိပါပဲ။အရမ္းအေရးပါပါတယ္။

ကဲ သင္တို႔အခ်စ္ေရးမွာေရာ ဒီသံုးခ်က္နဲ႔ျပည့္စံုရဲ႔လား?

Unicode

Relationship ဆိုတာခိုင်မာအောင်တည်ဆောက်ဖို့ခက်ခဲတဲ့အရာပါ။ဒီလိုခက်ခဲရတဲ့ကြားထဲ ဒီအချက်သုံးချက်ကိုမလိုက်နာဘူး၊ဒီအချက်သုံးချက်မရှိဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ချစ်ပါတယ်ပြောပြော သင်တို့ရဲ့အချစ်ရေးက ရေရှည်တည်မြဲတဲ့အချစ်ရေးမျိုးလုံးဝဖြစ်လာမှာမဟုတ်ပါဘူး။ဘယ်လိုအချက်တွေလဲ?

*** မျှဝေခံစားခြင်း
*ငါမှန်တယ်လို့သက်သေမပြခင် တစ်ယောက်နဲ့တစ်ယောက်အမြင်တွေကိုဖလှယ်ပါ။နားလည်ဖို့ကြိုးစားပါ။စိတ်ရှည်သည်းခံပြီးနားထောင်ပါ။
*လောကကြီးမှာမသိသေးတာတွေအများကြီးရှိပါတယ်။တစ်ခုခုမသိလို့ အပြစ်တင်နေမယ့်အစား တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေကို Sharing လုပ်ပါ
*ကိုယ့်လွတ်လပ်ခွင့်ကိုတန်ဖိုးထားပါ။လွတ်လပ်ခွင့်ပေးထားတယ်ဆိုပြီး နားလည်မှုကို အလွဲသုံးစားမလုပ်ပါနဲ့
*စိန်ခေါ်မှုတွေကိုအတူတူရင်ဆိုင်ပါ။ကျန်းမာရေးနဲ့ပတ်သက်တာဖြစ်စေ၊အလုပ်အကိုင်နဲ့ပတ်သက်တာဖြစ်စေ၊ခရီးထွက်တာဖြစ်စေ စိန်ခေါ်မှုတွေလုပ်ပါ။အတူတူရင်ဆိုင်ပါ။
မျှဝေခံစားခြင်းဆိုတာ ဒါတွေပါပဲ

*** ကြိုးစားမှုကိုအသိအမှတ်ပြုချီးကျူးခြင်း
စုံတွဲတွေကြားမှာ တစ်ယောက်ကိုတစ်ယောက်ချိီးကျူးတာ၊တစ်ဖက်လူရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုတာကလည်း အရေးကြီးပါတယ်။သူက ကိုယ့်ထက်သာရင်သာမယ်။ဒါကို မနာလိုဝန်တိုမဖြစ်ပဲ ချီးကျူးစကားဆိုပါ။မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုသလို သူရှေ့ကခေါင်းဆောင်သွားနေချိန်မှာ ကိုယ်ကနောက်ကနေ လိုက်နိုင်ဖို့လည်းလိုအပ်ပါတယ်။ကိုယ်က ဘယ်လောက်ပဲသေလောက်အောင်ကြိုးစားထားပါစေ အသိအမှတ်ပြုတဲ့သူမရှိဘူးဆိုရင် စိတ်ဓာတ်ကျသွားပါလိမ့်မယ်။ဒါကြောင့် ကိုယ့်ချစ်သူရဲ့အရည်အချင်းနဲ့ကြိုးစားမှုကိုအသိအမှတ်ပြုဖို့မမေ့ပါနဲ့

***လေးစားမှုရှိခြင်း
ချစ်သူစုံတွဲတွေတစ်ယောက်ကိုတစ်ယောက်လေးစားမှုရှိဖို့လိုတယ်ဆိုတဲ့စာသားကို တော်တော်များများဖတ်မိ၊သိမိကြမှာပါ။ဒါကလည်း အချစ်ရေးတစ်ခုမှာမရှိမဖြစ်လိုအပ်တဲ့အချက်တစ်ခုပါပဲ။ချစ်သူဖြစ်လာပြီဆိုကတည်းက သူ့ဘက်က အကျိုးသင့်အကြောင်းသင့်ပြောတာကိုလက်ခံရမယ်။နားထောင်ရမယ်။ဒီလိုပဲ ကိုယ်က သူနဲ့အရင်းနှီးဆုံးသူစိမ်းဖြစ်တဲ့အတွက်သူမဖြစ်သင့်တာမဖြစ်ရအောင်၊မလုပ်သင့်တာမလုပ်ရအောင်ကိုယ့်မှာပြောပိုင်ခွင့်ဆိုတာရှိပါတယ်။တစ်ယောက်နဲ့တစ်ယောက်ပြောတာကို နားမထောင်ဘူး၊လက်မခံဘူး။ကိုယ်လုပ်ချင်ရာလုပ်မယ်ဆိုရင် ဒီအချစ်ရေးက ဘယ်လိုမှရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက်လေးစားမှုရှိတာဟာ အခြေခံအုတ်မြစ်တစ်ခုချသလိုပါပဲ။အရမ်းအရေးပါပါတယ်။

ကဲ သင်တို့အချစ်ရေးမှာရော ဒီသုံးချက်နဲ့ပြည့်စုံရဲ့လား?

260 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.