သီချင်းလေးဆိုပြပြီး Kang Daniel ကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ပရိသတ်အချစ်တော်ကလေးမလေး





ကဲ ၅နှစ်အရွယ်ကလေးမလေး သူချစ်တဲ့အဆိုတော်ကောင်လေးကို ဘယ်လိုလက်ထပ်ခွင့်တောင်းလဲကြည့်လိုက်ပါဦး

Unicode

“The Return of Superman” အစီအစဉ်ကနေတစ်ဆင့် ပရိသတ်ဆီက အချစ်တွေရလာတဲ့ ငါးနှစ်အရွယ်ကလေးမလေး SeolA ဟာ သူမ သဘောကျတဲ့အဆိုတော်ချောချောလေးကို လက်ထပ်ခွင့်တောင်းခဲ့ပါသတဲ့။သူ ဘယ်သူ့ကိုလက်ထပ်ခွင့်တောင်းခဲ့တာပါလိမ့်?

အောက်တိုဘာ ၂၅ရက်နေ့က ‘Daebak Channel’ ကနေ SeolA တစ်ယောက် Wanna One အဖွဲ့ဝင် Kang Daniel ကိုလက်ထပ်ခွင့်တောင်းနေတဲ့ ချစ်စရာဗီဒီယိုလေး တင်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ SeolAက မင်းသမီးဝတ်စုံလေးဝတ်ထားပြီး Kang Daniel အတွက် ရည်ရွယ်တဲ့ သီချင်းလေးဆိုပြခဲ့တာမြင်တွေ့ရပါတယ်။”I’m going to marry the ‘Pick Me’ uncle. ‘Pick Me’ uncle, you didn’t forget me, did you? I’m going to marry the ‘Pick Me’ uncle and give birth to Sian.” ဆိုတဲ့သီချင်းလေးဆိုပြခဲ့တာပါ။သူမလေးက Kang Daniel ကို တအားသဘောကျပြီး သူနဲ့လက်ထပ်ချင်ပါတယ်တဲ့။

ပြီးခဲ့တဲ့နွေရာသီတုန်းက Kang Daniel ၊ Yoon Ji Sung နဲ့ Park Ji Hoon တို့က ‘Superman is Back’ အစီအစဉ်မှာပါဝင်ခဲ့ပြီး ဒီအမြွာညီအစ်မလေးနဲ့တွေ့ဆုံခဲ့တာ ပဲဖြစ်ပါတယ်။SeolA လေးက အသက် ၅နှစ်သာရှိသေးပြီး Lee Soo Ah ဆိုတဲ့အမြွာညီအစ်မလေးလည်းရှိပါတယ်။

ကဲ ၅နှစ်အရွယ်ကလေးမလေး သူချစ်တဲ့အဆိုတော်ကောင်လေးကို ဘယ်လိုလက်ထပ်ခွင့််တောင်းလဲကြည့်လိုက်ပါဦး

284 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.