My ID ေအာင္ျမင္မႈအထိမ္းအမွတ္အျဖစ္ ဖိလစ္ပုိင္ကုိအလည္အပတ္သြားၾကျပန္တဲ႔ သူတုိ႔…

“My ID Is Gangnam Beauty” ဇာတ္လမ္းတြဲရဲ ႔ on-screen couple အျဖစ္နာမည္ၾကီးတဲ႔ Im Soo Hyang နဲ႔ Cha Eun Woo တုိ႔ဟာ ဖိလစ္ပုိင္ကုိ အတူတူခရီးထြက္သြားၾကတယ္လုိ႔သိရပါတယ္။

ႏွစ္ေယာက္တည္းေတာ့မဟုတ္ပါဘူးေနာ္  “My ID Is Gangnam Beauty”ဇာတ္လမ္းတြဲေအာင္ျမင္မႈေၾကာင့္ ဆုလာဘ္အျဖစ္ ဇာတ္လမ္းတြဲရုိက္ကူးတဲ႔လုပ္ေဖာ္ကုိင္ဖက္ေတြ၊အဖြဲ႔သားေတြအားလံုး ဖိလစ္ပုိင္နုိင္ငံ၊Cebu ျမိဳ႔ကုိ ခရီးထြက္ခြင့္ရခဲ႔တာပဲျဖစ္ပါတယ္။

သူတုိ႔ႏွစ္ေယာက္ကလြဲလို႔ က်န္တဲ႔အဖြဲ႔သားေတြ၊လုပ္ေဖာ္ကုိင္ဖက္ေတြက ေအာက္တိုဘာ ၁၉ရက္ေန႔လည္ထဲက Cebu ျမိဳ႔ကုိေရာက္ေနတာပါ။သူတုိ႔ႏွစ္ေယာက္ကေတာ့ ည ၁၁ခြဲေလာက္မွ ေလဆိပ္ကုိေရာက္ရွိတယ္လုိ႔သိရပါတယ္။

ေအာက္တိုဘာ ၁၉ရက္ေန႔က မင္းသမီး Im Soo Hyang ဟာ သူမရဲ ႔အင္စတာဂရမ္မွာ Cha Eun Woo နဲ႔အတူေလယာဥ္ေပၚမွာရိုက္ထားတဲ႔ဗီဒီယုိေလးနဲ႔ဓာတ္ပံုေလးကုိတင္ခဲ့ပါတယ္။ျပီးေတာ့ “Cebu ျမိဳ႔ကေန မၾကာခင္ျပန္လာခဲ႔ပါမယ္။Kyung Seok ( Cha Eun Woo) မွာအင္စတာဂရမ္အေကာင့္မရွိလုိ႔ သူ႔အစား ကြ်န္မပဲ ဓာတ္ပံုေတြတင္ေပးသြားမွာပါ။ဒီခရီးကုိသြားခြင့္ရတာလည္း ပရိသတ္ေတြရဲ႔ေက်းဇူးေၾကာင့္ပါပဲ၊ေက်းဇူးအမ်ားၾကီးတင္ပါတယ္”ဆုိျပီးေရးသားခဲ႔ပါေသးတယ္။ဇာတ္လမ္းတြဲေအာင္ျမင္မႈအထိမ္းအမွတ္အျဖစ္ ေလးညအိပ္ ငါးညခရီးလိုက္ပုိ႔ေပးခဲ႔ၾကတာျဖစ္ပါတယ္။ေအာက္တိုဘာ ၂၃ ရက္ေန႔မွ ဆုိးလ္ျမိဳ႔ကုိျပန္ၾကမွာပါ။

https://www.instagram.com/p/BpHNrw5nlVG/?utm_source=ig_embed

Im Soo Hyang တင္ထားတဲ႔ဗီဒီယုိထဲမွာ ႏွစ္ေယာက္သားပရိသတ္ေတြကုိ ႏႈတ္ဆက္ေနတာျမင္ေတြ႔ရပါတယ္။ခ်စ္စရာေကာင္းျပီးလုိက္ဖက္တဲ႔စံုတြဲေလးအျဖစ္ပရိသတ္ေတြက အသိအမွတ္ျပဳအားေပးၾကတဲ႔သူတုိ႔ႏွစ္ေယာက္ရဲ ႔ပံုရိပ္ေလးေတြကုိလည္း အလြမ္းေျပျပန္လည္ေဖာ္ျပေပးလုိက္ပါတယ္။

https://www.instagram.com/p/BnaEO5jHR9S/?taken-by=hellopapa11

Unicode

“My ID Is Gangnam Beauty” ဇာတ်လမ်းတွဲရဲ ့ on-screen couple အဖြစ်နာမည်ကြီးတဲ့ Im Soo Hyang နဲ့ Cha Eun Woo တို့ဟာ ဖိလစ်ပိုင်ကို အတူတူခရီးထွက်သွားကြတယ်လို့သိရပါတယ်။

နှစ်ယောက်တည်းတော့မဟုတ်ပါဘူးနော်  “My ID Is Gangnam Beauty”ဇာတ်လမ်းတွဲအောင်မြင်မှုကြောင့် ဆုလာဘ်အဖြစ် ဇာတ်လမ်းတွဲရိုက်ကူးတဲ့လုပ်ဖော်ကိုင်ဖက်တွေ၊အဖွဲ့သားတွေအားလုံး ဖိလစ်ပိုင်နိုင်ငံ၊Cebu မြို့ကို ခရီးထွက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကလွဲလို့ ကျန်တဲ့အဖွဲ့သားတွေ၊လုပ်ဖော်ကိုင်ဖက်တွေက အောက်တိုဘာ ၁၉ရက်နေ့လည်ထဲက Cebu မြို့ကိုရောက်နေတာပါ။သူတို့နှစ်ယောက်ကတော့ ည ၁၁ခွဲလောက်မှ လေဆိပ်ကိုရောက်ရှိတယ်လို့သိရပါတယ်။

အောက်တိုဘာ ၁၉ရက်နေ့က မင်းသမီး Im Soo Hyang ဟာ သူမရဲ ့အင်စတာဂရမ်မှာ Cha Eun Woo နဲ့အတူလေယာဉ်ပေါ်မှာရိုက်ထားတဲ့ဗီဒီယိုလေးနဲ့ဓာတ်ပုံလေးကိုတင်ခဲ့ပါတယ်။ပြီးတော့ “Cebu မြို့ကနေ မကြာခင်ပြန်လာခဲ့ပါမယ်။Kyung Seok ( Cha Eun Woo) မှာအင်စတာဂရမ်အကောင့်မရှိလို့ သူ့အစား ကျွန်မပဲ ဓာတ်ပုံတွေတင်ပေးသွားမှာပါ။ဒီခရီးကိုသွားခွင့်ရတာလည်း ပရိသတ်တွေရဲ့ကျေးဇူးကြောင့်ပါပဲ၊ကျေးဇူးအများကြီးတင်ပါတယ်”ဆိုပြီးရေးသားခဲ့ပါသေးတယ်။ဇာတ်လမ်းတွဲအောင်မြင်မှုအထိမ်းအမှတ်အဖြစ် လေးညအိပ် ငါးညခရီးလိုက်ပို့ပေးခဲ့ကြတာဖြစ်ပါတယ်။အောက်တိုဘာ ၂၃ ရက်နေ့မှ ဆိုးလ်မြို့ကိုပြန်ကြမှာပါ။

Im Soo Hyang တင်ထားတဲ့ဗီဒီယိုထဲမှာ နှစ်ယောက်သားပရိသတ်တွေကို နှုတ်ဆက်နေတာမြင်တွေ့ရပါတယ်။ချစ်စရာကောင်းပြီးလိုက်ဖက်တဲ့စုံတွဲလေးအဖြစ်ပရိသတ်တွေက အသိအမှတ်ပြုအားပေးကြတဲ့သူတို့နှစ်ယောက်ရဲ ့ပုံရိပ်လေးတွေကိုလည်း အလွမ်းပြေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.