ယူသာအမကြီးဆိုရင်ယူ့ညီမအငယ်လေးတွေကသင့်အပေါ်ဘာတွေကြည့်မရဖြစ်တတ်သလဲ…

ညီအမဆိုတာ ဘုရားကပေးတဲ့ဆုလဒ်တစ်ခုပါ။ ကိုယ်နဲ့အတူတူ မိသားစုကိစ္စတွေ ပဲဖြစ်ဖြစ် ဘာပြဿနာပဲဖြစ်ဖြစ် တစ်ယောက်ထဲဖြေရှင်းစရာမလိုပဲတိုင်ပင်ဖော်ရအောင် ပေးထားတဲ့လက်ဆောင်လေးပါ။ မွေးချင်းတွေရဲ့ဆက်ဆံရေးဟာ တစ်အိမ်နဲ့တစ်အိမ်
မတူတက်ကြပါဘူး ။ အမြဲကြင်နာတဲ့မွေးချင်းတွေရှိသ

1. အကြီးဆိုပြီး ဘိုကျတာ

တစ်ခုခုဆို ငါကအကြီးလေ နင်ငါပြောတာ နားထောင်ဆိုတာမျိုး အမြဲအထက်စီး ကပြောတက်တာမျိုး အငယ်တွေက မကြိုက်တက်ကြပါဘူး။ သူတို့ကလည်းအငယ်ပေမဲ့တစ်ခါတလေသူတို့ခံစားချက်လေးနားလည် တာလေး ပြောချင်တာပေါ့။ ကိုယ်က အရှေ့ကနေကြို ပိတ်ပြီး ငါအကြီး ပြောတာနားထောင်လို့ပြောလိုက်ရင်သူတို့စိတ်တိုတက်ပြီး ကိုယ့်ကိုအမြင်ကတ်တက်ပါတယ်။

 

2. အစဉ်လိုက်ဆိုတာကြီး

ဘာပဲလုပ်လုပ် သမီးလေးကငယ်သေးတယ် မမကကြီးနေပြီ သူ့ကိုအရင်ပေးလုပ်လိုက် အရင်ပေးသွားလိုက် ဆိုတဲ့အစဉ်လိုက်ဥပဒေကြီးကြောင့်သင့်ကို အမြင်ကတ်တက်ပါတယ်။

 

3. ကတိမတည် လို့

အကြီးဖြစ်သူက ဆူကြိမ်းပြီး ဒါလုပ်နော် ဒါမလုပ်နဲ့ပြောပြီး သူကိုယ်တိုင်ကြတော့ လုပ်ချင်တာလုပ်တာကြောင့် အငယ်လေးတွေက အမြင်ကတ်တက်ပါတယ်။

 

4. မရီရလို့

ညီအမဆိုပြီး ပျော်ပျော်ရွှင်ရွှင် ရီရီမောမော ဟာသတွေ မပြောပြတက်ပဲ ရုပ်တည်ကြီးနဲ့နေတက်တဲ့ အမ မလို့ညီမငယ်လေးတွေက မုန်းတက်ပါတယ်။

 

5. လျို့ဝှက်ချက်ထားတက်လို့

တစ်ခုခုဆိုသူတို့ကို အငယ်ဆိုပြီး မပြောပြပဲ လျို့ဝှက်ချက်ထားတက်တဲ့ အမမျိုး ကိုအမြင်ကတ်တက်ကြပါတယ် ။ သူတို့ကသူတို့ရဲ့အတွေးအခေါ် လေးကို ကိုယ်ကယုံယုံကြည်ကြည်နဲ့နားထာင်ပြီးသူတိုံဆီက အကြံယူတာကိုလိုချင်တာပါ။

 

6. ဆင်တူတွေရှိလို့

ညီအမနစ်ယောက်ဆိုပြီး အမေကစ်ခုတစ်ခုဝယ်ရင် ဆင်တူလေးနေတွဝယ်ပေးတက်ကြပါတယ်။ သူတို့ပစ္စည်းတော်တော်မျာများဟာ အမမှာရှိပြီးသားမို့ကိုယ်သုံးတဲ့အချိန်မှာသုံးပြီးသားလို့ခံစားရလို့အမကိုအမြင်ကတ်တက်ပါတယ်။

 

7. အိမ်ကပိုချစ်တယ်ထင်လို့

အကြီးဖြစ်သူအမကို အိမ် ကအဖေတွေအမေ တွေက အကြီးဆိုပြီး အားကိုးတကြီးနဲ့တိုင်ပင်တာတီးတိုးပြောနေကြတာ တွေ့ရင် အမကိုပိုချစ်တယ်ထင်ပြီး အမြင်ကတ်တက်ကြပါတယ်။

 

8. ပိတ်ပင်လို့

သူကြတော့ သူငယ်ချင်းတွေနဲ့သွားလြာ့ပီးကိုယ့်ကျရင် ဘယ်သူနဲ့ မပေါင်းရဘူး။ ဘယ်မသွားရဘူး။ ဘာမစားရဘူးနဲ့ ပွစိပွစိနဲ့ပိတ်ပင်တက်လို့အမြင်ကတ်တက်ကြပါတယ်။

ညီမငယ်လေးတွေကိုယ့်ကို ဘာကြောင့်ကြည့်မရတာလဲဆိုတဲ့ အကြောင်းနဲ့ပတ်သတ်တဲ့ရေဘုယျအချက်လေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်…ဘယ်လောက်ပဲအမြင်ကတ်ကတ် အချိန်တန်ကြရင်သွေးကစကားပြောပြီး တစ်ယောက်နဲ့တစ်ယောက် အချစ်ပဲမခေါ်ပဲမနေနိုင်ကြတာသဘာဝပါ။

93 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.