ယူတို့ချစ်ချစ်တွေနဲ့ Romantic ဆန်ဆန် Honeymoon သင့်တဲ့ကမ္ဘာတစ်လွှားကနေရာများ…

လူတိုင်းဟာ ကိုယ့်ရဲ့ဟန်းနီးမွန်းခရီးစဉ်ကိုသာယာ လှပပြီးအေးချမ်းတဲ့နေရာလေးတွေမှာ ကုန်ဆုံးချင်ကြပါတယ်။ ပြည်ပနိုင်ငံတွေကို ဟန်နီးမွန်းထွက်မယ်ဆိုရင်တော့ ဒီနေရာလေးတွေကို မပါမဖြစ်ထည့်စဉ်းစားပေးဖို့လိုတယ်နော်…

1. Tuscany, Italy – Europe

Tuscany, Italy – Europeစာအုပ်ခဲတွေ ရုပ်ရှင်တွေထဲမှာ ကြည့်ဘူးသလိုပဲ နေေေေ၇ာင်ခြည်ဖြဖြလေးတွေ ၊ စိမ်းဆိုနေတဲ့ သစ်တောအုပ်လေးတွေ ၊ ဖြာကျနေတဲ့ စပျစ်ပင်ကြီးတွေနဲ့ အရမ်းကြည်နုးဖို့ကောင်တဲ့နေရာလေးပါ။ အီတလီရဲ့မြောက်ဘက်အစွန်းပိုင်းမှာ လေထဲဆောက်ထားတဲ့ အိမ်ပုံလိုမျိုး ဟိုတယ်လေးရှိပါတယ်။ အာ့ဟိုတယ်လေးမှာ ပင်လယ်ရဲ့ အရသာကို ကြည့်ရင်း ဟန်နီးမွန်းညကိုကောင်းမွန်စွာဖြတ်သန့်ပါ။

2. Bora Bora – South Pacific

Bora Bora – South Pacific ကမ္ဘာလှည့်ဧည့်သည်တွေနဲ့ ဟန်နီးမွန်းမောင်နှံတွေ လာနေကြနေရာတစ်ခုပါ။ ဟိုတယ်တွေ ဟာ ပင်လယ်ရဲ့ အနီးနားမှာဖြစ်ပြီး အပျင်းပြေ အနှိပ်ခန်းတွေ၊ ရေငုပ်ပြိုင်ပွဲတွေနဲ့ပြည့်နေတဲ့ အပန်းဖြေနေရာတစ်ခုပါ။သူ့ကို ပုလဲပစိဖိတ်လို့လည်း ခေါ်ဝေါ်ကြပါတယ်။

3. Paris, France – Europe

Paris, France – Europeအဆောက်အအုံဟောင်းကြီးတွေ ၊ ရုံးအဟောင်းကြီးတွေနဲ့ လက်မှု အနုပညာ များကို စိတ်ဝင်တစားမြင်တွေ့ရမဲ့နိုင်ငံဖြစ်တယ်။ စူးစမ်းလေ့လာရတာ ၀ါသနာပါပြီး ရှေးခေတ် အဆောက်အုံတွေ ကိုနှစ်သက်တဲ့စုံတွဲမျိုးစုံ အတွက်Okayပါလိမ့်မယ်။ မြစ်ပေါ်မှာ သစ်ပင်ကြီးတွေ တံတားတွေက အုပ်မိုးထားတဲ့ချစ်စရာ နေရာလေးတွေလည်းရှိပါတယ်။

4. Maldives, Asia

Maldives, Asia ဟန်နီးမွန်းထွက်မယ်စဉ်းစားလိုက်ရင် ဒီနေရာလေးကို မပါမဖြစ်ပြေးပြေးမြင်မိကြမှာပါ။ နေချင်စဖွယ်ချစ်စရာအိမ်ငယ်လေးတွေနဲ့ ရေကူးရတာ ရေစိမ်ရတာကြိုက်တဲ့ဇနီးမောင်နှ့အတွက်တော့နိဗ္ဗာန်ဘုံပေါ့နော်။

5. Kauai, Hawaii – USA

Kauai, Hawaii – USAစိမ်းပြာလဲ့နေတဲ့ကောင်းကင်၊ အညိုရောင်သဲပြင် ၊ ကြည်ပြာလဲ့နေတဲ့ရေလေးတွေ ၊ ပျော်ရွှင်စွာ ကခုန်နေတဲံဒေသခံအကသမားတွေနဲ့ အရမ်းပျော်စရာကောင်းတဲ့ကျွန်းစုလေးတစ်ခုပါ။ လွတ်လပ်ပေါ့ပါးစွာ ကခုန်ရတာကြိုက်ပြီးရေကူးဝါသနာပါတဲ့အတွဲတွေအတွက် romanticဆန်မဲ့နေရာလေးတစ်ခုပါ။

35 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.