ဖီဖာရွှေဘောလုံးဆုအခမ်းနားမှာ ဘရာဇီးလ်မင်းသမီး Presenter လုပ်မယ်ဆိုတော့ အီရန်နိုင်ငံသားတွေ စိတ်ညစ်သွားတာ ဘာကြောင့်များဖြစ်မလဲ

news_a_25.jpg

၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ(၁၃)ရက်နေ့ကျရင် ပြုလုပ်သွားမယ့် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုပေးပွဲ အခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဘရာဇီးလ်မော်ဒယ်လ်မင်းသမီးချော ဖာနန်ဒါလီမာက တာဝန် ယူသွားမယ်လို့ သတင်းထွက်လာခဲ့ချိန်မှာ “ဟိုက် . .သွားပြန်ပဟ”ဆိုပြီး ကိုယ့်နဖူးကိုယ် ရိုက်ကြမယ့်သူတွေ ကတော့ အီရန်နိုင်ငံအတွင်းက ဘောလုံးဝါသနာရှင်ပရိသတ်များဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စု ပွဲစဉ်များ မဲခွဲခြင်းအခမ်းအနားကို ကျင်းပခဲ့စဉ်အခါကလည်း ဖာနန်ဒါလီမာပဲ တာဝန်ယူခဲ့သေးပြီး Sexy ကျလွန်း တဲ့ သူမရဲ့အ၀တ်အစားကြောင့် အီရန်အာဏာပိုင်များက မဲခွဲပွဲကိုဆက်လွှင့်မပြုခဲ့ကြဘဲ နိုင်ငံတွင်းမှာ ဖြတ်ပစ် ခဲ့ကြဖူးပါတယ်။ ဖီဖာရွှေဘောလုံးဆုပေးပွဲအခမ်းအနားကို ဘောလုံးဝါသနာအိုးတိုင်း မလွတ်တမ်းကြည့်ချင်ကြ တာကြောင့် ဖာနန်ဒါလီမာရဲ့ ဆွဲဆောင်မှုတွေကြောင့် နောက်တစ်ခါထပ်ပိတ်ပစ်မယ့်အရေး သူတို့လည်းတွေး ပူခဲ့ကြမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ဖာနန်ဒါက ပြီးခဲ့တဲ့အဖြစ်အပျက်ကို သင်ခန်းစာယူပြီးတော့ လာမယ့် ဇန်န၀ါရီ(၁၃)ရက်ကျရင် အားလုံးအဆင်ပြေစေရပါမယ်လို့ ဂတိပေးလာခဲ့ပါပြီ။

“ဖြစ်ခဲ့တာတွေအတွက် ကျွန်မတောင်းပန်ပါတယ်။ဘယ်နိုင်ငံကိုမှ စော်ကားဖို့မရည်ရွယ်ခဲ့ပါဘူး။ သူတို့ရဲ့ ယဉ် ကျေးမှု ၊ နိုင်ငံသားတွေကိုလည်း အပါအ၀င်ပေါ့။ အခုတော့ သင်ခန်းစာယူလိုက်နိုင်ပါပြီ။ ဒါကြောင့်လည်း လာ မယ့် ဖီဖာရွှေဘောလုံးအခမ်းအနားမှာ ၀တ်ဆင်မယ့် အ၀တ်အစားကို သေသေချာချာရွေးချယ်သွားပါတော့ မယ်”လို့ ဖာနန်ဒါလီမာက ပြောသွားခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ အီရန်နိုင်ငံက ဘောလုံးဝါသနာရှင်ပရိသတ် များအတွက် စိတ်ချလက်ချစောင့်ဆိုင်းပြီး ဘယ်သူရမလည်းဆိုတာ တိုက်ရိုက်ကြည့်ရှုခွင့်ရတော့မှာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.