ပွဲဦးထွက်မှာတင် အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ Hyun Bin ရဲ့  “Rampant”
Unicode
​တောင်​ကိုရီးယားမင်​းသား​ချော Hyun Bin ရဲ ့ “Rampant” ဇာတ်​ကားဟာ ပွဲဦးထွက်နဲ့တင်အောင်မြင်မှုရခဲ့တယ်ဆိုရမှာပါပဲ။
ကိုရီးယား Zombie “Rampant” ဇာတ်ကားကို အောက်တိုဘာ ၂၅ရက်နေ့က ကိုရီးယားမှာစတင်ပြသခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၈ရက်နေ့ထိ လေးရက်အတွင်းမှာပဲ လက်​မှတ်​​ပေါင်​း ၁သန်​း​နီးပါးရောင်​းချနိုင်​ခဲ့တယ်​လို့သိရပါတယ်။
Next Entertainment World ​အေဂျင်​စီဟာ အောက်​တိုဘာ ၂၈ရက်​​နေ့က ဒီဇာတ်​ကားမှာပါဝင်​သရုပ်​​ဆောင်​ထားကြတဲ့ Hyun Bin ၊ Jang Dong Gun ၊ Jo Woo Jin ၊ Lee Sun Bin ၊ Jeong Man Sik တို့ရဲ့ပုံနဲ့အတူ အင်​စတာဂရမ်​မှာ ဒီသတင်းကိုကြေညာခဲ့တာဖြစ်ပါတယ်။
‘Rampant’ ဇာတ်​ကားဟာ ဂျိုဆွန်​း​ခေတ်ကိုဇာတ်အိမ်တည်ထားတဲ့​နန်​းတွင်​းဇာတ်​လမ်​းဖြစ်​ပြီး ​သွေးစုပ်​ဖုတ်​​ကောင်​​တွေနဲ့ပတ်​သက်​လို့ရိုက်​ကူးထားတဲ့အက်​ရှင်​ဇာတ်​လမ်​းဖြစ်ပါတယ်။ဒီဇာတ်​ကားရဲ့ဒါရိုက်​တာဟာ Kim Sung Hoon ဖြစ်​ပြီး Hyun Bin နဲ့လက်တွဲလုပ်တာ ဒါနဲ့ဆို ၂ကြိမ်ရှိပါပြီ။ပထမတစ်ကြိမ်က Confidential Assignment ဇာတ်ကားဖြစ်ပါတယ်။
“Rampant”ဇာတ်ကားမှာ Hyun Bin က သွေးစုပ်ဖုတ်ကောင်တွေကိုနှိမ်နင်းတဲ့ဘုရင့်သားတော်အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပြီး သူနဲ့အတူ  Jang Dong Gun ၊ မင်းသမီး Lee Sun Bin တို့က ညမိစ္ဆာ​သွေးစုုပ်ဖုတ်ကောင်တွေကိုရင်​ဆိုင်​တိုက်​ခိုက်​ရတဲ့ သူရဲကောင်းဇာတ်​​ကောင်​တွေအဖြစ်ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်။နိုဝင်ဘာ ၂ရက်နေ့မှာတော့ “Rampant” ဇာတ်ကားကို အမေရိကန်မှာ ထုတ်လွှင့်ပြသဖို့စီစဉ်ထားတယ်လို့သိရပါတယ်။Trailer ကြည့်ရတာနဲ့တင် အရမ်းမိုက်တယ်ဆိုတာသိသာနေပါတယ်။ပရိသတ်ကြီးအတွက်လည်း Trailer လေးပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
781 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.