စိတ္ဖိစီးမႈနဲ႔ စိတ္က်ေရာဂါျဖစ္ပြားရျခင္းအေၾကာင္းရင္း ၅သြယ္

ဒီေန႔ေခတ္ၾကီးထဲမွာ စိတ္ဖိစီးမႈမ်ားတယ္။Depression ၀င္တယ္ဆုိတာေတြက အျမဲတေစၾကားေနရပါတယ္။စိတ္ဖိစီးရတဲ႔အေၾကာင္းရင္းကုိသိမွ ဖယ္ရွားလုိ႔ရမွာပါ။ဘာလို႔ စိတ္ဖိစီးမႈေတြမ်ားလာရတာလဲ၊ဘာလို႔စိတ္ဓာတ္ေတြက်လာရတာလဲ?စိတ္ဖိစီးမႈေတြ Depression ေတြ၀င္တာဟာ အဓိကအားျဖင့္ ဒီလုိအေၾကာင္းေတြေၾကာင့္ပဲျဖစ္ပါတယ္။

*အလုပ္အလြန္အကြ်ံလုပ္ျခင္
အလုပ္ၾကိဳးစားတာက ေကာင္းပါတယ္။ဒါေပမဲ႔ အလြန္အကြ်ံလုပ္တဲ႔အခါမွာေတာ့ ခႏၶာကုိယ္ကပင္ပန္းလာသလို စိတ္လည္းပင္ပန္းလာပါတယ္။အလုပ္ခိ်န္ပံုမွန္လုပ္ရင္ေတာင္ ဒီခႏၶာကုိယ္ၾကီးကုိအနားေပးရပါေသးတယ္။အလြန္အကြ်ံလုပ္လုိက္တဲ႔အခါမွာေတာ့ Cortisol ဆုိတဲ႔စိတ္ဖိစီးမႈေဟာ္မုန္းေတြ ခႏၶာကုိယ္ထဲမွာ မ်ားျပားလာျပီး ဘာမွမလုပ္ခ်င္ေတာ့သလိုျဖစ္လာတဲ႔အခိုက္အတန္႔ေတြရွိလာတာပဲျဖစ္ပါတယ္။

*၀မ္းနည္းပူေဆြးျခင္း
ကုိယ္ခ်စ္ရတဲ႔သူနဲ႔ ေကြကြင္းတဲ႔အခါမွာ ၀မ္းနည္းပူေဆြးျခင္းေတြကအဆက္မျပတ္၀င္ေရာက္လာတတ္ပါတယ္။ဒီလုိ၀မ္းနည္းပူေဆြးမႈေတြကုိ မထိန္းခ်ဳပ္ႏုိင္ဘူးဆုိရင္ ဒါေတြကကုိယ့္စိတ္ကုိအႏုိင္ယူသြားျပီး အခိ်န္ျပည့္တစိမ့္စိမ့္ျပန္ေတြးျပီး၀မ္းနည္းလာမယ္။ဘာမွမလုပ္ခ်င္မကုိင္ခ်င္ေတာ့ပဲ
အလြယ္တကူလက္ေလ်ာ့တတ္လာမယ္။ေနာက္ဆံုးစိတ္ဓာတ္ေတြပါက်လာတတ္ပါတယ္။

*မေမ်ွာ္လင့္ထားတဲ႔အေျပာင္းအလဲေတြၾကံဳေတြ႔ရျခင္း
ဘ၀ဆုိတာ တသမတ္တည္းေတာ့ သြားေနမွာမဟုတ္ပါဘူး။ဒါကုိလက္ခံတတ္ဖုိ႔လိုပါတယ္။ကုိယ္က ဒီလိုပဲပံုမွန္သြားေနက်ဆုိေပမဲ႔ ဘယ္အခိ်န္မွာဘယ္လိုအေျပာင္းအလဲေတြၾကံဳရမလဲဆုိတာမသိႏုိင္ပါဘူး။မထင္မွတ္ထားပဲသစၥာေဖာက္ခံလိုက္ရတာ၊အဆင္ေျပေနတဲ႔စီးပြားေရးက တစ္ရက္တစ္မနက္ဆုိသလိုထုိးက်သြားတာစတဲ႔အေျပာင္းအလဲေတြက စိတ္ဖိစီးမႈေတြျဖစ္လာေစတာပဲျဖစ္ပါတယ္။

*ဥေပကၡာျပဳခံရျခင္း၊အထီးက်န္ဆန္ျခင္း
သူငယ္ခ်င္းေတြဆီကပစ္ပယ္ခံရတဲ႔အခါ၊မိသားစုဆီက ပစ္ပယ္ခံရတဲ႔အခါ တစ္ေယာက္တည္းျဖစ္ေနတယ္ဆုိတဲ႔အထီးက်န္စိတ္က ျဖည္းျဖည္းခ်င္း၀င္ေရာက္လာတတ္ပါတယ္။အခ်ိန္ၾကာလာေလ ငါတစ္ေယာက္တည္းဆုိတဲ႔စိတ္က လႊမ္းမုိးသြားေလပါ။အဲ႔ဒီလုိအခ်ိန္ကာလေတြမွာရရွိခဲ႔တဲ႔စိတ္ဒဏ္ရာေတြက နာက်င္မႈေတြ၊စိတ္ဖိစီးမႈေတြအျဖစ္ေျပာင္းလဲသြားတာပဲျဖစ္ပါတယ္။

*ကုိယ့္ကုိယ္ကုိယ္ခ်စ္စိတ္နည္းပါးျခင္း
ကုိယ့္ကုိယ့္ကုိယ္ခ်စ္စိတ္နည္းပါးတယ္ဆုိတာ တစ္ခုခုဆုိ ငါမေကာင္းလုိ႔၊ငါအရည္အခ်င္းမရွိလုိ႔၊ငါရုပ္ဆုိးလုိ႔၊ငါမေတာ္လို႔စသျဖင့္ မေကာင္းျမင္စိတ္ေတြပဲကုိယ့္ကုိယ့္ကုိယ္ျမင္တာမ်ိဳးပါ။ဒီလုိမေကာင္းျမင္တဲ႔စိတ္မ်ိဳးဟာ ကုိယ့္စိတ္ကုိယ္ျပန္သတ္ေနသလိုပါပဲ။အျမဲတမ္းေနာက္မွာပဲေနေနက်လူဟာ
အေရွ႔ကုိသြားဖုိ႔ဘယ္ေတာ့မွမ၀ံ႔ရဲသလုိမ်ိဳးပါပဲ သူမ်ားေတြေအာင္ျမင္ေနခ်ိန္ ကုိယ့္မွာေတာ့ က်ဆံုးမႈေတြနဲ႔ပဲရင္ဆုိင္ေနရတယ္။အဲ႔ဒီအခါ စိတ္အားငယ္မႈေတြျဖစ္လာျပီး စိတ္ဓာတ္က်ဆင္းမႈအစျပဳလာတာပါပဲ။

စိတ္ဖိစီးမႈမ်ားတယ္။Depression ၀င္တယ္ဆုိတာ က်န္းမာေရးအရပဲၾကည့္ၾကည့္၊အလုပ္ကိစၥအရပဲၾကည့္ၾကည့္ အဆင္ေျပမႈဆုိတာမရွိပါဘူး။ဒါေၾကာင့္စိတ္ဖိစီးမႈေတြ နည္းနည္း၀င္လာျပီဆုိတာနဲ႔ အျမန္ဆံုးဖယ္ရွားပစ္ဖုိ႔ မေမ့ပါနဲ႔။

Unicode

ဒီနေ့ခေတ်ကြီးထဲမှာ စိတ်ဖိစီးမှုများတယ်။Depression ဝင်တယ်ဆိုတာတွေက အမြဲတစေကြားနေရပါတယ်။စိတ်ဖိစီးရတဲ့အကြောင်းရင်းကိုသိမှ ဖယ်ရှားလို့ရမှာပါ။ဘာလို့ စိတ်ဖိစီးမှုတွေများလာရတာလဲ၊ဘာလို့စိတ်ဓာတ်တွေကျလာရတာလဲ?စိတ်ဖိစီးမှုတွေ Depression တွေဝင်တာဟာ အဓိကအားဖြင့် ဒီလိုအကြောင်းတွေကြောင့်ပဲဖြစ်ပါတယ်။

*အလုပ်အလွန်အကျွံလုပ်ခြင်း
အလုပ်ကြိုးစားတာက ကောင်းပါတယ်။ဒါပေမဲ့ အလွန်အကျွံလုပ်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကပင်ပန်းလာသလို စိတ်လည်းပင်ပန်းလာပါတယ်။အလုပ်ချိန်ပုံမှန်လုပ်ရင်တောင် ဒီခန္ဓာကိုယ်ကြီးကိုအနားပေးရပါသေးတယ်။အလွန်အကျွံလုပ်လိုက်တဲ့အခါမှာတော့ Cortisol ဆိုတဲ့စိတ်ဖိစီးမှုဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ များပြားလာပြီး ဘာမှမလုပ်ချင်တော့သလိုဖြစ်လာတဲ့အခိုက်အတန့်တွေရှိလာတာပဲဖြစ်ပါတယ်။

*ဝမ်းနည်းပူဆွေးခြင်း
ကိုယ်ချစ်ရတဲ့သူနဲ့ ကွေကွင်းတဲ့အခါမှာ ဝမ်းနည်းပူဆွေးခြင်းတွေကအဆက်မပြတ်ဝင်ရောက်လာတတ်ပါတယ်။ဒီလိုဝမ်းနည်းပူဆွေးမှုတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဒါတွေကကိုယ့်စိတ်ကိုအနိုင်ယူသွားပြီး အချိန်ပြည့်တစိမ့်စိမ့်ပြန်တွေးပြီးဝမ်းနည်းလာမယ်။ဘာမှမလုပ်ချင်မကိုင်ချင်တော့ပဲ
အလွယ်တကူလက်လျော့တတ်လာမယ်။နောက်ဆုံးစိတ်ဓာတ်တွေပါကျလာတတ်ပါတယ်။

*မမျှော်လင့်ထားတဲ့အပြောင်းအလဲတွေကြုံတွေ့ရခြင်း
ဘဝဆိုတာ တသမတ်တည်းတော့ သွားနေမှာမဟုတ်ပါဘူး။ဒါကိုလက်ခံတတ်ဖို့လိုပါတယ်။ကိုယ်က ဒီလိုပဲပုံမှန်သွားနေကျဆိုပေမဲ့ ဘယ်အချိန်မှာဘယ်လိုအပြောင်းအလဲတွေကြုံရမလဲဆိုတာမသိနိုင်ပါဘူး။မထင်မှတ်ထားပဲသစ္စာဖောက်ခံလိုက်ရတာ၊အဆင်ပြေနေတဲ့စီးပွားရေးက တစ်ရက်တစ်မနက်ဆိုသလိုထိုးကျသွားတာစတဲ့အပြောင်းအလဲတွေက စိတ်ဖိစီးမှုတွေဖြစ်လာစေတာပဲဖြစ်ပါတယ်။

*ဥပေက္ခာပြုခံရခြင်း၊အထီးကျန်ဆန်ခြင်း
သူငယ်ချင်းတွေဆီကပစ်ပယ်ခံရတဲ့အခါ၊မိသားစုဆီက ပစ်ပယ်ခံရတဲ့အခါ တစ်ယောက်တည်းဖြစ်နေတယ်ဆိုတဲ့အထီးကျန်စိတ်က ဖြည်းဖြည်းချင်းဝင်ရောက်လာတတ်ပါတယ်။အချိန်ကြာလာလေ ငါတစ်ယောက်တည်းဆိုတဲ့စိတ်က လွှမ်းမိုးသွားလေပါ။အဲ့ဒီလိုအချိန်ကာလတွေမှာရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေက နာကျင်မှုတွေ၊စိတ်ဖိစီးမှုတွေအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။

*ကိုယ့်ကိုယ်ကိုယ်ချစ်စိတ်နည်းပါးခြင်း
ကိုယ့်ကိုယ့်ကိုယ်ချစ်စိတ်နည်းပါးတယ်ဆိုတာ တစ်ခုခုဆို ငါမကောင်းလို့၊ငါအရည်အချင်းမရှိလို့၊ငါရုပ်ဆိုးလို့၊ငါမတော်လို့စသဖြင့် မကောင်းမြင်စိတ်တွေပဲကိုယ့်ကိုယ့်ကိုယ်မြင်တာမျိုးပါ။ဒီလိုမကောင်းမြင်တဲ့စိတ်မျိုးဟာ ကိုယ့်စိတ်ကိုယ်ပြန်သတ်နေသလိုပါပဲ။အမြဲတမ်းနောက်မှာပဲနေနေကျလူဟာ
အရှေ့ကိုသွားဖို့ဘယ်တော့မှမဝံ့ရဲသလိုမျိုးပါပဲ သူများတွေအောင်မြင်နေချိန် ကိုယ့်မှာတော့ ကျဆုံးမှုတွေနဲ့ပဲရင်ဆိုင်နေရတယ်။အဲ့ဒီအခါ စိတ်အားငယ်မှုတွေဖြစ်လာပြီး စိတ်ဓာတ်ကျဆင်းမှုအစပြုလာတာပါပဲ။

စိတ်ဖိစီးမှုများတယ်။Depression ဝင်တယ်ဆိုတာ ကျန်းမာရေးအရပဲကြည့်ကြည့်၊အလုပ်ကိစ္စအရပဲကြည့်ကြည့် အဆင်ပြေမှုဆိုတာမရှိပါဘူး။ဒါကြောင့်စိတ်ဖိစီးမှုတွေ နည်းနည်းဝင်လာပြီဆိုတာနဲ့ အမြန်ဆုံးဖယ်ရှားပစ်ဖို့ မမေ့ပါနဲ့။

211 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.