ပြီးခဲ့တဲ့ညက ကစားသွားခဲ့တဲ့ ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီးတဲ့နောက် အမှတ်ပေးဇယားထိပ် ဆုံးနေရာကို အာဆင်နယ်ပြန်မတက်နိုင်တော့ဘဲ လီဗာပူးလ်ကို ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာ မှာပဲ နေနေရပြီဖြစ်ပါတယ်။ ဒီပွဲရဲ့ (၃၆)မိနစ်မှာ အာဆင်နယ်တိုက်စစ်မှူး သီယိုဝဲလ်ကော့တ်ကို ချဲလ်ဆီးက ၀ီ လျံက ဂိုးဧရိယာအတွင်း ဖျက်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပင်နယ်လ်တီပေးသင့်၊ မပေးသင့်ဆိုတဲ့ အငြင်းပွားမှု များကလည်း ထွက်ပေါ်လျက်ရှိပါတယ်။ အာဆင်နယ်နည်းပြ၀င်းဂါးကတော့ ဒါဟာ (၁၀၀)ရာခိုင်နှုန်းသေချာ တဲ့ပင်နယ်လ်တီပါလို့ အခိုင်အမာပြောလာခဲ့ပါပြီ။ “ ရာနှုန်းပြည့် ပင်နယ်လ်တီပေးသင့်ခဲ့ပါတယ်။ မပေးတာက တော့ ဒိုင်လူကြီးကိုပဲ သွားမေးရတော့မှာပဲ။ ကျွန်တော်လည်း မသိဘူး။ ကျွန်တော့စိတ်ထဲတော့ ဒါပင်နယ်လ်တီ ပါ။ ပွဲရဲ့ နောက်ဆုံးပိုင်းမှာ ကစားသွားခဲ့တဲ့ခြေစွမ်းအရလည်း နိုင်သင့်တယ်လို့ ယုံကြည်တယ်။ သူတို့က အမ်းမ ရိတ်စ်ကိုလာပြီး ခံစစ်ကစားဖို့ပြင်ဆင်လာခဲ့ကြတာလေ။ တန်ပြန်တိုက်စစ်နဲ့ ပြန်ကစားဖို့ပေါ့။ ဒီပွဲက တကယ့်ကို အခွင့်အရေးနည်းလွန်းခဲ့တဲ့ပွဲပါ။ နည်းပါးတဲ့အခွင့်အရေးတွေကို ကျွန်တော်တို့ အခွင့်အရေးမယူနိုင်ခဲ့ဘူး”လို့ ၀င်း ဂါးက ပြောခဲ့ပါတယ်။
အာဆင်နယ်အဖို့ ဒီပွဲကို သရေကျလိုက်တာကြောင့် မန်စီးတီးနဲ့ (၁)မှတ်၊ ချဲလ်ဆီး၊ အဲဗာတန်တို့ နဲ့ (၂)မှတ်သာ ကွာတော့ပြီး လက်ရှိချန်ပီယံ မန်ယူနဲ့ဆိုရင်တော့ (၈)မှတ်သာကွာဟတော့တာဖြစ်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။