“Game Night” ဇာတ်ကားလေးက ယူတို့အကြိုက်တွေ့မှာအမှန်ပဲ…
Unicode
ဒီတစ်ခါတော့ အားလပ်ရက်မှာကြည့်ရှုနိုင်မယ့်ဇာတ်ကားကောင်းလေးတစ်ကား ပြန်လည်ညွှန်းပေးချင်ပါတယ်။၂၀၁၈ မှာထွက်ရှိထားတဲ့ Game Night ဆိုတဲ့ဇာတ်ကားလေးပါ။
ဒီဇာတ်ကားဟာ ဟာသနဲ့စိတ္တဇဆန်ဆန်ပြစ်မှုတွေအကြောင်းရောနှောရိုက်ကူးထားတာဖြစ်ပြီး Jason Bateman နဲ့ Rachel McAdams တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Billy Magnussen ၊ Sharon Horgan ၊ Lamorne Morris ၊ Kylie Bunbury ၊ Jesse Plemons ၊ Michael C. Hall နဲ့ Kyle Chandler တို့ကပံ့ပိုးကူညီသရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းပုံစံလေးက ဂိမ်းဆိုအရူးအမူးစွဲလန်းယှဉ်ပြိုင်ရတာဝါသနာပါတဲ့ ၀ါသနာတူနှစ်ယောက် Max နဲ့ Annie တို့ဟာ လက်ထပ်ဖြစ်ခဲ့ကြပြီး လက်ထပ်ပြီးတဲ့နောက်မှာလည်း သူငယ်ချင်းတွေနဲ့ တစ်ပတ်ကိုတစ်ခါသူငယ်ချင်းတွေနဲ့ဂိမ်းကစားယှဉ်ပြိုင်လေ့ရှိပါတယ်။သူတို့မှာ Gary ဆိုတဲ့
အိမ်နီးချင်းတစ်ယောက်ရှိပြီးအိမ်ထောင်ကွဲတစ်ယောက်ပါ။Max နဲ့ Annie တို့က Gary နဲ့ဂိမ်းကစားဖို့သိပ်ပြီးဆန္ဒမရှိတဲ့အတွက် သူ့ကို အကြောင်းအမျိုးမျိုုးနဲ့ဂိမ်းပွဲထဲကိုဝင်ပါခွင့်မပေးခဲ့ပါဘူး။တစ်ရက်မှာတော့ Max ရဲ ့အစ်ကို Brooks ရောက်လာပြီး ဂိမ်းတစ်ခုကိုဦးဆောင်ကစားဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီဂိမ်းဟာ ထူးဆန်းသလို Max တို့စုံတွဲတစ်ခါမှမကစားဖူးသေးတဲ့ပုံစံတစ်မျိုးပါ။ဒီဂိမ်းကိုကစားရင်း ကြုံလာရတဲ့ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေ၊အိမ်နီးချင်း Gary နဲ့ ပတ်သက်လာတဲ့ ဆက်စပ်မှုတွေကို စိတ်ဝင်တစား၊စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ဘတ်ဂျက် ဒေါ်လာ ၃ရသန်းနဲ့ရိုက်ကူးထားတာဖြစ်ပြီး တစ်ကမ္ဘာလုံးဝင်ငွေ ၁၁၇.၅ သန်းပြန်လည်ရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီတော့ ပရိသတ်တွေကြည့်ရတာတန်မယ်ဆိုတာ ပြောဖို့တောင်မလိုတော့ဘူးနော်။Trailer လေး ကြည့်လိုက်ပါဦး
89 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.