သွေးဆောင့်တိုးလာတဲ့အခါအမြန်အဆန်ကုသနည်းလေးတွေက


(၁) အချဉ်တစ်ခုခုစားပါ










Unicode

သွေးတိုးရောဂါဆိုတာ မထင်ရင်မထင်သလို ထထဖောက်တတ်တဲ့ အန္တရာယ်များတဲ့ရောဂါတစ်ခုပါပဲ။ မထင်ထားတဲ့အချိန်မှာစိတ်ခံစားချက်အရပဲဖြစ်ဖြစ် တစ်ခုခုကြောင့်သွေးဆောင့်တိုးတက်လာတဲ့အခါ သွေးတိုးလွန်ပြီး အသက်အန္တရာယ်ထိပါးစေတဲ့အထိမဖြစ်စေဖို့ အမြန်အဆန်ကုသနည်းလေးတစ်ချို့ကိုဝေမျှလိုက်ပါတယ်…

(၁) အချဉ်တစ်ခုခုစားပါ

သွေးတိုးတာကိုအကျနိုင်ဆုံးပါ အချဉ်ပါပဲ ၊ သွေးတိုးလို့ ဘာလုပ်ရမှန်းမသိတဲ့အခြေနေတစ်ခုမှာ အချဉ်တစ်ခုခုကို ပါးစပ်ထဲငုံထားလိုက်တာကသင့်အတွက် သွေးတိုးခြင်းကို လျော့ချပေးနိုင်ပါတယ်။

(၂) ငြိမ်ငြိမ်လေးနေခိုင်းပါ(စိတ်ရောလူပါ)

သွေးဆောင့်တိုးပြီဆိုရင် ဖြေးဖြေးလေးနဲ့ငြိမ်ငြိမ်လေး ထိုင်နေဖို့လိုပါတယ်။ သွေးဆောင့်တိုးနေတဲ့အချိန်မှာ လှုပ်လှုပ်ရှားရှားပြင်းပြင်းထန်ထန်လုပ်မိရင် အသက်သေဆုံးတာမျိုးအထိဖြစ်သွားနိုင်စေပါတယ်။

(၃) ရှူးစရာဆေးတစ်ခုခုဆောင်ထားပါ

အမူးမောပြေရှူးစရာတစ်ခုခုပေးထားပါ။ ရှူးဆေးလိုအရာမျိုးက သွေးတိုးသွေးတက်နေတဲ့အချိန်မှာ ခဏတာပဲဖြစ်ဖြစ် ထိန်းထားပေးနိုင်ပါတယ်။

(၄) ပုံမှန်သောက်နေကျသွေးကျဆေးကိုသွားလေရာယူသွားပါ

ဆရာဝန်ညွှန်ကြားထားတဲ့ပုံမှန်သောက်နေကျသွေးကျဆေးကိုဆောင်ထားပါ။ အရေးကြောင်းဖြစ်လာလို့သွေးဆောင့်တိုးပြီဆိုရင် ဒီဆေးလေးကို ဘယ်နေရာရောက်ရောက်အလွယ်တကူသောက်နိုင်ပါစေ။

(၅) ရေနွေးပူပူလေးထဲသံပုရာသီးညှစ်သောက်ချပါ

ရေနွေးပူပူလေးထဲကို သံပုရာသီးညှစ်ပြီး သောက်လိုက်ပါ။ သွေးဆောင့်တိုးနေရာကနေချက်ချင်းဆိုသလို လျော့ကျသွားပါလိမ့်မယ်။ သံပုရာသီးကသွေးတိုးရောဂါအတွက်အကောင်းဆုံး ဆေးတစ်လက်ဆိုလည်းမမှားပါဘူး။

872 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.