ရွားေစာင္းလက္ပတ္ရဲ ႔တမူထူးျခားအသံုး၀င္တဲ႔ေဆးဖက္၀င္နည္းလမ္းမ်ား

ရွားေစာင္းလက္ပတ္ဟာ ေစ်းသက္သက္သာသာနဲ႔၀ယ္ယူလုိ႔ရသလို အိမ္မွာလည္းအလြယ္တကူစုိက္ပ်ိဳးထားလုိ႔ရတဲ႔အပင္တစ္မ်ိဳးပါ။အလွအပအတြက္လည္းသံုးလုိ႔ရသလို ေဆး၀ါးတစ္ခုအျဖစ္လည္းသံုးလုိ႔ရလို႔ မရွိမျဖစ္ပါပဲ။ရွုားေစာင္းလက္ပတ္နဲ႔ပတ္သက္လို႔ ေတာ္ေတာ္မ်ားမ်ားက အလွအပနဲ႔ပတ္သက္ျပီးပဲ သိတာမ်ားပါတယ္။ဒါေၾကာင့္ အခုရွားေစာင္းကုိ ေဆးဖက္၀င္အပင္အျဖစ္ဘယ္လိုသံုးလဲ ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

*အရုိးအဆစ္နာက်င္မႈမ်ားအတြက္ ေဆးတစ္လက္

ရွားေစာင္းလက္ပတ္မွာ glucosamine လုိ႔ေခၚတဲ႔အင္ဇုိင္းဓာတ္တစ္မ်ိဳးပါ၀င္တာေၾကာင့္ ရွားေစာင္းလက္ပတ္အႏွစ္ကုိအရိုးအဆစ္ေပၚမွာျဖည္းျဖည္းခ်င္းလိမ္းေပးရင္ နာက်င္မႈ၊ေယာင္ယမ္းမႈကုိေလ်ာ့က်လာေစပါတယ္။အရုိးအဆစ္ေတြနာက်င္တဲ႔အခါ ရွားေစာင္းလက္ပတ္ကုိသတိတရလိမ္းေပးၾကည့္ပါ။

*အညိဳအမည္းစြဲနာက်င္မႈေတြကုိေပ်ာက္ကင္းေစတယ္

တစ္ခုခုနဲ႔တုိက္မိလို႔ ဒူးေခါင္းအညိဳအမဲစြဲသြားတယ္၊လက္ေတြေရာင္ကုိင္းျပီးအကြက္လုိက္ညိဳမဲေနတယ္။ဒီလုိဒဏ္ရာအနာတရျဖစ္တဲ႔အခါ ရွားေစာင္းလက္ပတ္အႏွစ္ကုိ ဒဏ္ရာတစ္၀ုိက္လိမ္းက်ံေပးပါ။ရွားေစာင္းမွာပါတဲ႔ဗီတာမင္ေအနဲ႔ဗီတာမင္အီးေၾကာင့္ အနာက်က္ျမန္ေစျပီးေရာင္ရမ္းမႈကုိေလ်ွာ့ခ်ေပးပါတယ္။အမာရြတ္လည္းမက်န္ေစပါဘူး။

*အစာအိမ္အတြက္ ေဆး၀ါးေကာင္း
ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ဟာ အစာအိမ္နဲ႔ပတ္သက္လုိ႔ ၀မ္းမွန္ေစတယ္။အစာေျခစနစ္ေကာင္းမြန္ေစတယ္။ဗုိက္ေအာင့္ဗုိက္နာျခင္းမျဖစ္ေစပါဘူးတဲ႔။ရွားေစာငး္လက္ပတ္မွာ ဘတ္တီးရီးယားပုိးေတြတုိုက္ဖ်က္ႏုိင္တဲ႔အစြမ္းထက္ဓာတ္ေတြပါ၀င္လုိ႔ အစာအိမ္အတြင္း အလုပ္လုပ္ေဆာင္ပံုကုိ ပံုမွန္ျဖစ္ေအာင္ထိန္းသိမ္းေပးပါတယ္။ေန႔တုိင္းရွားေစာင္းလက္ပတ္ေဖ်ာ္ရည္တစ္ခြက္ေသာက္ေပးရင္ ကုိယ္ခံစြမ္းအားကုိျမွင့္တင္ေပးလို႔ မၾကာခဏဖ်ားနာျခင္း၊ေနထုိင္မေကာင္း၊မအီမသာျဖစ္ျခင္းေတြကေန ကာကြယ္ေပးႏုိင္ပါတယ္။

*အေရျပားနီျမန္းမႈနဲ႔၀က္ျခံေတြကုိေလ်ွာ့ခ်ေပးတယ္

အေရျပားနီျမန္းမႈနဲ႔၀က္ျခံေတြဆုိတာလည္းခႏၶာကုိယ္အတြင္းအဂၤါအစိတ္အပုိင္းေတြလုပ္ေဆာင္ပံုမမွန္ကန္တာေၾကာင့္ပါ။အစားအေသာက္မ်ွတေအာင္မစားျဖစ္ဘူး၊ေရမ်ားမ်ားမေသာက္ျဖစ္ဘူး၊အပူအစပ္အငန္ေလ်ွာ့မစားျဖစ္ဘူးစတဲ႔အခ်က္ေတြကုိရွားေစာင္းလက္ပတ္ေဖ်ာ္ရည္နဲ႔ ေခ်ဖ်က္ႏုိင္ပါတယ္။ရွားေစာင္းလက္ပတ္အႏွစ္စားပဲြတင္ဇြန္းတစ္ဇြန္းကုိေရတစ္ဖန္ခြက္၊သံပုရာသီးစိတ္ေလးအနည္းငယ္ညွစ္ျပီးပံုမွန္ေသာက္ေပးမယ္ဆုိရင္ အေရျပားနီျမန္းမႈကုိေလ်ွာ့ခ်ေပးႏုိင္သလို ၀က္ျခံေတြကုိလည္းေလ်ာ့ပါးလာေစပါတယ္။ခႏၶာကုိယ္အတြင္းမွာသန္႔စင္မွ မ်က္ႏွာလည္းၾကည္လင္၀င္းပမွာပါ။မ်က္ႏွာကုိလည္း တစ္ပတ္ကုိ ၂ခါ ၃ခါေလာက္ရွားေစာင္းလက္ပတ္နဲ႔ေပါင္းတင္ေပးရင္ပုိျပီးေကာင္းမြန္ေစပါတယ္။

*သြားနဲ႔ခံတြင္းအတြက္ေကာင္းမြန္ေစတယ္

ရွားေစာင္းလက္ပတ္ကုိ သြားနဲ႔ခံတြင္းအတြက္သံုးေပးႏုိင္ပါတယ္။ေလ့လာခ်က္ေတြအရ ရွားေစာင္းလက္ပတ္ဟာ သင္ရဲ႔ ခံတြင္းကုိ သန္႔စင္ေပးႏုိင္သလုိ ခံတြင္းထဲမွာရွိတဲ႔ပုိးမႊားေတြကုိလည္းကင္းရွင္းေစတဲ႔ သဘာ၀ဓာတ္ပစၥည္းေတြအမ်ားၾကီးပါ၀င္ေနပါတယ္။သြားကုိက္သြားနာတာမ်ိဳးလည္းမျဖစ္ေစပါဘူး။တစ္ရက္ကုိတစ္ၾကိမ္ ရွားေစာင္းလက္ပတ္အရည္နဲ႔ ခံတြင္းကုိသန္႔စင္ေပးရင္ထူးျခားတဲ႔ရလဒ္ကုိျမင္ေတြ႔ရမွာပါ။

*စိတ္ဖိစီးမႈေတြကုိတုိက္ထုတ္ေပးျပီး ဦးေႏွာက္မွတ္ဥာဏ္ေကာင္းမြန္ေစတဲ႔ သဘာ၀ေဆး
Nutritional Neuroscience ရဲ႔ ေလ့လာခ်က္အရၾကြက္ေတြနဲ႔စမ္းသပ္ၾကည့္တဲ႔အခါ ရွားေစာင္းလက္ပတ္ဟာ စိတ္ဖိစီးမႈ၊စိတ္ဓာတ္က်ဆင္းမႈေတြကုိေလ်ွာ့ခ်ေပးႏုိင္ျပီး သင္ယူမႈစြမ္းရည္တုိးတက္ေကာင္းမြန္လာေစတယ္လုိ႔ေတြ႔ရွိလာရပါတယ္။ၾကြက္ေတြနဲ႔စမ္းသပ္ၾကည့္ျပီးတဲ႔ေနာက္ ေလ့လာခ်က္ေတာ္ေတာ္မ်ားမ်ားအရ ဒီသက္ေရာက္မႈအက်ိဳးေက်းဇူးဟာ လူသားေတြလည္းအလားတူရရွိတယ္လုိ႔ ေတြ႔ရွိလာခဲ႔ပါတယ္။ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ကုိ တစ္ေန႔တစ္ခြက္ေသာက္ေပးရင္
သိသာတဲ႔ရလဒ္တစ္ခုျမင္ေတြ႔ရမွာအေသအခ်ာပါပဲ။

Unicode

ရှားစောင်းလက်ပတ်ဟာ စျေးသက်သက်သာသာနဲ့ဝယ်ယူလို့ရသလို အိမ်မှာလည်းအလွယ်တကူစိုက်ပျိုးထားလို့ရတဲ့အပင်တစ်မျိုးပါ။အလှအပအတွက်လည်းသုံးလို့ရသလို ဆေးဝါးတစ်ခုအဖြစ်လည်းသုံးလို့ရလို့ မရှိမဖြစ်ပါပဲ။ရှုားစောင်းလက်ပတ်နဲ့ပတ်သက်လို့ တော်တော်များများက အလှအပနဲ့ပတ်သက်ပြီးပဲ သိတာများပါတယ်။ဒါကြောင့် အခုရှားစောင်းကို ဆေးဖက်ဝင်အပင်အဖြစ်ဘယ်လိုသုံးလဲ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*အရိုးအဆစ်နာကျင်မှုများအတွက် ဆေးတစ်လက်

ရှားစောင်းလက်ပတ်မှာ glucosamine လို့ခေါ်တဲ့အင်ဇိုင်းဓာတ်တစ်မျိုးပါဝင်တာကြောင့် ရှားစောင်းလက်ပတ်အနှစ်ကိုအရိုးအဆစ်ပေါ်မှာဖြည်းဖြည်းချင်းလိမ်းပေးရင် နာကျင်မှု၊ယောင်ယမ်းမှုကိုလျော့ကျလာစေပါတယ်။အရိုးအဆစ်တွေနာကျင်တဲ့အခါ ရှားစောင်းလက်ပတ်ကိုသတိတရလိမ်းပေးကြည့်ပါ။

*အညိုအမည်းစွဲနာကျင်မှုတွေကိုပျောက်ကင်းစေတယ်

တစ်ခုခုနဲ့တိုက်မိလို့ ဒူးခေါင်းအညိုအမဲစွဲသွားတယ်၊လက်တွေရောင်ကိုင်းပြီးအကွက်လိုက်ညိုမဲနေတယ်။ဒီလိုဒဏ်ရာအနာတရဖြစ်တဲ့အခါ ရှားစောင်းလက်ပတ်အနှစ်ကို ဒဏ်ရာတစ်ဝိုက်လိမ်းကျံပေးပါ။ရှားစောင်းမှာပါတဲ့ဗီတာမင်အေနဲ့ဗီတာမင်အီးကြောင့် အနာကျက်မြန်စေပြီးရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။အမာရွတ်လည်းမကျန်စေပါဘူး။

*အစာအိမ်အတွက် ဆေးဝါးကောင်း
ရှားစောင်းလက်ပတ်ဖျော်ရည်ဟာ အစာအိမ်နဲ့ပတ်သက်လို့ ဝမ်းမှန်စေတယ်။အစာခြေစနစ်ကောင်းမွန်စေတယ်။ဗိုက်အောင့်ဗိုက်နာခြင်းမဖြစ်စေပါဘူးတဲ့။ရှားစောငး်လက်ပတ်မှာ ဘတ်တီးရီးယားပိုးတွေတိုုက်ဖျက်နိုင်တဲ့အစွမ်းထက်ဓာတ်တွေပါဝင်လို့ အစာအိမ်အတွင်း အလုပ်လုပ်ဆောင်ပုံကို ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပေးပါတယ်။နေ့တိုင်းရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက်သောက်ပေးရင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးလို့ မကြာခဏဖျားနာခြင်း၊နေထိုင်မကောင်း၊မအီမသာဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

*အရေပြားနီမြန်းမှုနဲ့ဝက်ခြံတွေကိုလျှော့ချပေးတယ်

အရေပြားနီမြန်းမှုနဲ့ဝက်ခြံတွေဆိုတာလည်းခန္ဓာကိုယ်အတွင်းအင်္ဂါအစိတ်အပိုင်းတွေလုပ်ဆောင်ပုံမမှန်ကန်တာကြောင့်ပါ။အစားအသောက်မျှတအောင်မစားဖြစ်ဘူး၊ရေများများမသောက်ဖြစ်ဘူး၊အပူအစပ်အငန်လျှော့မစားဖြစ်ဘူးစတဲ့အချက်တွေကိုရှားစောင်းလက်ပတ်ဖျော်ရည်နဲ့ ချေဖျက်နိုင်ပါတယ်။ရှားစောင်းလက်ပတ်အနှစ်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရေတစ်ဖန်ခွက်၊သံပုရာသီးစိတ်လေးအနည်းငယ်ညှစ်ပြီးပုံမှန်သောက်ပေးမယ်ဆိုရင် အရေပြားနီမြန်းမှုကိုလျှော့ချပေးနိုင်သလို ဝက်ခြံတွေကိုလည်းလျော့ပါးလာစေပါတယ်။ခန္ဓာကိုယ်အတွင်းမှာသန့်စင်မှ မျက်နှာလည်းကြည်လင်ဝင်းပမှာပါ။မျက်နှာကိုလည်း တစ်ပတ်ကို ၂ခါ ၃ခါလောက်ရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပေးရင်ပိုပြီးကောင်းမွန်စေပါတယ်။

*သွားနဲ့ခံတွင်းအတွက်ကောင်းမွန်စေတယ်

ရှားစောင်းလက်ပတ်ကို သွားနဲ့ခံတွင်းအတွက်သုံးပေးနိုင်ပါတယ်။လေ့လာချက်တွေအရ ရှားစောင်းလက်ပတ်ဟာ သင်ရဲ့ ခံတွင်းကို သန့်စင်ပေးနိုင်သလို ခံတွင်းထဲမှာရှိတဲ့ပိုးမွှားတွေကိုလည်းကင်းရှင်းစေတဲ့ သဘာဝဓာတ်ပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။သွားကိုက်သွားနာတာမျိုးလည်းမဖြစ်စေပါဘူး။တစ်ရက်ကိုတစ်ကြိမ် ရှားစောင်းလက်ပတ်အရည်နဲ့ ခံတွင်းကိုသန့်စင်ပေးရင်ထူးခြားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

*စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ပေးပြီး ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေတဲ့ သဘာဝဆေး

Nutritional Neuroscience ရဲ့ လေ့လာချက်အရကြွက်တွေနဲ့စမ်းသပ်ကြည့်တဲ့အခါ ရှားစောင်းလက်ပတ်ဟာ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျဆင်းမှုတွေကိုလျှော့ချပေးနိုင်ပြီး သင်ယူမှုစွမ်းရည်တိုးတက်ကောင်းမွန်လာစေတယ်လို့တွေ့ရှိလာရပါတယ်။ကြွက်တွေနဲ့စမ်းသပ်ကြည့်ပြီးတဲ့နောက် လေ့လာချက်တော်တော်များများအရ ဒီသက်ရောက်မှုအကျိုးကျေးဇူးဟာ လူသားတွေလည်းအလားတူရရှိတယ်လို့ တွေ့ရှိလာခဲ့ပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့တစ်ခွက်သောက်ပေးရင်သိသာတဲ့ရလဒ်တစ်ခုမြင်တွေ့ရမှာအသေအချာပါပဲ။

687 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.