စိတ်ကူးယဉ်သမားတစ်ယောက်ဟာ သူ့ရဲ့လူမသိသူမသိဘ၀လေးကနေလွတ်မြောက်ပြီး သူရဲကောင်းတွေ၊
စိတ်ကူးယဉ်ချစ်ဇာတ်လမ်းတွေ၊ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ စိတ်ကူးထဲကကမ္ဘာသစ်ကို
ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူနဲ့သူ့လုပ်ဖေါ်ကိုင်ဖက်တို့နှစ်ဦး အလုပ်ပြုတ်ဖို့လမ်းစမြင်လာတော့
သာမန်မဟုတ်တဲ့ စွန့်စားခန်းတွေ ပြည့်နှက်နေတဲ့ကမ္ဘာပါတ်ခရီးစဉ်ကိုစတင်ပါတော့တယ်။
The Secret Life of Walter Mitty ဟာနာမည်ကြီးဟာသသရုပ်ဆောင် Ben Stiller
ကိုယ်တိုင်ဒါရိုက်တာလုပ်ထားတာဖြစ်ပြီး စွန့်စားခန်း၊ဟာသနဲ့ ဒရာမာ ရသပေါင်းစုံပါဝင်ပါတယ်။ အဓိကသရုပ်ဆောင်
Walter Mitty နေရာမှာတော့ Ben Stiller ကိုယ်တိုင်ပါဝင်ထားပြီး အခြားသရုပ်ဆောင်တွေကတော့ Kristen
Wiig, Jon Daly, Kathryn Hahn တို့ဖြစ်ကြပါတယ်။
Ref:imdb
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။