ငယ္ငယ္တုန္းကေျကာက္ခဲ႔ရတဲ႔ေဒေ၀ါျကီးေတြထမင္းလံုးတေစၦေတြဆိုတာ…

ငယ္ငယ္တုန္းကဖင္တုန္းေအာင္ေျကာက္ခဲ႔ျကတာေလးေတြ သတိရျကမယ္ထင္ပါရဲ႕။ လူျကီးေတြမွာလည္းကိုယ္ေတြကိုထုိင္မရရင္ ကိုယ္ေတြေျကာက္နုိင္တဲ႔ဟာေတြနဲ႕ပဲျဖဲေျခာက္ျကရတာမလား 😛 တစ္ခါတစ္ခါျပန္စဥ္းစားမိရင္ ရယ္စရာလည္းေကာင္းသလို အမွတ္တရလည္းျဖစ္ေစပါတယ္။ အခုခိ်န္ထိကိုယ္ေတြေတာင္ကိုယ္ေတြသားသမီးေတြကိုလက္ဆင္႔ကမ္းျပီးျပန္ေျခာက္ေနျကမလား။ ဒါပင္မဲ႔ ဒီလို ယံုတမ္းစကားေတြ ေျခာက္ခဲ႔တဲ႔အရာေတြကလည္း တကယ္ျကီးမဟုတ္ဘူးလို႕မထင္လုိက္ပါနဲ႕။ ထမင္းစားျပီးထမင္းလံုးေတြေျခေထာက္မွာကပ္ျပီးအိပ္ေပ်ာ္သြားျကည္႔ ဘီးလူးစီးသလိုလိုေတာင္ေအာက္ျပဳတ္က်သလိုသလိုေတြျဖစ္ဖူး ျကမွာပါ။ ဒါေျကာင္႔ေရွးလူျကီးေတြ ေျပာဆို ျပီးေျခာက္လန္႕ခဲ႔တဲ႔အရာေတြကလည္း ယံုတမ္းေတြျကီးပဲလုိ႕လည္းတစ္ဖက္သတ္ေျပာလို႕မရပါဘူး။ တိုက္ဆုိင္မႈလို႕ ယံုျကည္လုိက္လည္းရသလုိ တကယ္ျဖစ္တတ္တယ္လို႕ ေျပာရင္လည္းမမွားပါဘူး။

တစ္ခုေသခ်ာသြားတာကေတာ႔ ဒီလုိငယ္ငယ္ကေျခာက္လန္႔ခဲ႔လို႕လည္း ကိုယ္ေတြက အခုဆိုထမင္းစားရင္ ပန္းကန္းေဘးေတြေပပြေနေအာင္မစားျဖစ္ေတာ႔ဘူး၊ ထမင္းေစ႔ေတြကိုေအာက္ျပဳတ္က်ေအာင္မစားေတာ႔ဘူး၊ မိုးျကီးလို႕မိုးျကိုးေတြပစ္ခ်ေနျပီဆိုရင္ေဒေ၀ါျကီးနဲ႕ေတြ႕မွာဆုိးလို႕ မိုးသည္းျကီးထဲ မထြက္ျဖစ္ေတာ႔ဘူး။ ဆုိလုိခ်င္တာက တစ္ခ်ိဳ႕ေသာေရွးလူျကီးေတြရဲ႕ ဆိုဆံုးမမႈေျခာက္လန္႔မႈေတြက ကိုယ္ေတြရဲ႕အနာဂတ္မွာ ေကာင္းမြန္တဲ႔အေလ႔အက်င္႔ေတြကိုရွိသြားေစတာပါပဲ။ တစ္ခါတစ္ရံေဒေ၀ါျကီးေတြ ထမင္းလံုးတေစၦေတြ ေစာေစာမထရင္ကိုယ္ေစာင္႔နတ္က နတ္သဘင္အစည္းေ၀းေနာက္က်မယ္ဆုိတာေတြက ယံုတမ္းလို႕ထင္ေကာင္းထင္နုိင္မယ္ တကယ္လို႔လည္းေတြးခ်င္ေတြးျကမယ္ …ေသခ်ာတာတစ္ခုကေတာ႔ကၽြန္ေတာ္တုိ႕ကိုအက်င္႔ေကာင္းေတြေမြးထုတ္ေပးနုိင္ခဲ႔တယ္ဆိုတာပါပဲ…

Unicode

ငယ်ငယ်တုန်းကဖင်တုန်းအောင်ကြောက်ခဲ့ကြတာလေးတွေ သတိရကြမယ်ထင်ပါရဲ့။ လူကြီးတွေမှာလည်းကိုယ်တွေကိုထိုင်မရရင် ကိုယ်တွေကြောက်နိုင်တဲ့ဟာတွေနဲ့ပဲဖြဲခြောက်ကြရတာမလား 😛 တစ်ခါတစ်ခါပြန်စဉ်းစားမိရင် ရယ်စရာလည်းကောင်းသလို အမှတ်တရလည်းဖြစ်စေပါတယ်။ အခုချိန်ထိကိုယ်တွေတောင်ကိုယ်တွေသားသမီးတွေကိုလက်ဆင့်ကမ်းပြီးပြန်ခြောက်နေကြမလား။ ဒါပင်မဲ့ ဒီလို ယုံတမ်းစကားတွေ ခြောက်ခဲ့တဲ့အရာတွေကလည်း တကယ်ကြီးမဟုတ်ဘူးလို့မထင်လိုက်ပါနဲ့။ ထမင်းစားပြီးထမင်းလုံးတွေခြေထောက်မှာကပ်ပြီးအိပ်ပျော်သွားကြည့် ဘီးလူးစီးသလိုလိုတောင်အောက်ပြုတ်ကျသလိုသလိုတွေဖြစ်ဖူး ကြမှာပါ။ ဒါကြောင့်ရှေးလူကြီးတွေ ပြောဆို ပြီးခြောက်လန့်ခဲ့တဲ့အရာတွေကလည်း ယုံတမ်းတွေကြီးပဲလို့လည်းတစ်ဖက်သတ်ပြောလို့မရပါဘူး။ တိုက်ဆိုင်မှုလို့ ယုံကြည်လိုက်လည်းရသလို တကယ်ဖြစ်တတ်တယ်လို့ ပြောရင်လည်းမမှားပါဘူး။ တစ်ခုသေချာသွားတာကတော့ ဒီလိုငယ်ငယ်ကခြောက်လန့်ခဲ့လို့လည်း ကိုယ်တွေက အခုဆိုထမင်းစားရင် ပန်းကန်းဘေးတွေပေပွနေအောင်မစားဖြစ်တော့ဘူး၊ ထမင်းစေ့တွေကိုအောက်ပြုတ်ကျအောင်မစားတော့ဘူး၊ မိုးကြီးလို့မိုးကြိုးတွေပစ်ချနေပြီဆိုရင်ဒေဝေါကြီးနဲ့တွေ့မှာဆိုးလို့ မိုးသည်းကြီးထဲ မထွက်ဖြစ်တော့ဘူး။ ဆိုလိုချင်တာက တစ်ချို့သောရှေးလူကြီးတွေရဲ့ ဆိုဆုံးမမှုခြောက်လန့်မှုတွေက ကိုယ်တွေရဲ့အနာဂတ်မှာ ကောင်းမွန်တဲ့အလေ့အကျင့်တွေကိုရှိသွားစေတာပါပဲ။ တစ်ခါတစ်ရံဒေဝေါကြီးတွေ ထမင်းလုံးတစ္ဆေတွေ စောစောမထရင်ကိုယ်စောင့်နတ်က နတ်သဘင်အစည်းဝေးနောက်ကျမယ်ဆိုတာတွေက ယုံတမ်းလို့ထင်ကောင်းထင်နိုင်မယ် တကယ်လို့လည်းတွေးချင်တွေးကြမယ် …သေချာတာတစ်ခုကတော့ကျွန်တော်တို့ကိုအကျင့်ကောင်းတွေမွေးထုတ်ပေးနိုင်ခဲ့တယ်ဆိုတာပါပဲ…

113 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.