ဒုတိယပိုင်းထွက်ရှိလာတော့မယ့် “Partners For Justice”ဇာတ်လမ်းတွဲ
Source:Soompi
Unicode
“စကားပြောသောသက်မဲ့များ”ဆိုတဲ့နာမည်နဲ့ ကေဒရာမာဇာတ်လမ်းတွဲတွေကြားမှာ နာမည်ကျော်ကြားရေပန်းစားခဲ့တဲ့ “Partners For Justice” ဇာတ်လမ်းတွဲကိုဒုတိယပိုင်းအနေနဲ့ဆက်ပြီးထွက်ရှိဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
MBC ကစီစဉ်ထုတ်လွှင့်တဲ့ဇာတ်လမ်းတွဲဖြစ်ပြီး အောက်တိုဘာ ၃ဝရက်နေ့ ဒီကနေ့မှာပဲ
တာဝန်ရှိသူတစ်ယောက်က ““Partners For Justice” ဇာတ်လမ်းတွဲရဲ ့ဒုတိယပိုင်းကို ၂၀၁၉ အလယ်ပိုင်းလောက်မှာပြသနိုင်ဖို့စီစဉ်ထားပါတယ်။မင်းသားမင်းသမီးတွေနဲ့လည်းဆွေးနွေးနေပါတယ်”လို့ပြောပြသွားခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲဟာ ဇူလိုင် ၁ရရက်နေ့က နောက်ဆုံးပြသသွားခဲ့တာဖြစ်ပြီး ဆက်ရန်ရှိသေးတယ်ဆိုတဲ့စာတန်းနဲ့ ကြည့်ရှုသူတွေ နောက်ထပ်အစီအစဉ်တစ်ခုကို စိတ်လှုပ်ရှားမျှော်လင့်နေအောင်ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။ဒါရိုက်တာကလည်း ဒီပထမပိုင်းပြသနေချိန်အတွင်းမှာပဲ ဒီဇာတ်လမ်းတွဲကို Seasonal drama အဖြစ်ဖန်တီးဖို့စိတ်ကူးမိတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒါ့အပြင် ဒုတိယပိုင်းအစီအစဉ်ဟာ ဇူလိုင် ၁၈ရက်ကတည်းက စတင်ရိုက်ကူးနေပြီလို့ကောလဟာလသတင်းထွက်ရှိလာပါတယ်။ဒီလိုကောလဟာလသတင်းတွေထွက်ရှိပြီး နောက်ဆုံးမှာတော့ MBC က အခုလိုပဲ ထုတ်လုပ်ရေးကုမ္ပဏီတွေ၊အနုပညာရှင်တွေနဲ့ ဆွေးနွေးနေပြီဖြစ်ကြောင်း ဖော်ပြလာခဲ့တာဖြစ်ပါတယ်။
“Partners For Justice” ဇာတ်လမ်းတွဲမှာ မင်းသား Jung Jae Young ၊Jung Yu Mi ၊ Lee Yi Kyung ၊ Park Eun Suk ၊ Stephanie Lee ၊ Oh Man Seok တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဒုတိယပိုင်းအစီအစဉ်မှာသူတို့ပဲ ပြန်ပြီးပါဝင်ဦးမလား၊အစားထိုးတာ၊အသစ်ထည့်တာတွေရှိလာမလားဆိုတာတော့ဆက်ပြီးစောင့်ကြည့်ရမှာပါပဲ။
Source:Soompi
231 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.