နှလုံးလမ်းကြောင်းက ဘယ်လိုပုံစံလဲကြည့်ပြီး အချစ်ရေးလေးခန့်မှန်းမယ်
Unicode
လူတစ်ယောက်ရဲ ့လက်ဟာ အချစ်ရေးနဲ့ပတ်သက်လို့တော်တော်များများပြောနိုင်ပါသတဲ့။လေ့လာချက်တွေအရ လက်နှစ်ဖက်ကိုပုံထဲကလို ခပ်အုပ်အုပ်လေးလုပ်ကြည့်ပါ။ပြီးရင် လမ်းကြောင်းလေးဘယ်လိုပုံစံဖြစ်နေလဲဆိုတာ ကြည့်ပြီး အချစ်ရေးနဲ့ပတ်သက်လို့ အဖြေကိုသိနိုင်ပါတယ်တဲ့။ကိုယ့်ကိုယ့်ကိုယ်ဖြစ်စေ ကိုယ့်ချစ်သူရဲ့လက်ကိုဖြစ်စေ လုပ်ကြည့်ပြီးမှန်မမှန်စမ်းသပ်ကြည့်ပါဦး
Love Lines လမ်းလေး ညီနေတယ်
ပုံထဲကလို လမ်းကြောင်းကွေးကွေးလေးညီနေတယ်ဆိုရင် လက်ပိုင်ရှင်ဟာ ကိုယ့်ချစ်သူအပေါ်မှာ မပြောင်းမလဲသစ္စာရှိရှိချစ််တဲ့သူတွေပါပဲ။သူတို့ဟာကိုယ့်အချစ်ရေးလေးမပြိုကွဲအောင်ထိန်းသိမ်းစောင့်ရှောက်တတ်သူတွေဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်ဉာဏ်ရှိပြီး ဘဝမှာအပြောင်းအလဲလုပ်ရတာကိုသိပ်မကြိုက်တတ်သူတွေပါ။နူးညံ့တဲ့စိတ်နေစိတ်ထားပိုင်ဆိုင်ပြီး တစ်ခြားသူတွေရဲ ့သဘောထားအမြင်တွေကိုလည်း ဂရုစိုုက်လက်ခံတတ်သူတွေဖြစ်ပါတယ်။
ဘယ်လမ်းကြောင်းက ညာဘက်ထက်နိမ့်နေတယ်
လက်နှစ်ဖက်ကိုစုကြည့်လိုက်လို့ ပုံထဲကလို ဘယ်လမ်းကြောင်းလေးက ညာဘက်လက်ထက်နိမ့်နေတယ်ဆိုရင် လက်ပိုင်ရှင်ဟာ ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူနဲ့ ချစ်သူဖြစ်ဖို့ပိုပြီးဆန္ဒရှိတယ်။အရမ်းချစ်တတ်ပြီးရိုမန်တစ်လည်းဆန်တယ်။သူများချမှတ်ထားတဲ့စည်းမျဉ်းတွေကိုကျော်လွန်ပြီး ကိုယ်လုပ်ချင်တဲ့ပုံစံအတိုင်းလုပ်သူလည်းဖြစ်တယ်။သူတို့က သူတို့ရဲ့ဆဌမအာရုံကိုယုံကြည်ပြီးနားထောင်ကြတယ်။ဒါကြောင့် အချစ်ရေးမှာအမှားလုပ်မိတယ်ဆိုတာ ရှားတယ်။
ဘယ်လမ်းကြောင်းက ညာဘက်လမ်းကြောင်းထက်မြင့်နေတယ်
ပုံထဲကလို ဘယ်လမ်းကြောင်းလေးက မြင့်နေလား?ဒါဆိုရင် ဒီလက်ပိုင်ရှင်ဟာ အချစ်ရေးတစ်ခုကိုပြီးစလွယ်မတည်ဆောက်တတ်သလို ပျော်ရွှင်ဖို့စိတ်ချမ်းသာဖို့သာရည်ရွယ်ပြီးအချစ်ရေးတည်ဆောက်ချင်တာဖြစ်ပါတယ်။သူတို့ရွေးလိုက်ပြီဆိုရင်လည်း အဲ့ဒီတစ်ယောက်ဟာ သူတို့ထက်ငယ်ရွယ်တဲ့သူ ဒါမှမဟုတ် သူတို့နဲ့ အကျင့်စရိုက်မတူညီတဲ့သူမျိုးကို ရွေးချယ်တတ်ကြပါတယ်။ဒီလိုလက်ပိုင်ရှင်ဟာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိသူတွေဖြစ်ပြီး အခက်အခဲတွေကိုလွယ်လွယ်ကူကူနဲ့ကျော်လွှားတတ်တဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.