ခင်ပွန်းဖြစ်သူသိပ်ချစ်တတ်ပုံကိုကြွားလိုက်တဲ့ မင်းသမီးချော Ku Hye Sun
https://www.instagram.com/p/BpLSdWYhbn8/?utm_source=ig_embed
Unicode
F4 မင်းသမီးအဖြစ်နာမည်ကြီးလာခဲ့တဲ့ တောင်ကိုရီးယားမင်းသမီးချော Ku Hye Sun ဟာ ခင်ပွန်းဖြစ်သူရိုမန်တစ်ဆန်ပုံကို ကြွားလိုက်တယ်ဆိုရမလား <3
အောက်တိုဘာ ၂၁ရက်နေ့က သူမရဲ့အင်စတာဂရမ်မှာ လက်ထပ်လက်စွပ်ပုံလေးကိုတင်ခဲ့ပါတယ်။Caption ကတော့ “ဒီဇိုင်နာ Ahn Jae Hyn ရဲ ့ ပန်းပွင့်ပုံဒီဇိုင်းလက်ထပ်လက်စွပ်လေး”ဆိုပြီးရေးခဲ့တာပါ။ခင်ပွန်းဖြစ်သူ Ahh Jae Hyun က လက်ထပ်လက်စွပ်ကိုတောင် ပန်းပွင့်ပုံစံပုံဖော်ပြီး
အထူးစပါယ်ရှယ်ဒီဇိုင်းဆွဲပေးထားတာဖြစ်ပါတယ်။လက်ထပ်ခွင့်တောင်းတုန်းကလည်း ပန်းလှလှလေးတွေဝိုင်းရံထားပြီးတောင်းခဲ့တာဆိုပဲ။ဘယ်လိုတောင်ရိုလဲမေးး။အခုဆိုရင် သူတို့ဇနီးမောင်နှံက ရင်သွေးလေးတောင်ပိုင်ဆိုင်ထားရပါပြီ။
မင်းသမီးချော Ku Hye Sun နဲ့ မင်းသား Ahn Jae Hyun ဟာ ၂၀၁၆ တုန်းက သီးသန့်မင်္ဂလာပွဲသေးလေးကျင်းပခဲ့ကြတာဖြစ်ပါတယ်။မင်္ဂလာရက်မြတ်လေးမှာ သူတို့မင်္ဂလာပွဲအတွက်ကုန်ကျမယ့်ငွေ၊ဟန်းနီးမွန်းခရီးထွက်ရင်ကုန်ကျမယ့်ငွေတွေကို ကလေးဆေးရုံတစ်ခုကိုသွားရောက်လှူဒါန်းခဲ့
တယ်လို့လည်းသိရပါတယ်။သိပ်မကြာခင်မှာ “Newlywed Diary” ဆိုတဲ့ reality show ကို နှစ်ယောက်သားရိုက်ကူးဖြစ်ပါမယ်တဲ့။ကြည်နူးစရာကောင်းတဲ့သူတို့ဇနီးမောင်နှံပုံရိပ်လေးတွေကြည့်လိုက်ပါဦး
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.