သွားတိုက်ဆေးထဲဆားထည့်ပြီးတိုက်တဲ့အခါ ဘယ်လိုကောင်းကျိုးတွေရှိလာနိုင်သလဲ…
Unicode
သွားတိုက်ဆေးပေါ်မှာ ဆားထည့်တိုက်တယ်ဆိုတာကို အစောထဲကကြားဖူးပြီးသားသူလည်းရှိနိုင်သလို အခုမှပထမဦးဆုံးကြားဖူးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆားဆိုတဲ့အရာကတော့သိတဲ့အတိုင်းပဲ တော်တော်များများနေရာတွေမှာ အသုံးဝင်တဲ့ဆေးတစ်လက်ဆိုလည်းမမှားပါဘူး။ ဆိုတော့ အခုတစ်ခါမှာလည်းသွားတိုက်ရင်းသွားတိုက်ဆေးပေါ် ဆားထည့်တိုက်တာဟာဘယ်လိုအကျိုးပြုနိုင်လည်းဆိုတာဝေမျှပေးလိုက်ပါတယ်။
သွားတိုက်ဆေးတိုင်းပဲတိုက်လည်း အညစ်ကြေးကင်းစင်သလောက်ကင်းစေပါတယ်။ ဒါပင်မဲ့ဆားထည့်တိုက်တာကြောင့် အပေါ်ယံအညစ်အကြေးတင်မကပဲ သွားချေးတွေ ၀ါနေတဲ့သွားတွေကို ဖြူစင်စေပါတယ်။ နောက်တစ်ခုကသွားနဲ့ခံတွင်းပတ်ဝန်းကျင်က Bacteria တွေကို ယူပစ်သလိုသက်သာပျောက်ကင်းစေနိုင်ပြီး ခံတွင်းကျန်းမာရေးကိုများစွာအထောက်အကူပြုစေပါတယ်။ နောက်တစ်ခုက ဆားမှာပါတဲ့ ဆားငန်ဓာတ်တွေကြောင့့်သွားဖုံးပေါ်မှာပေါက်တတ်တဲ့ အနာတွေ၊ အာသီးမှာဖြစ်တတ်တဲ့အပူတွေကိုလည်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့်သိပ်ခက်ခက်ခဲခဲမဟုတ်တဲ့ လွယ်လွယ်ကူကူအိမ်သုံးဆားလေးကို မနက်သွားတိုက်တိုင်းသွားတိုက်ဆေးပေါ်ထည့်ပြီးတိုက်ပေးခြင်းဖြင့်ဖြူစင်တောက်ပတဲ့သွားတွေနဲ့ကျန်းမာတဲ့ခံတွင်းကိုပိုင်ဆိုင်နိုင်စေမှာပါ…
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.