ဒီလိုအစားစာတွေကသင့်ရဲ့အရေးပြားကျန်းမာရေးကိုတစ်ခါတစ်ရံမှာထိခိုက်စေနိုင်တယ်ဆိုတာ…

အစားမတော်တစ်လုတ်ဆိုသလိုပါပဲ… ဒီလိုအစားစာတွေကမထင်မှတ်ပဲအရေပြားကျန်းမာရေးကိုများစွာထိခိုက်စေပါတယ်…

1. သကြားဓာတ်လွန်ကဲသောမုန့်ပဲသရေစာများ

သကြားဓာတ်လွန်ကဲသောမုန့်ပဲသရေစာများအချိုဓာတ်လွန်ကဲတဲ့ သရေစာတွေကိုစားသုံးခြင်းဟာ အရေပြားအပေါ်ကို မလိုအပ်ပဲ အဖုပိတ်တွေထွက်လာစေပါတယ်။ သကြားဓာတ်ဟာ လိုအပ်တဲ့ဆိုပင်မဲ့ အာဟာရဓာတ်နည်းပါးနဲ့မုန့်ပဲသရေစာချိုချိုတွေကတော့သင့်ရဲ့အရေပြားကျန်းမာရေကိုထိခိုက်စေနိုင်တာသတိပြုပါ/

2. အပူစပ်လွန်ကဲသောအစားစာများ

အပူစပ်လွန်ကဲသောအစားစာများအပူအစပ်များတဲ့အစားသောက်တွေဟာ စားနေတုန်းတော့ ရူးရူးရှဲရှဲနဲ့စားကောင်းပင်မဲ့သင့်အရေပြားကို များစွာဆိုးဝါးစေပါတယ်။ အထူးသဖြင့်အပူစပ်လွန်ကဲတဲ့ ငရုတ်သီးများတဲ့အစားစာတွေကိုစားသုံးခြင်းဖြင့် အပူဖုလိုအစိလေးတွေတွေ၊ မိတ်ဖုလိုအနီရောင်အဖုလေးတွေပေါက်တတ်ပြီး အရေပြားကျန်းမာရေးကိုထိခိုက်စေပါတယ်။

3. အချိုဓာတ်လွန်ကဲသောသောက်စရာများ

အချိုဓာတ်လွန်ကဲသောသောက်စရာများအချိုရည်တွေကို များစွာသောက်သုံးခြင်းဟာလည်း ဒီလိုပါပဲ။ အချိုဓာတ်လွန်ကဲတဲ့အချိုရည်တွေဟာ အသားရည်ကို အိုမင်ရင့်ရော်စေပြီး ဆဲလ်အသစ်ထွက်လာမှုကိုနှောင့်နှေးစေတယ်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံကသိရှိရပါတယ်။

4. အသားဓာတ်လွန်ကဲခြင်း

အသားဓာတ်လွန်ကဲခြင်းအသားစားတာဟာ ပရိုတင်းဓာတ်ကို ကြွယ်ဝစေလို့ ကောင်းပါတယ်။ ဒါပင်မဲ့အသီးရွက်နဲ့မျှတစားသုံးခြင်းမရှိပဲ အသားကြီးပဲများများစားမိတဲ့သူတွေဟာ လွန်ကဲတဲ့ပရိုတင်းဓာတ်ကိုရရှိတာကြောင့် အဆီကျိတ်အဆီဖုတွေ ပေါက်တတ်ပြီး အသားရည်ပိုပြီးကြမ်းစေပါတယ်။

5. Coffee, Tea

Coffee, TeaCoffee , Tea တွေကို ဖြစ်နိုင်ရင်လျော့သောက်တာအကောင်းဆုံးပါပဲ။ ကဖိန်းဓာတ်တွေဟာ အသားရေကို အိုမင်ရင့်ရော်စေပြီး စိုပြေမှုနည်းပါးကာ ခြောက်သွေ့စေတတ်တာကြောင့် ဖြစ်နိုင်ရင်လျော့သောက်သင့်ပါတယ်။

350 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.