ခ်ိဳင္းေခြ်းနံ႔ဆုိးထြက္ျခင္းမွ ကင္းေ၀းေစဖုိ႔ သိထားရမယ့္အရာေလးေတြ…

ခ်ိဳင္းေခြ်းနံ႔ကေတာ့ အနည္းနဲ႔အမ်ားဆုိသလို ထြက္ၾကတာပါပဲ။တစ္ခိ်ဳ႔ကေတာ့ အဆင္ေျပေပမဲ႔ တစ္ခ်ိဳ႔ခိ်ဳင္းေခြ်းနံ႔ဆုိးထြက္လုိ႔ လူၾကားထဲမသြားရဲတဲ႔သူေတြလည္းရွိပါတယ္။ဒီလုိခိ်ဳင္းနံ႔ဆုိးထြက္တာဟာ တစ္ကုိယ္ေရသန္႔ရွင္းေရးေသခ်ာလုပ္ထားရင္ေတာင္ တစ္ခိ်ဳ႔က ေခြ်းနည္းနည္းထြက္တာနဲ႔ကုိအနံ႔ျပင္းျပင္းထြက္ၾကပါတယ္။ဒီေတာ့ ဒီလုိခ်ိဳင္းေခြ်းနံ႔ဆုိးထြက္တာကုိ ဘယ္လိုေျဖရွင္းၾကမလဲ၊နည္းလမ္းေလးေတြေသခ်ာမွတ္ထားေတာ့ေနာ္

*ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္ဆုိတာ စတုိးဆုိင္ေတြ၊စီးတီးမတ္ေတြမွာအလြယ္တကူ၀ယ္ယူလို႔ရပါတယ္။ပန္းသီးရွာလကာရည္ကုိဘယ္လိုသံုးရမလဲဆုိေတာ့ ပထမဆံုးပန္းကန္လံုးအေသးေလးထဲကုိအနည္းငယ္ထည့္၊ျပီးေတာ့ ဂြမ္းလံုးေလးႏွစ္ျပီး ခ်ိဳင္းသားကုိသုတ္ေပးပါ။ပန္းသီးရွာလကာရည္ဟာ ဘတ္တီးရီးယားေတြကင္းစင္ေစလုိ႔ မနက္တုိင္းေရခ်ိဳးျပီးတစ္ခါလိမ္းေပး၊ညအိပ္ရာမ၀င္ခင္
တစ္ခါလိမ္းေပးမယ္ဆုိရင္ ခ်ိဳင္းေခြ်းနံ႔ဆုိးထြက္တာကင္းေ၀းသြားပါလိမ့္မယ္။

*မုန္႔ဖုတ္ဆုိဒါ
မုန္႔ဖုတ္ဆုိဒါကလည္း ခ်ိဳငး္သားကုိသန္႔ရွင္းေစျပီး ေခြ်းနံ႔ဆုိးထြက္တာကင္းေ၀းေစပါတယ္။ဘယ္လိုသံုးရမလဲဆုိရင္ မုန္႔ဖုတ္ဆုိဒါစားပြဲတင္ဇြန္း ၁ဇြန္းကုိ သံပုရာရည္ စားပြဲတင္ဇြန္းတစ္ဇြန္းေရာစပ္ျပီး ခ်ိဳင္းသားကုိလိမ္းေပးပါ။၃မိနစ္ေလာက္ထားျပီးရင္ ေရနဲ႔ျပန္သန္႔စင္ေပးပါ။ရက္သတၱပတ္အနည္းငယ္ေလာက္ ေန႔တုိင္း ေရမခ်ိဳးခင္ျပဳလုပ္ေပးမယ္ဆုိရင္ ေခြ်းနံ႔ဆုိးထါက္တာေလ်ာ့နည္းသြားပါလိ့မ္မယ္။

*အုန္းဆီ
အုန္းဆီကလည္း ခ်ိဳင္းေခြ်းနံ႔ဆုိးထြက္တာေလ်ာ့နည္းေစပါသတဲ႔။တန္ဖုိးလည္းသင့္ျပီးအိမ္တုိင္းမွာအျမဲရွိတဲ႔အုန္းဆီကုိ အနည္းငယ္ယူျပီး ခ်ိဳင္းသားမွာလိမ္းေပးပါ။ေျခာက္သြားတဲ႔အထိထားပါ။တစ္ေန႔ကုိ ၁ၾကိမ္ကေန ၂ၾကိမ္ ေရခ်ိဳးျပီးတုိင္းလုပ္ေပးသင့္ပါတယ္။အုန္းဆီမွာပါတ႔ဲ medium-chain fatty acids ဟာ ေခြ်းနံ႔ဆုိးထြက္တာေလ်ာ့နည္းေစသလိုဘတ္တီးရီးယာာေတြလည္းဖယ္ရွားေပးပါတယ္။ဒါ့အျပင္အသားအရည္ရဲ ႔pH ကုိလည္းညီမ်ွေစပါတယ္။

*ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴကေတာ့ မီးဖုိေခ်ာင္တုိင္းမွာမရွိမျဖစ္ပါပဲ။ၾကက္သြန္ျဖဴကုိေန႔တုိင္းအနည္းငယ္စားေပးတာက ခ်ိဳင္းေခြ်းန႔ံဆုိးထြက္တာကုိေလ်ာ့နည္းေစတယ္လုိ႔သိရပါတယ္။ဒါမွမဟုတ္ ၾကက္သြန္ျဖဴနဲ႔လုပ္ထားတဲ႔ေဆး၀ါးေတြစားသံုးေပးႏုိင္ပါတယ္။ၾကက္သြန္ျဖဴက ခႏၶာကုိယ္အနံ႔ဆုိးကုိေလ်ာ့ခ်ေပးႏုိင္သလို ဘတ္တီးရီးယားေတြဖယ္ရွားေပးတဲ႔ဓာတ္ေတြပါ၀င္လို႔ ၾကက္သြန္ျဖဴၾကိဳက္သူေတြအတြက္ စားလည္းစားရ၊ေခြ်းနံ႔ဆုိးလည္းေပ်ာက္ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ပါပဲ။

*ရွားေစာင္းလက္ပတ္
ရွားေစာင္းလက္ပတ္အနည္းငယ္ကုိ ခ်ိဳင္းသားမွာသုတ္လိမ္းျပီး တစ္ညလံုးထားပါ။ေနာက္တစ္ေန႔မွာ ေရနဲ႔ေသခ်ာသန္႔စင္ေပးပါ။ေန႔တုိင္းျပဳလုပ္ေပးႏုိင္ပါတယ္။ရွားေစာင္းလက္ပတ္က အလွအပအတြက္ေရာ၊က်န္းမာေရးအတြက္ပါ သံုးလုိ႔ရတာေၾကာင့္ ေဘးဥပဒ္ျဖစ္မွာလည္းမစုိးရိမ္ရပါဘူး။ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ ေန႔တုိင္းေသာက္ေပးလို႔လည္းရပါတယ္။

*အာလူး
အာလူးကေတာ့ ခ်ိဳင္းေခြ်းနံ႔ဆုိးဖယ္ရွားေပးႏုိင္တဲ႔အျပင္ ခ်ိဳင္းကုိပါျဖဴေစပါတယ္။ဒီေတာ့ ခ်ိဳင္းညိဳမဲလို႔စိတ္ညစ္ေနသူေတြအတြက္ပါ ပုိျပီးအဆင္ေျပသြားတာေပါ့။အာလူးတစ္လံုးကုိပါးပါးလွီးျပီး အာလူးခ်ပ္ေလးေတြနဲ႔ ခ်ိဳင္းသားကုိပြတ္တုိက္ေပးပါ။ျပီးရင္ေျခာက္ေသြ႔ေအာင္ထားလုိက္ပါ။တကယ္လုိ႔ ခ်ိဳင္းလိမ္းဆီလိမ္းခ်င္တယ္ဆုိလည္း အဲ႔ဒီအေပၚကေနထပ္ျပီးလိမ္းေပးႏုိင္ပါတယ္။တစ္ရက္ကို တစ္ၾကိမ္ျဖစ္ေစ၊ႏွစ္ၾကိမ္ျဖစ္ေစ ျပဳလုပ္ေပးႏုိင္ပါတယ္။

ဒီလိုသဘာ၀နည္းလမ္းေလးေတြအျပင္ ေနာက္ထပ္ခ်ိဳင္းေခြ်းနံ႔ဆုိးမထြက္ေအာင္ကာကြယ္ေပးႏုိင္တဲ႔နည္းလမ္းေလးေတြကေတာ့…
*ေကာင္းမြန္တဲ႔ antibacterial soap ကုိသံုးပါ
*ခ်ိဳင္းသားကုိသုတ္တဲ႔အခါ သန္႔စင္တဲ႔ပု၀ါ၊သဘက္ကုိသံုးပါ
*အသီးအရြက္၊အသီးအႏွံမ်ားမ်ားစားပါ
*ေရမ်ားမ်ားေသာက္ပါ
*ညအိပ္ရာ၀င္ခါနီးတုိင္း ခ်ိဳင္းသားကုိသန္႔စင္ပါ။ေရေျခာက္ေသြ႔ေအာင္သုတ္ပါ။

ကဲ ဒါေတြကေတာ့ ေခြ်းနံ႔ဆုိးထြက္တာကေန ကင္းေ၀းေစမယ့္နည္းလမ္းေလးေတြပါပဲ။

Unicode

ချိုင်းချွေးနံ့ကတော့ အနည်းနဲ့အများဆိုသလို ထွက်ကြတာပါပဲ။တစ်ချို့ကတော့ အဆင်ပြေပေမဲ့ တစ်ချို့ချိုင်းချွေးနံ့ဆိုးထွက်လို့ လူကြားထဲမသွားရဲတဲ့သူတွေလည်းရှိပါတယ်။ဒီလိုချိုင်းနံ့ဆိုးထွက်တာဟာ တစ်ကိုယ်ရေသန့်ရှင်းရေးသေချာလုပ်ထားရင်တောင် တစ်ချို့က ချွေးနည်းနည်းထွက်တာနဲ့ကိုအနံ့ပြင်းပြင်းထွက်ကြပါတယ်။ဒီတော့ ဒီလိုချိုင်းချွေးနံ့ဆိုးထွက်တာကို ဘယ်လိုဖြေရှင်းကြမလဲ၊နည်းလမ်းလေးတွေသေချာမှတ်ထားတော့နော်

*ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဆိုတာ စတိုးဆိုင်တွေ၊စီးတီးမတ်တွေမှာအလွယ်တကူဝယ်ယူလို့ရပါတယ်။ပန်းသီးရှာလကာရည်ကိုဘယ်လိုသုံးရမလဲဆိုတော့ ပထမဆုံးပန်းကန်လုံးအသေးလေးထဲကိုအနည်းငယ်ထည့်၊ပြီးတော့ ဂွမ်းလုံးလေးနှစ်ပြီး ချိုင်းသားကိုသုတ်ပေးပါ။ပန်းသီးရှာလကာရည်ဟာ ဘတ်တီးရီးယားတွေကင်းစင်စေလို့ မနက်တိုင်းရေချိုးပြီးတစ်ခါလိမ်းပေး၊ညအိပ်ရာမဝင်ခင်
တစ်ခါလိမ်းပေးမယ်ဆိုရင် ချိုင်းချွေးနံ့ဆိုးထွက်တာကင်းဝေးသွားပါလိမ့်မယ်။

*မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကလည်း ချိုငး်သားကိုသန့်ရှင်းစေပြီး ချွေးနံ့ဆိုးထွက်တာကင်းဝေးစေပါတယ်။ဘယ်လိုသုံးရမလဲဆိုရင် မုန့်ဖုတ်ဆိုဒါစားပွဲတင်ဇွန်း ၁ဇွန်းကို သံပုရာရည် စားပွဲတင်ဇွန်းတစ်ဇွန်းရောစပ်ပြီး ချိုင်းသားကိုလိမ်းပေးပါ။၃မိနစ်လောက်ထားပြီးရင် ရေနဲ့ပြန်သန့်စင်ပေးပါ။ရက်သတ္တပတ်အနည်းငယ်လောက် နေ့တိုင်း ရေမချိုးခင်ပြုလုပ်ပေးမယ်ဆိုရင် ချွေးနံ့ဆိုးထါက်တာလျော့နည်းသွားပါလိ့မ်မယ်။

*အုန်းဆီ
အုန်းဆီကလည်း ချိုင်းချွေးနံ့ဆိုးထွက်တာလျော့နည်းစေပါသတဲ့။တန်ဖိုးလည်းသင့်ပြီးအိမ်တိုင်းမှာအမြဲရှိတဲ့အုန်းဆီကို အနည်းငယ်ယူပြီး ချိုင်းသားမှာလိမ်းပေးပါ။ခြောက်သွားတဲ့အထိထားပါ။တစ်နေ့ကို ၁ကြိမ်ကနေ ၂ကြိမ် ရေချိုးပြီးတိုင်းလုပ်ပေးသင့်ပါတယ်။အုန်းဆီမှာပါတဲ့ medium-chain fatty acids ဟာ ချွေးနံ့ဆိုးထွက်တာလျော့နည်းစေသလိုဘတ်တီးရီးယာာတွေလည်းဖယ်ရှားပေးပါတယ်။ဒါ့အပြင်အသားအရည်ရဲ ့pH ကိုလည်းညီမျှစေပါတယ်။

*ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ မီးဖိုချောင်တိုင်းမှာမရှိမဖြစ်ပါပဲ။ကြက်သွန်ဖြူကိုနေ့တိုင်းအနည်းငယ်စားပေးတာက ချိုင်းချွေးန့ံဆိုးထွက်တာကိုလျော့နည်းစေတယ်လို့သိရပါတယ်။ဒါမှမဟုတ် ကြက်သွန်ဖြူနဲ့လုပ်ထားတဲ့ဆေးဝါးတွေစားသုံးပေးနိုင်ပါတယ်။ကြက်သွန်ဖြူက ခန္ဓာကိုယ်အနံ့ဆိုးကိုလျော့ချပေးနိုင်သလို ဘတ်တီးရီးယားတွေဖယ်ရှားပေးတဲ့ဓာတ်တွေပါဝင်လို့ ကြက်သွန်ဖြူကြိုက်သူတွေအတွက် စားလည်းစားရ၊ချွေးနံ့ဆိုးလည်းပျောက် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။

*ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အနည်းငယ်ကို ချိုင်းသားမှာသုတ်လိမ်းပြီး တစ်ညလုံးထားပါ။နောက်တစ်နေ့မှာ ရေနဲ့သေချာသန့်စင်ပေးပါ။နေ့တိုင်းပြုလုပ်ပေးနိုင်ပါတယ်။ရှားစောင်းလက်ပတ်က အလှအပအတွက်ရော၊ကျန်းမာရေးအတွက်ပါ သုံးလို့ရတာကြောင့် ဘေးဥပဒ်ဖြစ်မှာလည်းမစိုးရိမ်ရပါဘူး။ရှားစောင်းလက်ပတ်ဖျော်ရည် နေ့တိုင်းသောက်ပေးလို့လည်းရပါတယ်။

*အာလူး
အာလူးကတော့ ချိုင်းချွေးနံ့ဆိုးဖယ်ရှားပေးနိုင်တဲ့အပြင် ချိုင်းကိုပါဖြူစေပါတယ်။ဒီတော့ ချိုင်းညိုမဲလို့စိတ်ညစ်နေသူတွေအတွက်ပါ ပိုပြီးအဆင်ပြေသွားတာပေါ့။အာလူးတစ်လုံးကိုပါးပါးလှီးပြီး အာလူးချပ်လေးတွေနဲ့ ချိုင်းသားကိုပွတ်တိုက်ပေးပါ။ပြီးရင်ခြောက်သွေ့အောင်ထားလိုက်ပါ။တကယ်လို့ ချိုင်းလိမ်းဆီလိမ်းချင်တယ်ဆိုလည်း အဲ့ဒီအပေါ်ကနေထပ်ပြီးလိမ်းပေးနိုင်ပါတယ်။တစ်ရက်ကို တစ်ကြိမ်ဖြစ်စေ၊နှစ်ကြိမ်ဖြစ်စေ ပြုလုပ်ပေးနိုင်ပါတယ်။

ဒီလိုသဘာဝနည်းလမ်းလေးတွေအပြင် နောက်ထပ်ချိုင်းချွေးနံ့ဆိုးမထွက်အောင်ကာကွယ်ပေးနိုင်တဲ့နည်းလမ်းလေးတွေကတော့…
*ကောင်းမွန်တဲ့ antibacterial soap ကိုသုံးပါ
*ချိုင်းသားကိုသုတ်တဲ့အခါ သန့်စင်တဲ့ပုဝါ၊သဘက်ကိုသုံးပါ
*အသီးအရွက်၊အသီးအနှံများများစားပါ
*ရေများများသောက်ပါ
*ညအိပ်ရာဝင်ခါနီးတိုင်း ချိုင်းသားကိုသန့်စင်ပါ။ရေခြောက်သွေ့အောင်သုတ်ပါ။

ကဲ ဒါတွေကတော့ ချွေးနံ့ဆိုးထွက်တာကနေ ကင်းဝေးစေမယ့်နည်းလမ်းလေးတွေပါပဲ။

 

974 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.