နမ်းခံနီးမှခံတွင်းအနံ့ဆိုးကြောင့်ယုံကြည်မှုလျော့နည်းသွားတာမျိုးဖြစ်ဘူးကြလား…














Unicode

ခံတွင်းရနံ့ဆိုတာ လူုတစ်ယောက်အတွက်အရေးကြီးတဲ့အရာထဲကတစ်ခုပါပဲ။ နေ့စဉ်နေထိုင်ရာမှာ လူအများကြားပြောဆိုဆက်ဆံရင်းခံတွင်းအနံ့ဆိုးရင်လည်း အဆင်မပြေသလို ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်းခံတွင်းရနံ့မကောင်းတာဟာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက်ဆိုးဝါးတဲ့ရောဂါတစ်ခုပါပဲ။ သမီးရည်းစားချစ်သူ တွေ၊ ကိုယ့် ချစ်ရသူ တွေနဲ့ ချစ်စဖွယ်နမ်းရှုံ့အကြင်နာပေးတဲ့အခါလည်း ဒီလိုဆိုးဝါးတဲ့အနံ့ကြောင့် ယုံကြည်မှုရှိရှိ ခံစားချက်ကောင်းကောင်းနဲ့ဆက်ဆံနိုင်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်တင်မကပဲ ကိုယ်နဲ့ထိတွေ့ဆက်ဆံပြောဆိုတဲ့သူ၊ အတွက်ပါအနှောက်ယှက်ဖြစ်စေတဲ့ ခံတွင်းရနံ့ဆိုးကို မဖြစ်အောင်ဘာတွေလုပ်သင့်သလဲဆိုတဲ့နည်းနာအနည်းငယ်ကိုမျှဝေပေးလိုက်ပါတယ်….

(၁) မနက်တစ်ခါညတစ်ခါသွားပုံမှန်တိုက်ပါ

သွားတိုက်တာပဲ ဘာဆန်းလို့မထင်လိုက်ပါနဲ့။ သွားတိုက်တာမဆန်းပင်မဲ့ ပေါ့ပေါ့လျော့လျော့နဲ့အိပ်ခံနီးသွားတိုက်ဖို့ကိုမေ့နေကြတဲ့သူတွေအများကြီးပါပဲ။ သွားကိုတစ်နေ့မှနှစ်ကြိမ်အနည်းဆုံးမတိုက်ရင်တော့သင့်ရဲ့ခံတွင်းမှာနောက်ပိုင်းအနံ့ဆိုးတစ်ခုကပုံမှန်ရှိနေပါလိမ့်မယ်။

(၂) ရေနွေးနဲ့ဆားကိုသုံးပြီးပလုတ်ကျင်းပါ

ရေနွေးနဲ့စားကိုသုံးပြီး ပလုတ်ကျင်းကျင်းပေးပါ ။ ဒီနည်းကသင့်ရဲ့ ခံတွင်းအတွင်းထဲမှာရှိတဲ့ အောင်းနေတဲ့အနံ့ဆိုးတွေ၊ Bacteria တွေကို ကင်းစင်စေပါတယ်။

(၃) တစ်ပတ်မှာနှစ်ခါ ဆား(သို့) သွားတိုက်ဆေးမှုန့်လိုအရာမျိုးနဲ့တိုက်ပါ

တစ်ပတ်မှာနှစ်ခါ ဆား(သို့) သွားတိုက်ဆေးမှုန့်လိုအရာမျိုးကိုသုံးပြီးတိုက်ပေးခြင်းကသွေးချေးတွေကိုသန့်စင်စေနိုင်ပြီး ခံတွင်းကိုအေးစေကာ အနံ့ဆိုးတွေကိုယူပစ်သလိုဖယ်ရှားပေးနိုင်ပါတယ်။

(၄) နှိုက်နှိုက်ချွတ်ချွတ်တိုက်ဖို့ဝန်မလေးပါနဲ့

သွားတိုက်ရာမှာအပေါ်ယံဖြူစင်ဖို့ရယ်မဟုတ်ပဲစနစ်တကျနဲ့သွားအတွင်းဘက်တွေ ထောင့်တွေ အောက်တွေ နေရာစုံအောင်တိုက်ဖို့တော့လိုပါတယ်။

(၅) အစားစာတစ်ခုခုစားပြီးတိုင်းပလုတ်ကျင်းပါ

အစားစားပြီးတိုင်း သွားမတိုက်ရင်တောင်ပလုတ်ကျင်းတတ်တဲ့အလေ့ကျင့်လေးကို လုပ်ပါ။

(၆) တစ်စုံတစ်ခုသွားကြားထဲညပ်သွားတဲ့အခါ မျိုးမှာ အချိန်ကြာကြာ ကြီးအောင်းမထားပါနဲ့

တစ်ခါတစ်လေမုန့်တစ်ခုခုစားရင်းနဲ့မတော်တဆသွားကြားညပ်သွားတာမျိုးရှိပါတယ်။ ဒီလိုအခြေနေမှာညပ်နေတဲ့အရာကိုဖယ်မထုတ်ပဲအချိန်တော်တော်ကြာပစ်ထားရင် သွားကြားထဲကအစာကြောင့်အနံ့သက်ဆိုးဝါးစေနိုင်တဲ့အပြင်သွားကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.