လူတစ်ယောက်ကိုကိုယ့်ကိုယ်ကိုယ်ထက်ပိုချစ်မိသွားတဲ့အခါ…



သည်းခံမိမှန်းမသိသည်းခံပေးနေမိတာမျိုး- သူ့အပေါ်မှာကြာကြာစိတ်တို စိတ်ဆိုးစိတ်ကောက်မလုပ်နိုင်ပဲ သည်းခံစိတ်နဲ့ခွင့်လွှတ်စိတ်ကအလိုလိုပေါ်ပေါက်နေတာမျိုး



Unicode

ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးလို့လူတိုင်းကထင်ထားတတ်ကြပင်မဲ့တစ်ခါတစ်ရံမှာ ကိုယ်တိုင်တောင်မသိလိုက်ပဲ ကိုယ့်ကိုယ်ကိုယ်ထက်တစ်ပါးသူကိုပိုချစ်မိနေတဲ့အခိုက်အတန့်မျိုးရှိနေတတ်တာမယုံမရှိပါနဲ့။ ဒါမျိုးက ချစ်တယ်ဆိုတာ ထက် မေတ္တာတရားကြီးမားတယ်လို့လည်းဆိုလို့ရတယ်။ ဘယ်လိုအခြေနေမျိုးဘယ်လိုစိတ်ခံစားချက်မျိုးကသူတစ်ပါးအပေါ်ကိုယ့်ကိုယ်ကိုယ်ထက်ပိုချစ်နေတယ်ဆိုတာကိုထောက်ပြသလဲဆိုတာ …

ပေးဆပ်နေရတာကိုသာယာမိနေတာမျိုး-တစ်စုံတစ်ယောက်ဆီကဘာကိုမှမျှော်လင့်ချက်ကြီးကြီးမားမားမရှိပဲ ကိုယ့်ဘက်ကလုပ်ပေးနိုင်တာလောက်လေးကိုသူကျေနပ်သွားတယ်ဆိုတာနဲ့တင်ကြည်နူးပီတိဖြာနေတာမျိုး

သည်းခံမိမှန်းမသိသည်းခံပေးနေမိတာမျိုး- သူ့အပေါ်မှာကြာကြာစိတ်တို စိတ်ဆိုးစိတ်ကောက်မလုပ်နိုင်ပဲ သည်းခံစိတ်နဲ့ခွင့်လွှတ်စိတ်ကအလိုလိုုပေါ်ပေါက်နေတာမျိုး

ကောင်းတာကိုပိုတွေးပြီးမကောင်းတာကိုဖော့တွေးမိနေတာမျိုး-သူ့မှာရှိတဲ့အားနည်းချက်တွေကိုဖော့တွေးပေးတတ်ပြီးကောင်းကွက်တွေကို ရှာကြံတွေးပေးနေတတ်တာမျိုး

ဒီလိုမျိုးစိတ်လူတစ်ယောက်အပေါ်မှာသင်ထားမိနေပြီဆိုရင်တော့ ဘယ်လိုမှငြင်းလို့မရတော့ပါဘူး…သင့်ကိုယ်သင်ထက်သူ့ကိုပိုလို့ချစ်မိနေတာသေချာနေပါပြီ…Trend ပရိတ်သတ်ကြီးထဲမှာကောအခုလိုအချစ်ကြီးတဲ့သူတွေရှိကြလား…

232 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.