ၾကက္သြန္နီမွာ သင္ထင္ထားတာထက္ က်န္းမာေရးေကာင္းက်ိဳးေတြအမ်ားၾကီးရွိေန…

ၾကက္သြန္နီဟာ မီးဖုိေခ်ာင္မွာဆုိ မရွိမျဖစ္အေရးပါတဲ႔ဟင္းခ်က္စရာအမယ္တစ္ခုပါ။ဟင္းခ်က္တ့ဲအခါတုိင္းမပါမျဖစ္ထည့္ၾကတဲ႔ၾကက္သြန္နီကုိ အရည္အျဖစ္ေျပာင္းလဲသံုးစြဲေပးမယ္ဆုိရင္ ဒီလုိအံ႔ၾသစရာေကာင္းက်ိဳးေတြရလာႏုိင္ပါတယ္တဲ႔။

*ကင္ဆာေရာဂါျဖစ္ပြားမႈကုိ ကာကြယ္ေပးတယ္
ၾကက္သြန္နီမွာ quercetin ၊ anthocyanins ၊ organosulfur စတဲ႔ anticancer compounds ဓာတ္ေတြအမ်ားၾကီးပါ၀င္ေနပါတယ္။ဒီကြန္ေပါင္းဓာတ္ေတြက
ကင္ဆာေရာဂါေတာ္ေတာ္မ်ားမ်ားျဖစ္ပြားမႈကုိေလ်ွာ့ခ်ေပးႏုိင္ပါတယ္။ၾကက္သြန္နီရဲ႔ျပင္းရွတဲ႔အရသာဟာ အထူးသျဖင့္ ဦးေႏွာက္နဲ႔အဆုတ္ကင္ဆာေတြကုိ ကာကြယ္ေပးႏုိင္ပါတယ္။

*ကုိယ္ခံအားျမွင့္တင္ေပးတယ္
ၾကက္သြန္နီရည္မွာ ကုိယ္ခံစြမ္းအားကုိျမွင့္တင္ေပးႏုိင္တဲ႔ selenium ဓာတ္တစ္မ်ိဳးပါရွိပါတယ္။Selenium ဟာ စိတ္ဖိစီးမႈေတြကုိတုိက္ထုတ္ေပးျပီးႏွလံုးေရာဂါနဲ႔ကင္ဆာေရာဂါ၊နာတာရွည္ေရာဂါျဖစ္ပြားတာေတြကုိ ခုခံေပးႏုိင္တဲ႔ဓာတ္တစ္မ်ိဳးပါ။ၾကက္သြန္နီမွာဒီဓာတ္ပါ၀င္တာေၾကာင့္ ခႏၶာကိုယ္အစိတ္အပုိင္းေတြရဲ႔လုပ္ေဆာင္ခ်က္ကုိပုိျပီးတုိးတက္ေကာင္းမြန္လာေစတာပါ။ခႏၶာကုိယ္ယားယံမႈ၊အလက္စ္ဂ်စ္နဲ႔ ေရာင္ရမ္းနာက်င္မႈေတြကိုလည္းေလ်ွာ့ခ်ေပးႏုိင္ပါတယ္။

*နားနဲ႔ပတ္သက္တဲ႔ေရာဂါေတြကုိကာကြယ္ေပးတယ္
Cambridge University ရဲ႔ ေလ့လာေဖာ္ျပခ်က္အရ ၾကက္သြန္နီအရည္မွာ နားနဲ႔ပတ္သက္တဲ႔ကူးစက္ေရာဂါ၊နားကုိက္ေရာဂါေတြကုိ ကုသေပးႏုိင္တဲ႔စြမ္းရည္မ်ိဳးရွိတယ္လုိ႔ေတြ႔ရပါတယ္။ပုိျပီးေသခ်ာအသံုးျပဳခ်င္တယ္ဆုိရင္ေတာ့ ၾကက္သြန္နီအရည္ကုိအသံုးမျပဳခင္ဆရာ၀န္နဲ႔ေသခ်ာတုိင္ပင္ေဆြးေႏြးျပီးမွသံုးေပးပါ။

*၀က္ျခံကုသေဆး
ေလ့လာခ်က္ေတြအရ ၾကက္သြန္နီအရည္မွာပါ၀င္တဲ႔အဆီတစ္မ်ိဳးဟာ ၀က္ျခံအမာရြတ္ေတြကုိေတာင္ေပ်ာက္ကင္းေစႏုိင္တယ္လုိ႔ေတြ႔ရပါတယ္။၀က္ျခံေၾကာင့္ အေရျပားေရာင္ရမ္းနီျမန္းတာေတြလည္းမျဖစ္ေအာင္ကာကြယ္ေပးႏုိင္ပါတယ္။ၾကက္သြန္နီအရည္ကုိမ်က္ႏွာမွာလိမ္းျပီး ၁၀မိနစ္ေလာက္ထားပါ။ျပီးရင္ေရေႏြးေႏြးေလးနဲ႔သစ္ခ်ေပးပါ။မ်က္စိထဲမ၀င္ေအာင္ေတာ့သတိထားဖုိ႔လိုပါတယ္။တကယ္လို႔သင့္အသားအရည္က sensitive skin ဆုိရင္ေတာ့ဆရာ၀န္နဲ႔တိုင္ပင္ေဆြးေႏြးျပီးမွသံုးသင့္ပါတယ္။

*ဆံေကသာက်န္းမာေရးအတြက္မရွိမျဖစ္
ၾကက္သြန္နီအရည္ဟာ ဆံပင္လည္းသန္ေစပါတယ္တဲ႔။ဆံပင္ကြ်တ္တာလည္းေလ်ာ့နည္းေစတဲ႔အျပင္ ဆံသားလည္းေတာက္ပလာေစပါတယ္။ၾကက္သြန္နီအရည္ကုိဆံသားအႏွံ႔လိမ္းက်ံေပးတာက အေရျပားျပႆနာကုိလည္းေျဖရွင္းေပးႏုိင္ျပီး ေကာင္းမြန္တဲ႔ဆံသားနဲ႔က်န္းမာတဲ႔ဦးေရျပားကုိ ပုိင္ဆုိင္လာရေစပါတယ္။တစ္ပတ္ကုိ တစ္ခါ၊ႏွစ္ခါပံုမွန္ ေခါင္းမေလ်ွာ္ခင္ျပဳလုပ္ေပးမယ္ဆုိရင္ ထူးျခားတဲ႔ရလဒ္ကိုုျမင္ေတြ႔လာရမွာပါ။

*ညဘက္ေကာင္းမြန္စြာအိပ္ေပ်ာ္ေစတယ္
ေလ့လာဆန္းစစ္ခ်က္ေတြအရ ၾကက္သြန္နီရည္ဟာ ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္ေစသလို စိတ္ဖိစီးမႈေတြလည္းဖယ္ရွားေပးႏုိင္ပါတယ္။ၾကက္သြန္နီမွာေကာင္းေကာင္းအိပ္ေပ်ာ္ေစႏုိင္တဲ႔ dopamine နဲ႔ norepinephrine ေဟာ္မုန္းဓာတ္ေတြပါ၀င္တ့ဲအတြက္ ညစာစားတဲ႔အခါၾကက္သြန္နီအနည္းငယ္တုိ႔စားေပးတာမ်ိဳးလုပ္ေပးသင့္ပါတယ္။

Unicode

ကြက်သွန်နီဟာ မီးဖိုချောင်မှာဆို မရှိမဖြစ်အရေးပါတဲ့ဟင်းချက်စရာအမယ်တစ်ခုပါ။ဟင်းချက်တဲ့အခါတိုင်းမပါမဖြစ်ထည့်ကြတဲ့ကြက်သွန်နီကို အရည်အဖြစ်ပြောင်းလဲသုံးစွဲပေးမယ်ဆိုရင် ဒီလိုအံ့သြစရာကောင်းကျိုးတွေရလာနိုင်ပါတယ်တဲ့။

*ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးတယ်
ကြက်သွန်နီမှာ quercetin ၊ anthocyanins ၊ organosulfur စတဲ့ anticancer compounds ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ဒီကွန်ပေါင်းဓာတ်တွေက ကင်ဆာရောဂါတော်တော်များများဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။ကြက်သွန်နီရဲ့ပြင်းရှတဲ့အရသာဟာ အထူးသဖြင့် ဦးနှောက်နဲ့အဆုတ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

*ကိုယ်ခံအားမြှင့်တင်ပေးတယ်
ကြက်သွန်နီရည်မှာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ selenium ဓာတ်တစ်မျိုးပါရှိပါတယ်။Selenium ဟာ စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ပေးပြီးနှလုံးရောဂါနဲ့ကင်ဆာရောဂါ၊နာတာရှည်ရောဂါဖြစ်ပွားတာတွေကို ခုခံပေးနိုင်တဲ့ဓာတ်တစ်မျိုးပါ။ကြက်သွန်နီမှာဒီဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်ချက်ကိုပိုပြီးတိုးတက်ကောင်းမွန်လာစေတာပါ။ခန္ဓာကိုယ်ယားယံမှု၊အလက်စ်ဂျစ်နဲ့ ရောင်ရမ်းနာကျင်မှုတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

*နားနဲ့ပတ်သက်တဲ့ရောဂါတွေကိုကာကွယ်ပေးတယ်
Cambridge University ရဲ့ လေ့လာဖော်ပြချက်အရ ကြက်သွန်နီအရည်မှာ နားနဲ့ပတ်သက်တဲ့ကူးစက်ရောဂါ၊နားကိုက်ရောဂါတွေကို ကုသပေးနိုင်တဲ့စွမ်းရည်မျိုးရှိတယ်လို့တွေ့ရပါတယ်။ပိုပြီးသေချာအသုံးပြုချင်တယ်ဆိုရင်တော့ ကြက်သွန်နီအရည်ကိုအသုံးမပြုခင်ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီးမှသုံးပေးပါ။

*ဝက်ခြံကုသဆေး
လေ့လာချက်တွေအရ ကြက်သွန်နီအရည်မှာပါဝင်တဲ့အဆီတစ်မျိုးဟာ ဝက်ခြံအမာရွတ်တွေကိုတောင်ပျောက်ကင်းစေနိုင်တယ်လို့တွေ့ရပါတယ်။ဝက်ခြံကြောင့် အရေပြားရောင်ရမ်းနီမြန်းတာတွေလည်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ကြက်သွန်နီအရည်ကိုမျက်နှာမှာလိမ်းပြီး ၁ဝမိနစ်လောက်ထားပါ။ပြီးရင်ရေနွေးနွေးလေးနဲ့သစ်ချပေးပါ။မျက်စိထဲမဝင်အောင်တော့သတိထားဖို့လိုပါတယ်။တကယ်လို့သင့်အသားအရည်က sensitive skin ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသုံးသင့်ပါတယ်။

*ဆံကေသာကျန်းမာရေးအတွက်မရှိမဖြစ်
ကြက်သွန်နီအရည်ဟာ ဆံပင်လည်းသန်စေပါတယ်တဲ့။ဆံပင်ကျွတ်တာလည်းလျော့နည်းစေတဲ့အပြင် ဆံသားလည်းတောက်ပလာစေပါတယ်။ကြက်သွန်နီအရည်ကိုဆံသားအနှံ့လိမ်းကျံပေးတာက အရေပြားပြဿနာကိုလည်းဖြေရှင်းပေးနိုင်ပြီး ကောင်းမွန်တဲ့ဆံသားနဲ့ကျန်းမာတဲ့ဦးရေပြားကို ပိုင်ဆိုင်လာရစေပါတယ်။တစ်ပတ်ကို တစ်ခါ၊နှစ်ခါပုံမှန် ခေါင်းမလျှော်ခင်ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားတဲ့ရလဒ်ကိုုမြင်တွေ့လာရမှာပါ။

*ညဘက်ကောင်းမွန်စွာအိပ်ပျော်စေတယ်
လေ့လာဆန်းစစ်ချက်တွေအရ ကြက်သွန်နီရည်ဟာ ညဘက်ကောင်းကောင်းအိပ်ပျော်စေသလို စိတ်ဖိစီးမှုတွေလည်းဖယ်ရှားပေးနိုင်ပါတယ်။ကြက်သွန်နီမှာကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့ dopamine နဲ့ norepinephrine ဟော်မုန်းဓာတ်တွေပါဝင်တဲ့အတွက် ညစာစားတဲ့အခါကြက်သွန်နီအနည်းငယ်တို့စားပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

135 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.