ယူတုိ႔လႊင့္ပစ္ေနတဲ႔ ေထာပတ္သီးေစ့ေတြမွာ ဒီလုိအက်ိဳးေက်းဇူးေလးေတြရွိတယ္

ေထာပတ္သီးစားျပီးရင္ အေစ့ကိုလႊင့္မပစ္ပါနဲ႔လုိ႔ အၾကံေပးပါရေစ။ဘာလုိ႔လဲဆုိေတာ့ ေထာပတ္သီးအသားအႏွစ္တင္မကဘူး။ေထာပတ္သီးအေစ့ကပါ က်န္းမာေရးနဲ႔ အလွအပအတြက္အသံုး၀င္ေနပါတယ္။ေထာပတ္သီးေစ့ေတြက ဘယ္လိုအသံုး၀င္တာလဲ အတူတူဆက္ဖတ္ၾကည့္ရေအာင္

*Glow Skin ရေစတယ္
သဘာ၀အတုိင္းၾကည္လင္ေတာက္ပတဲ႔အသားအရည္မ်ိဳးကုိေထာပတ္သီးအေစ့က ဖန္ဆင္းေပးပါတယ္။ေထာပတ္သီးေစ့မွာပါ၀င္တဲ႔ antioxidant ေတြဟာ ပ်က္စီးသြားတဲ႔အသားအရည္ဆဲလ္ေတြကုိျပန္လည္ျပဳျပင္ေပးျပီး ႏုပ်ိဳတဲ႔အသားအရည္ျဖစ္ေအာင္ ျပန္လည္ကုသေပးပါတယ္။ဒီေတာ့ ေထာပတ္သီးေစ့ကုိဘယ္လိုသံုးရမလဲ။

ပထမဆံုး ေထာပတ္သီးေစ့ကုိုသန္႔ရွင္းေအာင္ ေရေႏြးေႏြးေလးနဲ႔ေဆးေၾကာျပီး ၃ရက္ကေန ၅ရက္အထိအေျခာက္ခံထားပါ။အေျခာက္ခံျပီးရင္ ၾကိတ္စက္ထဲထည့္ေမႊျပီးအမႈန္႔အျဖစ္ေျပာင္းလဲလုိက္ပါ။ရလာတဲ႔အမႈန္႔ေတြကုိဘူးေလးတစ္ဘူးထဲထည့္ျပီးကုိယ့္ရဲ႔မ်က္ႏွာသစ္ေဆးနဲ႔ေရာလို႔ သံုးေပးႏုိင္ပါတယ္တဲ႔။တစ္ပတ္ကုိ သံုးရက္ေလာက္ ေထာပတ္သီးအေစ့မႈန္႔နဲ႔မ်က္ႏွာသစ္ေဆးေရာစပ္သစ္ေပးရင္ ထူးျခားတဲ႔ရလဒ္ကုိျမင္ေတြ႔ရမွာပါ။အသားအရည္က sensitive ျဖစ္တယ္ဆုိရင္မသံုးဖုိ႔အၾကံေပးခ်င္ပါတယ္။Sensitive အသားအရည္ေတြက တစ္ျခားအသားအရည္ေတြထက္ ၂ဆေလာက္ပုိျပီးဂရုစုိက္ထိန္းသိမ္းေပးဖုိ႔လိုပါတယ္။

*ေဗာက္ကင္းစင္ျပီးဆံေကသာသန္စြမ္းေစတယ္
ေထာပတ္သီးအေစ့မႈန္႔ကုိ ဆံပင္အတြက္လည္းသံုးေပးႏုိင္ပါတယ္။ေထာပတ္သီးအမႈန္႔က ေဗာက္လည္းကင္းစင္ေစသလို ဆံသားအတြက္လုိအပ္တဲ႔သဘာ၀ဓာတ္ေတြကုိလည္းျဖည့္တင္းေပးလုိ႔ ဆံပင္က်န္းမာသန္စြမ္းေစပါတယ္။ေထာပတ္သီးအေစ့အမႈန္႔ စားပြဲတင္ဇြန္း ၂ဇြန္းနဲ႔ပ်ားရည္စားပြဲတင္ဇြန္းတစ္ဇြန္းကိုေရာစပ္လို႔ ဦးေရျပားအႏွံ႔လိမ္းက်ံေပးပါ။၁၅မိနစ္ေလာက္ၾကာရင္ ေရခပ္ေႏြးေႏြးေလးနဲ႔သန္႔စင္ေပးျပီး ဓာတုေဆး၀ါးမပါ၀င္တဲ႔ေခါင္းေလ်ွာ္ရည္နဲ႔ေလ်ွာ္ေပးပါ။ဒါဆုိရင္အေကာင္းဆံုးရလဒ္ကုိ ေတြ႔ရပါလိမ့္မယ္။ဆံသားေကာက္ျပီးေျခာက္ေသြ႔တဲ႔ဦးေရျပားပုိင္ရွင္ေတြအတြက္လည္း ဒီနည္းလမ္းက အသံုး၀င္ပါတယ္။

*Facial mask
မ်က္ႏွာသစ္ေဆးနဲ႔ေရာစပ္ျပီးမသံုးခ်င္ဘူးဆုိရင္ facial mask အျဖစ္လည္းသံုးေပးလို႔ရပါတယ္။ေထာပတ္သီးအေစ့မႈန္႔နဲ႔ ရႊံ႔ေစးမႈန္႔ကုိ ေရနဲ႔ဆတူေရာစပ္ပါ။ျပီးရင္မ်က္လံုးေနရာတစ္၀ုိက္ကုိခ်န္လွပ္ျပီး လိမ္းက်ံေပးပါ။၁၅မိနစ္ေလာက္ၾကာရင္ေတာ့ မ်က္ႏွာကုိေသခ်ာသန္႔စင္ေဆးေၾကာေပးလို႔ရပါျပီ။
ျပီးရင္ moisturizer cream လိမ္းေပးဖို႔လည္းမေမ့ပါနဲ႔

*အစာေခ်စနစ္ေကာင္းမြန္ေစျပီး ကုိယ္ခံစြမ္းအားျမွင့္တင္ေပးတယ္
ေထာပတ္သီးအေစ့မွာ ဒီလုိေကာင္းမြန္တဲ႔အက်ိဳးေက်းဇူးေတြရွိေနတယ္လို႔မထင္ခဲ႔မိတာအမွန္။ေထာပတ္သီးအေစ့ကုိစားတာက အစာေခ်စနစ္ကုိေကာင္းမြန္ေစသလုိကုိယ္ခံစြမ္းအားကုိပါျမွင့္တင္ေပးပါတယ္တဲ႔။ေထာပတ္သီးေစ့မွာပါ၀င္တဲ႔ antioxidant နဲ႔ အမ်ွင္ဓာတ္က ေတာ္ရံုတန္ရံုဖ်ားနာကုိက္ခဲမႈေတြကုိတြန္းလွန္ႏိုင္ပါတယ္။အရိုးအဆစ္နာက်င္တာ၊အသားအရည္နီျမန္းေရာင္ရမ္းတာေတြကုိလည္းေပ်ာက္ကင္းေစႏုိင္ပါတယ္။ေထာပတ္သီးအေစ့မႈန္႔ကုိဟင္းခ်က္စရာထဲထည့္စားေပးတာျဖစ္ေစ၊ေထာပတ္သီးေဖ်ာ္ရည္ထဲမွာ အမႈန္႔ကုိပါထည့္ေသာက္တာျဖစ္ေစလုပ္ၾကည့္ပါ။

*ကင္ဆာေရာဂါကိုတုိက္ဖ်က္ႏုိင္တဲ႔ေဆးတစ္လက္
ေထာပတ္သီးအေစ့က ကင္ဆာေရာဂါကိုေတာင္တုိက္ဖ်က္ႏုိင္ပါသတဲ႔။၂၀၁၃ တုန္းက ေလ့လာခ်က္အရ ေထာပတ္သီးနဲ႔ေထာပတ္သီးအေစ့မွာ ေသြးကင္ဆာေရာဂါကုိတုိက္ဖ်က္ႏုိင္တဲ႔ ဓာတ္ေတြပါ၀င္တယ္လုိ႔ေတြ႔ရွိလာရပါတယ္။ဒါ့အျပင္ ေထာပတ္သီးအေစ့မွာေတြ႔ရတဲ႔ avocatin B ဓာတ္ဟာacute myeloid leukemia (AML) ကင္ဆာကုိကာကြယ္ေပးႏုိင္တယ္လုိ႔ေတြ႔ရွိခဲ႔ပါတယ္။

*ၾကြက္သားနာက်င္မႈနဲ႔ယားယံမႈေတြကုိကုသႏုိင္တယ္
ေထာပတ္သီးအေစ့ဟာ ေသြးလည္ပတ္မႈကုိပုိျပီးေကာင္းမြန္လာေစျပီး ေရာင္ရမ္းမႈနဲ႔ၾကြက္သားေတြနာက်င္မႈေတြကုိ ကုသေပးႏုိင္ပါတယ္။ေထာပတ္သီးအေစ့မႈန္႔ကုိသြားကုိက္၊သြားနာကုသတဲ႔အခါမွာေတာင္ သံုးေလ့ရွိေၾကာင္းေတြ႔ရပါတယ္။

ေထာပတ္သီးအေစ့ကုိ အမ်ားၾကီးစားသံုးမိရင္အဆိပ္ျဖစ္နုိင္လား မျဖစ္ဘူးလားေလ့လာၾကည့္တဲ႔အခါမွာ အလြန္အကြ်ံမသံုးစြဲ၊မစားသံုးသေရြ႔ အဆိပ္မျဖစ္ႏုိင္ဘူးလုိ႔ေတြ႔ရွိလာရပါတယ္။ဒါေၾကာင့္ေထာပတ္သီးအမႈန႔္ကိုဟင္းခ်က္စရာေတြထဲထည့္စားတဲ႔အခါ၊ေဖ်ာ္ရည္ထဲထည့္ေသာက္တဲ႔အခါ ပမာဏာအနည္းသာ ထည့္ျပီးေသာက္ေပးသင့္ပါတယ္။

Unicode

ထောပတ်သီးစားပြီးရင် အစေ့ကိုလွှင့်မပစ်ပါနဲ့လို့ အကြံပေးပါရစေ။ဘာလို့လဲဆိုတော့ ထောပတ်သီးအသားအနှစ်တင်မကဘူး။ထောပတ်သီးအစေ့ကပါ ကျန်းမာရေးနဲ့ အလှအပအတွက်အသုံးဝင်နေပါတယ်။ထောပတ်သီးစေ့တွေက ဘယ်လိုအသုံးဝင်တာလဲ အတူတူဆက်ဖတ်ကြည့်ရအောင်

*Glow Skin ရစေတယ်
သဘာဝအတိုင်းကြည်လင်တောက်ပတဲ့အသားအရည်မျိုးကိုထောပတ်သီးအစေ့က ဖန်ဆင်းပေးပါတယ်။ထောပတ်သီးစေ့မှာပါဝင်တဲ့ antioxidant တွေဟာ ပျက်စီးသွားတဲ့အသားအရည်ဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးပြီး နုပျိုတဲ့အသားအရည်ဖြစ်အောင် ပြန်လည်ကုသပေးပါတယ်။ဒီတော့ ထောပတ်သီးစေ့ကိုဘယ်လိုသုံးရမလဲ။

ပထမဆုံး ထောပတ်သီးစေ့ကိုုသန့်ရှင်းအောင် ရေနွေးနွေးလေးနဲ့ဆေးကြောပြီး ၃ရက်ကနေ ၅ရက်အထိအခြောက်ခံထားပါ။အခြောက်ခံပြီးရင် ကြိတ်စက်ထဲထည့်မွှေပြီးအမှုန့်အဖြစ်ပြောင်းလဲလိုက်ပါ။ရလာတဲ့အမှုန့်တွေကိုဘူးလေးတစ်ဘူးထဲထည့်ပြီးကိုယ့်ရဲ့မျက်နှာသစ်ဆေးနဲ့ရောလို့ သုံးပေးနိုင်ပါတယ်တဲ့။တစ်ပတ်ကို သုံးရက်လောက် ထောပတ်သီးအစေ့မှုန့်နဲ့မျက်နှာသစ်ဆေးရောစပ်သစ်ပေးရင် ထူးခြားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။အသားအရည်က sensitive ဖြစ်တယ်ဆိုရင်မသုံးဖို့အကြံပေးချင်ပါတယ်။Sensitive အသားအရည်တွေက တစ်ခြားအသားအရည်တွေထက် ၂ဆလောက်ပိုပြီးဂရုစိုက်ထိန်းသိမ်းပေးဖို့လိုပါတယ်။

*ဗောက်ကင်းစင်ပြီးဆံကေသာသန်စွမ်းစေတယ်
ထောပတ်သီးအစေ့မှုန့်ကို ဆံပင်အတွက်လည်းသုံးပေးနိုင်ပါတယ်။ထောပတ်သီးအမှုန့်က ဗောက်လည်းကင်းစင်စေသလို ဆံသားအတွက်လိုအပ်တဲ့သဘာဝဓာတ်တွေကိုလည်းဖြည့်တင်းပေးလို့ ဆံပင်ကျန်းမာသန်စွမ်းစေပါတယ်။ထောပတ်သီးအစေ့အမှုန့် စားပွဲတင်ဇွန်း ၂ဇွန်းနဲ့ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောစပ်လို့ ဦးရေပြားအနှံ့လိမ်းကျံပေးပါ။၁၅မိနစ်လောက်ကြာရင် ရေခပ်နွေးနွေးလေးနဲ့သန့်စင်ပေးပြီး ဓာတုဆေးဝါးမပါဝင်တဲ့ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ။ဒါဆိုရင်အကောင်းဆုံးရလဒ်ကို တွေ့ရပါလိမ့်မယ်။ဆံသားကောက်ပြီးခြောက်သွေ့တဲ့ဦးရေပြားပိုင်ရှင်တွေအတွက်လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။

*Facial mask
မျက်နှာသစ်ဆေးနဲ့ရောစပ်ပြီးမသုံးချင်ဘူးဆိုရင် facial mask အဖြစ်လည်းသုံးပေးလို့ရပါတယ်။ထောပတ်သီးအစေ့မှုန့်နဲ့ ရွှံ့စေးမှုန့်ကို ရေနဲ့ဆတူရောစပ်ပါ။ပြီးရင်မျက်လုံးနေရာတစ်ဝိုက်ကိုချန်လှပ်ပြီး လိမ်းကျံပေးပါ။၁၅မိနစ်လောက်ကြာရင်တော့ မျက်နှာကိုသေချာသန့်စင်ဆေးကြောပေးလို့ရပါပြီ။
ပြီးရင် moisturizer cream လိမ်းပေးဖို့လည်းမမေ့ပါနဲ့

*အစာချေစနစ်ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတယ်
ထောပတ်သီးအစေ့မှာ ဒီလိုကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရှိနေတယ်လို့မထင်ခဲ့မိတာအမှန်။ထောပတ်သီးအစေ့ကိုစားတာက အစာချေစနစ်ကိုကောင်းမွန်စေသလိုကိုယ်ခံစွမ်းအားကိုပါမြှင့်တင်ပေးပါတယ်တဲ့။ထောပတ်သီးစေ့မှာပါဝင်တဲ့ antioxidant နဲ့ အမျှင်ဓာတ်က တော်ရုံတန်ရုံဖျားနာကိုက်ခဲမှုတွေကိုတွန်းလှန်နိုင်ပါတယ်။အရိုးအဆစ်နာကျင်တာ၊အသားအရည်နီမြန်းရောင်ရမ်းတာတွေကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။ထောပတ်သီးအစေ့မှုန့်ကိုဟင်းချက်စရာထဲထည့်စားပေးတာဖြစ်စေ၊ထောပတ်သီးဖျော်ရည်ထဲမှာ အမှုန့်ကိုပါထည့်သောက်တာဖြစ်စေလုပ်ကြည့်ပါ။

*ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တဲ့ဆေးတစ်လက်
ထောပတ်သီးအစေ့က ကင်ဆာရောဂါကိုတောင်တိုက်ဖျက်နိုင်ပါသတဲ့။၂၀၁၃ တုန်းက လေ့လာချက်အရ ထောပတ်သီးနဲ့ထောပတ်သီးအစေ့မှာ သွေးကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တဲ့ ဓာတ်တွေပါဝင်တယ်လို့တွေ့ရှိလာရပါတယ်။ဒါ့အပြင် ထောပတ်သီးအစေ့မှာတွေ့ရတဲ့ avocatin B ဓာတ်ဟာacute myeloid leukemia (AML) ကင်ဆာကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။

*ကြွက်သားနာကျင်မှုနဲ့ယားယံမှုတွေကိုကုသနိုင်တယ်
ထောပတ်သီးအစေ့ဟာ သွေးလည်ပတ်မှုကိုပိုပြီးကောင်းမွန်လာစေပြီး ရောင်ရမ်းမှုနဲ့ကြွက်သားတွေနာကျင်မှုတွေကို ကုသပေးနိုင်ပါတယ်။ထောပတ်သီးအစေ့မှုန့်ကိုသွားကိုက်၊သွားနာကုသတဲ့အခါမှာတောင် သုံးလေ့ရှိကြောင်းတွေ့ရပါတယ်။

ထောပတ်သီးအစေ့ကို အများကြီးစားသုံးမိရင်အဆိပ်ဖြစ်နိုင်လား မဖြစ်ဘူးလားလေ့လာကြည့်တဲ့အခါမှာ အလွန်အကျွံမသုံးစွဲ၊မစားသုံးသရွေ့ အဆိပ်မဖြစ်နိုင်ဘူးလို့တွေ့ရှိလာရပါတယ်။ဒါကြောင့်ထောပတ်သီးအမှုန့်ကိုဟင်းချက်စရာတွေထဲထည့်စားတဲ့အခါ၊ဖျော်ရည်ထဲထည့်သောက်တဲ့အခါ ပမာဏာအနည်းသာ ထည့်ပြီးသောက်ပေးသင့်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.