အစာအိမ်ကင်ဆာဖြစ်ရတဲ့အဓိကအကြောင်းအရင်းတွေက…


Unicode

ကင်ဆာဆိုတဲ့ဝေဒနာကြီးကသိပ်ကိုကြောက်စရာကောင်းတဲ့ရောဂါကြီးဆိုတာ လူတိုင်းအသိပါပဲ။ ကင်ဆာလို့ဆိုရင် ဘယ်ကင်ဆာမှ မဖြစ်တာအကောင်းဆုံးပါ။ ကင်ဆာတစ်ကာ့ကင်ဆာတွေအထဲက လူအဖြစ်များဆုံးကင်ဆာတွေက အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ အစရှိသည်တို့ပဲဖြစ်ပါတယ်။ ဒီထဲမှာမှ အခုဝေမျှချင်တာကတော့ အစာအိမ်ကင်ဆာအကြောင်းပါ။  ဆေးပညာရှင်ကြီးတွေလောက်တော့ အသေးစိတ်မပြောပြတတ်ပင်မဲ့ အစာအိမ်ကင်စာဖြစ်သူတွေနဲ့သိတတ်နားလည်သူတွေရဲ့ပြန်လည်ပြောပြမှုတွေကိုခြုံငုံကြည့်ရမယ်ဆိုရင် အစာအိမ်ကင်ဆာဟာ အစာအိမ်ရောဂါကနေထပ်ဆင့်ပြီးဖြစ်လာတယ်လို့သိရပါတယ်။ အစာအိမ်ရောဂါဆိုတာလည်း အခုခေတ်ကလေး လူကြီးဆယ်ကျော်သက်မရွေးဖြစ်နေကြတဲ့ရောဂါတစ်ခုပဲမလား။ အစာအိမ်မှာ ရောဂါဖြစ် ပြီးတော့တစ်ဆင့်ထပ်ပြီးအနာဖြစ် အနာကနေကြာတော့ ကင်ဆာအဆင့်ထိဖြစ်သွားတတ်တာမျိုးပါ။ ဒါကြောင့်အစာအိမ်ရောဂါပဲဆေးသောက်ပျောက်ပါတယ် ။ အစားမှန်မှန်စားရင် အဆင်ပြေမှာပါ အချဉ်လျော့စားလိုက်မယ်ဆိုတာလောက်နဲ့တင်ရပ်မထားပဲ ရောဂါစဖြစ်ကတည်းက သေချာကုသပြသသင့်ပါတယ်။ ဒါကြောင့်အစာအိမ်ကင်ဆာမဖြစ်ခင်မှာ ဖြစ်တတ်တဲ့အစာအိမ်မှာ အနာဖြစ်တာ အစာအိမ်ခဏခဏရောင်တာမျိုးတွေဖြစ်လာခဲ့ရင်သတိထားပြီး ဦးစွာ ကြိုပြီးကုသထားသင့်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.